Connect with us

Hi, what are you looking for?

သတင်း

ကိုးတောင်ဘို့တိုက်နယ်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်

ကိုးတောင်ဘို့တ်ိုက်နယ် ဇီးကနားနှင့်နှောကုန်းကျေးရွာကို ယနေ့ (စက်တင်ဘာ ၇ရက်) ညနေ ၂ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

​(ဒေသခံများ တိမ်းရှောင်နေရသည့် ကိုးတောင်ဘို့ကျေးရွာတစ်နေရာအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)
​(ဒေသခံများ တိမ်းရှောင်နေရသည့် ကိုးတောင်ဘို့ကျေးရွာတစ်နေရာအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ)

ရဟတ်ယာဥ်နှစ်စီးဖြင့် အင်အားအများအပြားချသွားဟု တော်လှန်ရေးအင်အားစုများ အသိပေး

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး ရဟတ်ယာဥ်နှစ်စီးဖြင့် အင်အားအများအပြားချသွားကြောင်း တော်လှန်ရေးအင်အားစုများက အသိပေး ထုတ်ပြန်သည်။

ကိုးတောင်ဘို့တ်ိုက်နယ် ဇီးကနားနှင့်နှောကုန်းကျေးရွာကို ယနေ့ (စက်တင်ဘာ ၇ရက်) ညနေ ၂ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဂျက်ဖိုက်တာတစ်စီးနှင့်လာရောက်၍ နာရီဝက်ကြာပစ်ခတ်ခဲ့ကာ ပုစင်းနှစ်စင်းဖြင့် နှစ်ခေါက်ပြန်၍ ခွေးအင်အား လေးခါ ချသွားသည်”ဟု Kotaungbo Revolution KTB-Rက ထုတ်ပြန်ထားသည်။

စစ်ကောင်စီက နှောကုန်းကျေးရွာ၊လျှော်ဖြူကုန်းနှင့်ဇီကနားရွာအနောက်ဘက်တွင် အင်အား ၁၃၀ခန့်ကို ရဟတ်ယာဥ်ဖြင့် လေးကြိမ်ချသွားခဲ့သည်ဟု Kotaungbo Revolution KTB-Rက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဇီးကနားနှင့်နှောကုန်းရွာသို့ လက်နက်ကြီး၊ လက်နတ်ငယ်များနှင့်ပစ်ခတ်၍ အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ဒေသခံပြည်သူတစ်ချို့သာ ထွက်ပြေးနိုင်ခဲ့ပြီး အများစုမှာ ထွက်ပြေးရန် ပြင်ဆင်ချိန်မရ၍ ပိတ်မိနေသည်ဟုလည်း ထုတ်ပြန်ထားသည်။

“ပြည်သူတွေ ဖမ်းဆီးနှိပ်စက်ခံနေရတယ်လို့ ကြားရတယ်”ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

ယနေ့ညနေ ၆နာရီခန့်အထိ သတင်းအရ စစ်ကောင်စီတပ်သည် ဇီးကနားရွာနှင့်နှောကုန်းရွာထဲတွင် တပ်စွဲထားဆဲဖြစ်သည်။

ကိုးတောင်ဘို့ဒေသတွင် စစ်ကောင်စီတပ် ကျူးကျော် တပ်စွဲထားသည်မှာ ၆လခန့်ကြာမြင့်နေပြီး ဒေသခံလူဦးရေသုံးပုံနှစ်ပုံသည် နေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ကိုးတောင်ဘို့​ဒေသသည် စစ်အာဏာရှင်တော်လှန်ရေးအားကောင်းပြီး စစ်ကောင်စီက အင်းအားသုံးတိုက်ခိုက်ခဲ့သည့် ဒေသလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။