Connect with us

Hi, what are you looking for?

သတင်း

ပျူခေါင်းဆောင်၏ လယ်စိုက်ပေးရန် ကောက်စိုက်သမများအား ခြိမ်းခြောက်စေခိုင်းသည့် ရာအိမ်မှူးပစ်သတ်ခံရ

ပျူစောထီးပစ်ခတ်ခံရသည့် တက်တူရွာသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှု အားကောင်းရာ ရွာတစ်ရွာဖြစ်ပြီး မီးရှို့ဖျက်ဆီးမှုများလည်း ခံခဲ့ရဖူးသည်။

(ပစ်ခတ်ရှင်းလင်းခံခဲ့ရသော ပျူစောထီးသန်းထိုက်ဆိုသူအား တွေ့ရစဥ်။ ဓာတ်ပုံ-C&T Shweboo)
(ပစ်ခတ်ရှင်းလင်းခံခဲ့ရသော ပျူစောထီးသန်းထိုက်ဆိုသူအား တွေ့ရစဥ်။ ဓာတ်ပုံ-C&T Shweboo)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကောက်စိုက်သမများအား ပျူစောထီးခေါင်းဆောင်၏ လယ် မစိုက်မနေရ လယ်ကူစိုက်ပေးရန် လက်နက်ပြခြိမ်းခြောက်စေခိုင်းခဲ့သည်ဟုဆိုသူ စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာ ၂ ရက်က ရွှေဘိုမြို့နယ် တက်တူကျေးရွာရှိ စစ်ကောင်စီခန့် ရာအိမ်မှူး ပျူစောထီးအဖွဲ့ဝင် လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီသတင်းပေးဆိုသူ သန်းထိုက်အား အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ရှင်းလင်းသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သန်းထိုက်ဟာ ကျေးရွာနေ ပြည်သူများကို လက်နက်ကိုင်ပြီး အမျိုးမျိုးဒုက္ခပေး၊ ဘေးရွာတွေမှာလည်း စကစတွေနဲ့ လမ်းပြ လိုက်သူလည်းဖြစ်ပါတယ်။ တစ်ဆက်ထဲမှာ ပလိုင်းကျေးရွာ ပျူခေါင်းဆောင် ဖိုးနိုင်ရဲ့ လယ်ခွင်လာရောက်ပြီး စကစများနှင့်အတူ ကျေးရွာနေ ပြည်သူ ကောက်စိုက်သမများကို မလိုက်မနေ မစိုက်မနေရ ခြိမ်းခြောက်‌ခေါ်ဆောင်ရာမှာလည်း ပါဝင် လိုက်ပါလာခဲ့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည့်အတွက် ရှင်းလင်းခဲ့တာပါ။”ဟု C&T Shwebo အဖွဲ့က ပြောသည်။

အဆိုပါ ဖြစ်စဥ်အား မဟာမိတ် C&T SHWEBO (LPDF)၊ငါးမည်ရ ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းမာန်-ရွှေဘို(LPDF)၊ ဗိုလ်ကျားရိုင်း ရွှေဘို (LPDF)၊ SHWEBO FEDERRL ARmy၊ရွှေဘို စွန်ရဲ(LPDF)၊ SNAKE EYES (LPDF). MDF – ShweBo၊ ဇေယျာသွေး ကျားရိုင်း(LPDF) ဇာမဏီဒေါင်း. ALPHR 7 (LPDF). BO BA TAW (LPDF). SBO ဗိုလ်မြင်းပျံ(LPDF) စသည့်အဖွဲ့များက တော်လှန်ရေးရဲဘော်များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

သေဆုံး ပျူအလောင်းအား ပန်းလှိုင်ရွာ(ခ)ပလိုင်းရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အိမ်စီးကားတစ်စီး၊ ဆိုင်ကယ်(၄)စီးဖြင့် အလောင်းအားလာကောက်စဉ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

ပျူစောထီးပစ်ခတ်ခံရသည့် တက်တူရွာသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှု အားကောင်းရာ ရွာတစ်ရွာဖြစ်ပြီး မီးရှို့ဖျက်ဆီးမှုများလည်း ခံခဲ့ရဖူးသည်။

ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များအား ဒေသတွင်းအဖွဲ့များက ခုခံတော်လှန်တိုက်ခိုက်နေကြပြီး သြဂုတ်လကုန်ပိုင်းကလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲရာ ကျေးရွာနှစ်ရွာထက်မနည်း ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။