ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် ကသာခရိုင် ချောင်းဝရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ် များ အချိန်းအပြောင်းလုပ်ရန် စုဝေးရောက်ရှိနေပြီး မြို့လှဘက်ပြန်ဝင်လာမည့် တပ်ကိုတိုက်ခိုက် ရန် ပြင်ဆင်စောင့်ကြိုနေသည်ဟု မြို့လှနယ်ရှိ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်(KPDF)က အသိပေးသည်။
စစ်ကောင်စီ၏ ခလရ ၇၇ /ခမရ ၄၁၅/ခလရ ၇၈/ခမရ ၄၁၆ တပ်ရင်း (၄)ဖွဲ့ပေါင်း အင်အား ၁၇၆ ဦးသည် ချောင်းဝရွာ၌ ရှိနေသည်ဟု ဆိုသည်။

မြို့လှ K-PDF တပ်လှုပ်ရှားနယ်မြေအတွင်းရှိ စစ်ကောင်စီတပ်များသည် မြို့လှတပ်နယ်ထဲ နေသည်မှာ ကြာပြီဖြစ်၍ တပ်အချိန်းအပြောင်း လုပ်ရန် စုဝေးရောက်ရှိနေသည်ဟု သိရပြီးတပ်အလွှဲအပြောင်းပြုလုပ်ပြီး ကသာဘက်သို့ ခြေလျင် ဖြင့် ထွက်မည်ဟု သတင်းရထားကြောင်း ဖော်ပြထားသည်။
မြို့လှ K-PDF အနေဖြင့် မြို့လှဘက်ချိန်းပြီးပြန် ဝင်လာမည့် အဖွဲ့ကို တိုက်ခိုက်ရန် ပြင်ဆင်စောင့် ကြိုနေသည်ဟု ဆိုသည်။ ကသာဘက် ဆက်သွားမည့် အဖွဲ့ကို တိုက်ခိုက်ရန် ကသာ၊ မိုးတားလေး၊ မိုးတားကြီး ဘက်ရှိတာဝန်ရှိသူများက ကြိုတင် ပြင်ဆင်ထားကြရန်လည်း ထုတ်ပြန်ထားသည်။

Public Service Announcement
