Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပျူခေါင်းဆောင်၏ လယ်စိုက်ပေးရန် ကောက်စိုက်သမများအား ခြိမ်းခြောက်စေခိုင်းသည့် ရာအိမ်မှူးပစ်သတ်ခံရ

ပျူစောထီးပစ်ခတ်ခံရသည့် တက်တူရွာသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှု အားကောင်းရာ ရွာတစ်ရွာဖြစ်ပြီး မီးရှို့ဖျက်ဆီးမှုများလည်း ခံခဲ့ရဖူးသည်။

(ပစ်ခတ်ရှင်းလင်းခံခဲ့ရသော ပျူစောထီးသန်းထိုက်ဆိုသူအား တွေ့ရစဥ်။ ဓာတ်ပုံ-C&T Shweboo)
(ပစ်ခတ်ရှင်းလင်းခံခဲ့ရသော ပျူစောထီးသန်းထိုက်ဆိုသူအား တွေ့ရစဥ်။ ဓာတ်ပုံ-C&T Shweboo)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ကောက်စိုက်သမများအား ပျူစောထီးခေါင်းဆောင်၏ လယ် မစိုက်မနေရ လယ်ကူစိုက်ပေးရန် လက်နက်ပြခြိမ်းခြောက်စေခိုင်းခဲ့သည်ဟုဆိုသူ စစ်ကောင်စီခန့်ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာ ၂ ရက်က ရွှေဘိုမြို့နယ် တက်တူကျေးရွာရှိ စစ်ကောင်စီခန့် ရာအိမ်မှူး ပျူစောထီးအဖွဲ့ဝင် လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီသတင်းပေးဆိုသူ သန်းထိုက်အား အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ရှင်းလင်းသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သန်းထိုက်ဟာ ကျေးရွာနေ ပြည်သူများကို လက်နက်ကိုင်ပြီး အမျိုးမျိုးဒုက္ခပေး၊ ဘေးရွာတွေမှာလည်း စကစတွေနဲ့ လမ်းပြ လိုက်သူလည်းဖြစ်ပါတယ်။ တစ်ဆက်ထဲမှာ ပလိုင်းကျေးရွာ ပျူခေါင်းဆောင် ဖိုးနိုင်ရဲ့ လယ်ခွင်လာရောက်ပြီး စကစများနှင့်အတူ ကျေးရွာနေ ပြည်သူ ကောက်စိုက်သမများကို မလိုက်မနေ မစိုက်မနေရ ခြိမ်းခြောက်‌ခေါ်ဆောင်ရာမှာလည်း ပါဝင် လိုက်ပါလာခဲ့သည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည့်အတွက် ရှင်းလင်းခဲ့တာပါ။”ဟု C&T Shwebo အဖွဲ့က ပြောသည်။

အဆိုပါ ဖြစ်စဥ်အား မဟာမိတ် C&T SHWEBO (LPDF)၊ငါးမည်ရ ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းမာန်-ရွှေဘို(LPDF)၊ ဗိုလ်ကျားရိုင်း ရွှေဘို (LPDF)၊ SHWEBO FEDERRL ARmy၊ရွှေဘို စွန်ရဲ(LPDF)၊ SNAKE EYES (LPDF). MDF – ShweBo၊ ဇေယျာသွေး ကျားရိုင်း(LPDF) ဇာမဏီဒေါင်း. ALPHR 7 (LPDF). BO BA TAW (LPDF). SBO ဗိုလ်မြင်းပျံ(LPDF) စသည့်အဖွဲ့များက တော်လှန်ရေးရဲဘော်များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

သေဆုံး ပျူအလောင်းအား ပန်းလှိုင်ရွာ(ခ)ပလိုင်းရွာ၌တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများက အိမ်စီးကားတစ်စီး၊ ဆိုင်ကယ်(၄)စီးဖြင့် အလောင်းအားလာကောက်စဉ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

ပျူစောထီးပစ်ခတ်ခံရသည့် တက်တူရွာသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှု အားကောင်းရာ ရွာတစ်ရွာဖြစ်ပြီး မီးရှို့ဖျက်ဆီးမှုများလည်း ခံခဲ့ရဖူးသည်။

ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များအား ဒေသတွင်းအဖွဲ့များက ခုခံတော်လှန်တိုက်ခိုက်နေကြပြီး သြဂုတ်လကုန်ပိုင်းကလည်း စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲရာ ကျေးရွာနှစ်ရွာထက်မနည်း ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။