Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီပိုင်ယာဥ်လိုင်းများကို တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် အဆိုပါယာဥ်လိုင်းများ လိုက်ပါစီးနင်းခြင်းမပြုရန် စစ်ကိုင်း PDF သတိ​ပေး

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်များအား လမ်းတစ် လျှောက်ရှိ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

(စစ်ကောင်စီ၏ ဦးပိုင်ကုမ္ပဏီပိုင် ရွှေမန်းသူခရီးသည်တင်ယာဥ်တစ်စီးအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)
(စစ်ကောင်စီ၏ ဦးပိုင်ကုမ္ပဏီပိုင် ရွှေမန်းသူခရီးသည်တင်ယာဥ်တစ်စီးအား တွေ့ရစဥ်။ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းတွင် စစ်ကောင်စီပိုင်ယာဥ်လိုင်းများကိုပါ တိုက်ခိုက်မည်ဖြစ်၍ ပြည်သူများအနေဖြင့် အဆိုပါယာဥ်လိုင်းများအား လိုက်ပါစီးနင်းခြင်းမပြုရန် စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးသည်။

မန္တလေး – မုံရွာခရီးစဥ်တွင် ခရီးသွားပြည်သူများအနေဖြင့် စစ်ကောင်စီ၏ စီးပွားရေး ဦးပိုင်လိမီတက်ပိုင် ရွှေမန်းသူယာဥ်လိုင်း၊ ရှမ်းမလေးယာဥ်လိုင်းများဖြင့် လိုက်ပါစီးနင်းခြင်းမပြုရန် မေတ္တာရပ်ခံသတိပေးကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယမန်နေ့ (စက်တင်ဘာ ၈ ရက်) ထုတ်ပြန်သည်။

၎င်းကားများ ခရီးစဥ်လမ်းကြောပေါ်သို့ ရောက်ရှိလာပါက မဟာမိတ်တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်သွားမည်ဖြစ်ကြောင်း PDF စစ်ကိုင်းက သတိပေးသည်။

အဆိုပါ ယာဥ်များဖြင့် မန္တလေး – မုံရွာခရီးစဥ်အား လိုက်ပါစီးနင်းလာပါက တာဝန်ယူမည်မဟုတ်ကြောင်း၊ စီးနင်းသူ၏ တာဝန်သာဖြစ်ပြီး တော်လှန်ရေးအင်အားစုများက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်များအား လမ်းတစ် လျှောက်ရှိ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။