သတင်း စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်နေ၍ သထုံမြို့နယ်ရှိ ရွာလေးရွာမှ ဒေသခံသုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်ရ စစ်ကောင်စီတပ်သည် ဇွန်လ ၁ရက်မှစကာ လက်နက် ကြီးများဖြင့် နေ့စဉ် အဆက်မပြတ်ပစ်ခတ်နေကြောင်း၊ ထို့ကြောင့် ဝီယော်၊ သုံးအိမ်စု၊ ထုံးဘိုလေး၊ ထုံးဘိုကြီး ရွာများမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။ LuduNwayOoဇွန် 6, 2022
သတင်း ကျိုက်ထိုမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတစ်ချို့ ထွက်ပြေးနေရတယ်လို့ KNU ပြော စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာချိန် မနက် ၈ နာရီအချိန်မှာတော့ မုပ္ပလင်လမ်းဆုံကနေ လက်နက်ကြီး (၁၀)ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ကေအဲန်-ကျိုက်ထိုမြို့နယ် သတင်းဌာနခွဲထံကနေ သိရပါတယ်။ LuduNwayOoဇွန် 6, 2022
သတင်း ဒီးမော့ဆိုမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် အရာရှိအဆင့်အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၁၀ဦးထက်မနည်းရှိဟု KNDF ထုတ်ပြန် တိုက်ပွဲ ဖြစ်စဥ်များအရ ယခုလ ၄ရက်ကစ၍ စစ်ကောင်စီတပ်က ဒေါပိုးစီမှ စစ်ကြောင်းနှစ်ကြောင်းနှင့် ဟိုဖိတ်စိုက်ကွင်းဖက်မှ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း သုံးကြောင်းဖြင့် ဝင်ရောက်လာခဲ့သည်ဟု ဆိုသည်။ LuduNwayOoဇွန် 6, 2022
သတင်း ကနီမြို့နယ်တွင် အင်အား ၈၀ခန့်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို ဗိုလ်နဂါးဦးဆောင်သောတပ်နှင့် PDFတို့ ပူးပေါင်းတိုက်ခိုက်ရာ ၁၅ဦးသေ "အခုက ရန်သူလာမယ့် လမ်းကြောင်းတွေကို ကြိုသိနေပေမယ့်တိုက်ပွဲကို ကြားဖြတ်လောက်ပဲ ကျွန်တော်တို့ တိုက်နိုင်နေတယ်။အဓိကတော့ ကျည်၊ခဲယမ်း မလုံလောက်ဘူးဖြစ်နေတယ်"ဟု DBTF တာဝန်ရှိသူက People's Springသို့ ပြောသည်။ LuduNwayOoဇွန် 6, 2022
သတင်း စစ်ကောင်စီတပ် နတ်ချောင်းရွာကိုငါးကြိမ်မြောက်ဖျက်ဆီး နတ်ချောင်းရွာကို ၂၀၂၁ ဒီဇင်ဘာလမှစ၍အကြမ်းဖက်စစ်ကောင်စီတပ်ကမကြာခဏလာရောက် မီးရှို့ဖျက်ဆီးခြင်းဖြစ်ပြီး ယခုတစ်ကြိမ်နှင့်ဆိုလျှင် ငါးကြိမ်မြောက်ဖြစ်သည်။ ငါးကြိမ်တွင် စုစုပေါင်း အိမ်ခြေ သုံးရာခန့်မီးရှို့ဖျက်ဆီးခံထားရသည်ဟု ဒေသခံများကပြောသည်။ LuduNwayOoဇွန် 6, 2022
သတင်း ကင်းလှည့်နေသည့်စစ်ကောင်စီတပ်ကို ဒီးမော့ဆိုPDF တိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၆ဦးသေ အဆိုပါ တိုက်ခိုက်မှုကို ဒီးမော့ဆို PDF၊ အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်း တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။ LuduNwayOoဇွန် 6, 2022
သတင်း KNLA/BPLA ကင်းပုန်းအဖွဲ့တိုက်ခိုက်၍စစ်ကောင်စီတပ်၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ တိုက်ပွဲတွင်ရန်သူ(၂)ဦးသေဆုံးပြီး(၃)ဦးဒဏ်ရာရကာ ၊ လား(၂)ကောင်သေဆုံးခဲ့ပြီး KNLA/BPLAပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်းလည်းဆက်လက်ဖော်ပြထားသည်။ LuduNwayOoဇွန် 5, 2022
သတင်း ဝီယော်တပ်စခန်းကို KNLA/PDFပူးပေါင်းတပ် သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုများနိုင် ဇွန်လ ၂ရက်ကလည်း ဝီယော်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်။ စစ်ကောင်စီတပ်ကလည်း ထုံးဘိုကြီးနှင့်ထုံးဘိုလေးကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့၍ ဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရသည်။ LuduNwayOoဇွန် 5, 2022
သတင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် အသေအပျောက် မသိရသေး "အဆုံးထိတိုက်မှာဗျ။ (အခက်ခဲဘယ်လောက်ရှိရှိ) ကျွန်တော်တို့ ခေါင်းမခဲဘူး။ PDF တွေများလာပြီ။ ဒီကောင်တွေ အပြင်ထွက်ရဲထွက်လာကြည့် စောင့်ကြည့်ပြီး ဆော်မှာ"ဟု တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်း)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoဇွန် 5, 2022
သတင်း ဖောင်းပြင်မြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးတပ်စွဲထားသည့်နေရာကို PDF များတိုက်ခိုက် ထိခိုက်ကျဆုံးများနေသည် စစ်ကောင်စီတပ်သည် ၎င်းတို့၏ ထိခိုက်ကျဆုံး အခြေအနေကို အမြဲသတင်းထိန်ဝှက်ထားပြီး ကျဆုံးမှုမရှိလေဟန် တပ်တွင်း၌ ဝါဒဖြန့်လေ့ရှိကြောင်း ဖော်ပြထားသည်။ LuduNwayOoဇွန် 5, 2022