Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်စွဲရာ ပျူစောထီးအင်အားကောင်း​သော ကန်နီရွာတွင် မျှော်စင်ပေါ်တက် ကင်းစောင့်နေသည့် ရွာသားတစ်ဦး ပြုတ်ကျသေဆုံး

ရွာပတ်ပတ်လည်ရှိ အပင်မြင့်များပေါ်နှင့် သစ်လုံးအမြင့်များတွင် မျှော်စင်(၆)ခုတည်ဆောက်ထားပြီး ကျေးရွာရှိရွာသားများက နေရောညပါ နေ့စဉ် အလှည့်ကျကင်းစောင့်ပေး​နေရကြောင်း ဒေသခံများက ပြောသည်။

ကန်နီရွာ
ကန်နီရွာ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်​ကောင်စီ တပ်စွဲထားသည့် ပျူစောထီးအင်အားကောင်းရာ ကန်နီကျေးရွာတွင် မျှော်စင်ပေါ်တက် ကင်းစောင့်နေသည့် ရွာသားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ခဲ့ကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်က မြိုင်မြို့နယ်၊ ကန်နီကျေးရွာရှိ ရွာသားတစ်ဦးသည် ကင်းစောင့်နေချိန် မျှော်စင်ပေါ်မှ ပြုတ်ကျခဲ့ကြောင်း၊ ဦးနှောက်ထိခိုက်ပြီးနောက် သေဆုံးသွားကြောင်း နွေဦးတော်လှန်ရေး-မြိုင်မြို့က သတင်းထုတ်ပြန်သည်။

ကန်နီကျေးရွာသည် ပျူစောထီးအင်းအားကောင်းသည့် ကျေးရွာတစ်ရွာဖြစ်ပြီး စစ်​ကောင်စီတပ်က အထိုင်ချထားသ​ည်။

ရွာပတ်ပတ်လည်ရှိ အပင်မြင့်များပေါ်နှင့် သစ်လုံးအမြင့်များတွင် မျှော်စင်(၆)ခုတည်ဆောက်ထားပြီး ကျေးရွာရှိရွာသားများက နေရောညပါ နေ့စဉ် အလှည့်ကျကင်းစောင့်ပေး​နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း လက်နက်ကိုင်ပျူစောထီးတစ်ဦး မျှော်စင်ပေါ်က ပြုတ်ကျပြီးလက်ကျိုးခဲ့ဖူးကြောင်း၊ ကင်းစောင့်ရန်အမျိုးသားမရှိသည့် အိမ်များနှင့် မစောင့်နိုင်သည့် အိမ်များကို အကြမ်းဖက်စစ်တပ်က ပိုက်ဆံတစ်သောင်းကောက်ခံနေကြောင်း မြိုင်နယ်ခံများက ပြောသည်။

“မြိုင်မှာ ရွာပေါင်း၃၀၀ ကျော်ရှိတဲ့အထဲ ကန်နီနဲ့ သရက်ကန်ကပျူရွာတွေပါ။”လို့ နွေဦးတော်လှန်ရေး-မြိုင်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ကန်နီကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ လာရောက်တိုက်ခိုက်ခဲ့ဖူးပြီး မေလလယ်ပိုင်းကလည်း လက်နက်ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။

မြိုင်မြို့နယ်သည် အကြမ်းဖက်စစ်​ကောင်စီတပ်ကို ခုခံတော်လှန်တိုက်ခိုက်မှု အားကောင်းသည့် ဒေသတစ်ခုဖြစ်ပြီး ကျေးရွာအမြောက်အများလည်း အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှု ခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။