Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကိုးတောင်ဘို့တိုက်နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်

ကိုးတောင်ဘို့တ်ိုက်နယ် ဇီးကနားနှင့်နှောကုန်းကျေးရွာကို ယနေ့ (စက်တင်ဘာ ၇ရက်) ညနေ ၂ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

​(ဒေသခံများ တိမ်းရှောင်နေရသည့် ကိုးတောင်ဘို့ကျေးရွာတစ်နေရာအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
​(ဒေသခံများ တိမ်းရှောင်နေရသည့် ကိုးတောင်ဘို့ကျေးရွာတစ်နေရာအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

ရဟတ်ယာဥ်နှစ်စီးဖြင့် အင်အားအများအပြားချသွားဟု တော်လှန်ရေးအင်အားစုများ အသိပေး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး ရဟတ်ယာဥ်နှစ်စီးဖြင့် အင်အားအများအပြားချသွားကြောင်း တော်လှန်ရေးအင်အားစုများက အသိပေး ထုတ်ပြန်သည်။

ကိုးတောင်ဘို့တ်ိုက်နယ် ဇီးကနားနှင့်နှောကုန်းကျေးရွာကို ယနေ့ (စက်တင်ဘာ ၇ရက်) ညနေ ၂ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဂျက်ဖိုက်တာတစ်စီးနှင့်လာရောက်၍ နာရီဝက်ကြာပစ်ခတ်ခဲ့ကာ ပုစင်းနှစ်စင်းဖြင့် နှစ်ခေါက်ပြန်၍ ခွေးအင်အား လေးခါ ချသွားသည်”ဟု Kotaungbo Revolution KTB-Rက ထုတ်ပြန်ထားသည်။

စစ်ကောင်စီက နှောကုန်းကျေးရွာ၊လျှော်ဖြူကုန်းနှင့်ဇီကနားရွာအနောက်ဘက်တွင် အင်အား ၁၃၀ခန့်ကို ရဟတ်ယာဥ်ဖြင့် လေးကြိမ်ချသွားခဲ့သည်ဟု Kotaungbo Revolution KTB-Rက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဇီးကနားနှင့်နှောကုန်းရွာသို့ လက်နက်ကြီး၊ လက်နတ်ငယ်များနှင့်ပစ်ခတ်၍ အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ဒေသခံပြည်သူတစ်ချို့သာ ထွက်ပြေးနိုင်ခဲ့ပြီး အများစုမှာ ထွက်ပြေးရန် ပြင်ဆင်ချိန်မရ၍ ပိတ်မိနေသည်ဟုလည်း ထုတ်ပြန်ထားသည်။

“ပြည်သူတွေ ဖမ်းဆီးနှိပ်စက်ခံနေရတယ်လို့ ကြားရတယ်”ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

ယနေ့ညနေ ၆နာရီခန့်အထိ သတင်းအရ စစ်ကောင်စီတပ်သည် ဇီးကနားရွာနှင့်နှောကုန်းရွာထဲတွင် တပ်စွဲထားဆဲဖြစ်သည်။

ကိုးတောင်ဘို့ဒေသတွင် စစ်ကောင်စီတပ် ကျူးကျော် တပ်စွဲထားသည်မှာ ၆လခန့်ကြာမြင့်နေပြီး ဒေသခံလူဦးရေသုံးပုံနှစ်ပုံသည် နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ကိုးတောင်ဘို့​ဒေသသည် စစ်အာဏာရှင်တော်လှန်ရေးအားကောင်းပြီး စစ်ကောင်စီက အင်းအားသုံးတိုက်ခိုက်ခဲ့သည့် ဒေသလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။