Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းနယ်တွင် စစ်ကောင်စီတပ်၏ စီးနင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၇ဦးအပါအဝင် သေဆုံးသူ ၁၃ဦးထိရှိလာဟု ဒေသခံပြော

ထိုသို့ စီးနင်းတိုက်ခိုက်မှုကြောင့် အရွယ်ရောက် ပြီးသူ ၆ဦး၏ ရုပ်အလောင်းများ တွေ့ရပြီး ဒဏ်ရာရ ကလေးငယ်များနှင့် ဆရာဆရာမများကို စစ်ကောင်စီတပ်ကရေဦးဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်မှုအတွင်း စာသင်ကြားနေသော ကလေးငယ်တစ်ဦး​၏ ကျောပိုးအိတ်တစ်လုံး ကျန်ခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)
(စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်မှုအတွင်း စာသင်ကြားနေသော ကလေးငယ်တစ်ဦး​၏ ကျောပိုးအိတ်တစ်လုံး ကျန်ခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)

▪️ကလေးငယ် ၇ဦးကို ယနေ့သင်္ဂြိုလ်ပြီး အလောင်းများဖျောက်ဖျက်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာတွင်စာသင်နေသည့် ကျောင်းသားကလေးငယ်များကို စစ်ကောင်စီတပ်က ယမန်နေ့တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကျောင်းသား ကလေးငယ် လေးဦးနေရာတွင် သေဆုံးပြီး ဒဏ်ရာရ ကလေးငယ် သုံးဦးဆေးရုံ၌ ထပ်မံသေဆုံး၍ စုစုပေါင်း ကလေးငယ် ၇ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဒီပဲယင်းဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ခိုက်ရေးရဟတ်ယာဉ်များ အပါအဝင် ရဟတ်ယာဉ် လေးစီးဖြင့် လက်ယက်ကုန်းရွာနှင့်အနီးတဝိုက်ကို စက်တင် ဘာ ၁၆ရက် နေ့လည်ပိုင်း၌ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ စီးနင်းတိုက်ခိုက်မှုကြောင့် အရွယ်ရောက် ပြီးသူ ၆ဦး၏ ရုပ်အလောင်းများ တွေ့ရပြီး ဒဏ်ရာရ ကလေးငယ်များနှင့် ဆရာဆရာမများကို စစ်ကောင်စီတပ်ကရေဦးဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

” နောက်ဆုံးက ရုပ်အလောင်း ခြောက်လောင်းတွေ့တယ်။ အဲဒါက ပြည်သူတွေ အရွယ်ရောက်ပြီးသား လူတွေပေါ့။ ကလေး လေးယောက် သေတယ်ဆိုတာ အဲဒီမှာ လွှတ်လိုက်တဲ့ ဆရာမတစ်ယောက်က ပြောတာ။ နောက်ပြီးတော့ ကလေးတွေရော ဆရာမတွေရော ဓားစာခံလုပ်ပြီးတော့ ရေဦးဆေးရုံကို ခေါ်သွားတယ်လေ။ ဒဏ်ရာရတာတွေရော။ အဲဒီမှာ ရေဦးဆေးရုံမှာ ကုနေရင်းနဲ့ ထပ်ပြီးတော့ ကလေးတွေ ဆုံးကုန်ကြတယ်။ ဒီနေ့ ၇လောင်း သင်္ဂြိုလ်တယ်တဲ့ သင်္ချိုင်းမှာ။ အဲဒီတော့ ကလေး ၇ယောက်ရှိသွားတာပေါ့” ဟု ဒီပဲယင်းဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေဆုံးခဲ့သည့် ကလေးအလောင်း လေးလောင်းကိုလည်း စစ်ကောင်စီတပ်က ပီနှံအိတ်နှင့်ထုပ်ပြီး အလောင်းယူသွားခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒဏ်ရာရတဲ့ ကလေးတွေခေါ်သွားပြီး ဆေးကုရင်းနဲ့ဆုံးသွားတာ။ လေးယောက်ကတော့ တစ်ခါတည်း အဲဒီမှာတင် ဆုံးတာကို ပီနံအိတ်နဲ့ ထည့်ပြီး သယ်သွားတာပေါ့။ ကလေးအလောင်းတွေကို။ အားလုံးပေါင်း ၁၃ယောက်ပေါ့ အခုအချိန်ထိ” ဟု ဒီပဲယင်းဒေသခံက ပြောသည်။

စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်အပေါ် ထွေထွေထူးထူး မှတ်ချက်မပေးလိုကြောင်း၊ စစ်ကောင်စီတပ်က ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook