Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်စွဲရာ ပျူစောထီးအင်အားကောင်း​သော ကန်နီရွာတွင် မျှော်စင်ပေါ်တက် ကင်းစောင့်နေသည့် ရွာသားတစ်ဦး ပြုတ်ကျသေဆုံး

ရွာပတ်ပတ်လည်ရှိ အပင်မြင့်များပေါ်နှင့် သစ်လုံးအမြင့်များတွင် မျှော်စင်(၆)ခုတည်ဆောက်ထားပြီး ကျေးရွာရှိရွာသားများက နေရောညပါ နေ့စဉ် အလှည့်ကျကင်းစောင့်ပေး​နေရကြောင်း ဒေသခံများက ပြောသည်။

ကန်နီရွာ
ကန်နီရွာ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်​ကောင်စီ တပ်စွဲထားသည့် ပျူစောထီးအင်အားကောင်းရာ ကန်နီကျေးရွာတွင် မျှော်စင်ပေါ်တက် ကင်းစောင့်နေသည့် ရွာသားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ခဲ့ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်က မြိုင်မြို့နယ်၊ ကန်နီကျေးရွာရှိ ရွာသားတစ်ဦးသည် ကင်းစောင့်နေချိန် မျှော်စင်ပေါ်မှ ပြုတ်ကျခဲ့ကြောင်း၊ ဦးနှောက်ထိခိုက်ပြီးနောက် သေဆုံးသွားကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့က သတင်းထုတ်ပြန်သည်။

ကန်နီကျေးရွာသည် ပျူစောထီးအင်းအားကောင်းသည့် ကျေးရွာတစ်ရွာဖြစ်ပြီး စစ်​ကောင်စီတပ်က အထိုင်ချထားသ​ည်။

ရွာပတ်ပတ်လည်ရှိ အပင်မြင့်များပေါ်နှင့် သစ်လုံးအမြင့်များတွင် မျှော်စင်(၆)ခုတည်ဆောက်ထားပြီး ကျေးရွာရှိရွာသားများက နေရောညပါ နေ့စဉ် အလှည့်ကျကင်းစောင့်ပေး​နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း လက်နက်ကိုင်ပျူစောထီးတစ်ဦး မျှော်စင်ပေါ်က ပြုတ်ကျပြီးလက်ကျိုးခဲ့ဖူးကြောင်း၊ ကင်းစောင့်ရန်အမျိုးသားမရှိသည့် အိမ်များနှင့် မစောင့်နိုင်သည့် အိမ်များကို အကြမ်းဖက်စစ်တပ်က ပိုက်ဆံတစ်သောင်းကောက်ခံနေကြောင်း မြိုင်နယ်ခံများက ပြောသည်။

“မြိုင်မှာ ရွာပေါင်း၃၀၀ ကျော်ရှိတဲ့အထဲ ကန်နီနဲ့ သရက်ကန်ကပျူရွာတွေပါ။”လို့ နွေဦးတော်လှန်ရေး-မြိုင်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ကန်နီကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ လာရောက်တိုက်ခိုက်ခဲ့ဖူးပြီး မေလလယ်ပိုင်းကလည်း လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

မြိုင်မြို့နယ်သည် အကြမ်းဖက်စစ်​ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်မှု အားကောင်းသည့် ဒေသတစ်ခုဖြစ်ပြီး ကျေးရွာအမြောက်အများလည်း အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှု ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

Facebook