သတင်း တည်ပင်ဆိပ်ရွာတွင် စစ်ကောင်စီတပ် သတ်ဖြတ်စွန့်ပစ်ထားသည့် ရုပ်အလောင်းနှင့် မီးရှို့ထားသည့် အလောင်း (၈)လောင်းတွေ့ ယနေ့ (ဩဂုတ် ၃၁ ရက်)တွင် မောတုံ နှင့် ပေပင်ချောင်ရွာတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မှာ မောတုံရွာ နှင့် ပေပင်ချောင်ရွာတို့အား မီးစတင်ရှို့နေကြောင်း အသိပေးထား သည်။ LuduNwayOoဩဂုတ် 31, 2022
သတင်း စစ်ကိုင်းနယ် တောင်ကြားရွာကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လေကြောင်းမှပစ်ခတ်ပြီး ရွာကိုမီးထပ်ရှို့နေ စစ်ကောင်စီတပ်များနှင့် ပျူစောထီးများသည် ဩဂုတ် ၂၉ ရက်ကလည်း တောင်မြို့ကျေးရွာနှင့် တောင်ကြားရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နှစ်ရွာပေါင်း အိမ်ခြေ ၁၆၇လုံး မီးလောင်ပျက်စီးခဲ့သည်။ LuduNwayOoဩဂုတ် 31, 2022
သတင်း စစ်ကိုင်းမြို့နယ် တောင်ကြားရွာကို စစ်ကောင်စီတပ်နှင့်ပျူများ မီးရှို့ဖျက်ဆီး၍ နေအိမ် ၁၃၀ ပြာကျ "မနက်ပိုင်းက တောင်မြို့ကျေးရွာကို မီးရှို့တယ်။ နေ့လယ်ပိုင်းမှာ တောင်ကြားရွာကို ရှို့တယ်။ နှစ်ရွာကလည်း သိပ်မဝေးဘူး။ တစ်ရက်တည်းနှစ်ရွာဆက်တိုက် အရှို့ခံရတာပါ။"ဟု စစ်ကိုင်းနယ်ခံတစ်ဦးက ပြောသည်။ LuduNwayOoဩဂုတ် 30, 2022
သတင်း မှိုရှာထွက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး တစ်ဦးသေဟုဆို အဆိုပါ စစ်ကောင်စီတပ်အား (၃)ရက်ကြာ ကင်းပုန်းဝပ်ကာ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပုလဲတပ်ရင်း - ၁ (Royal Eagle PDF)က ဆိုသည်။ LuduNwayOoဩဂုတ် 30, 2022
သတင်း စစ်ကိုင်းနယ် တောင်မြို့ရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီး လူငယ်တစ်ဦးကို သတ်ဖြတ်သွား ထို့နောက် မီးရှို့ဖျက်ဆီးမှုကြောင့် တောင်မြို့ကျေးရွာရှိ နေအိမ် ၃၇လုံး မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။ LuduNwayOoဩဂုတ် 29, 2022
သတင်း စစ်ကောင်စီအဖွဲ့ တစ်နိုင်ငံလုံး အိမ်ခြေ သုံးသောင်းနီးပါး မီးရှို့ဖျက်ဆီးရာ စစ်ကိုင်းတိုင်းက နေအိမ် နှစ်သောင်းကျော်ပါဝင် စစ်ကိုင်းတိုင်းတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိသည့်အနက် ၃၁ မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု Data for Myanmar က သတင်းထုတ်ပြန်သည်။ LuduNwayOoဩဂုတ် 28, 2022
သတင်း စစ်ကိုင်းနှင့် မကွေးတိုင်းအစပ် လေးရက်တာတိုက်ပွဲ စစ်ကောင်စီတပ် ၁၃ ဦးသေ၊ ပြည်သူ့ရဲဘော်လေးဦး ကျဆုံး နယ်မြေစိုးမိုးမှုနှင့်လုံခြုံရေးအရတိုက်ပွဲ ဖြစ်စဥ်နေရာကို PRA က မဖော်ပြသေးပေ။ထို့အပြင်လက်ရှိအချိန်ထိလည်း တိုက်ပွဲမှာ တင်းမာနေဆဲ ဟု ဆိုသည်။ LuduNwayOoဩဂုတ် 26, 2022
သတင်း ဒီပဲယင်းနယ် မူးကမ်းကြီးရွာရှိ မီးဘေးသင့်ပြည်သူများကို မဟာမိတ်အင်အားစု (KURDAF) သွားရောက်လှူဒါန်း မူးကမ်းကြီးရွာ လက်တလောလိုအပ်မှူအခြေအနေနှင့် ပတ်သက်၍ KURDAF တာဝန်ရှိသူက "အစားအသောက်အတွက် အဓိက ဆန်လိုအပ်တာပါပဲ။"ဟု ပြောသည်။ LuduNwayOoဩဂုတ် 26, 2022
သတင်း ရေစကြိုနယ်ရှိ မီးရှို့ခံရသည့်ကျေးရွာများအား စစ်ကိုင်းတိုင်း PDFများ သွားရောက်လှူဒါန်း သြဂုတ်အတွင်း စစ်ကောင်စီတပ်က ရေစကြိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ နေအိမ်များအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၈၀၀ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့သည်။ LuduNwayOoဩဂုတ် 23, 2022
သတင်း ကချင်နှင့် စစ်ကိုင်းဒေသထွက် ကျောက်စိမ်းကို စစ်ကောင်စီ လေကြောင်းမှ သယ်ယူနေ ယခုရက်ပိုင်းတွင် ကလေးမြို့လေဆိပ်မှ ခရီးသည်နှင့် ကုန်တင်လေယာဥ် တစ်နေ့ ငါးစီးခန့် နေ့စဥ်ထွက်ခွာနေပြီး ကျောက်စိမ်းသယ်နေခြင်းဟု ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 22, 2022