Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့တွင်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်နေ

“မြို့ထဲကို တိုးလာတာ။အခု ညောင်ဝိုင်းရပ်ကွက်နားကို ရောက်နေတယ်။ပစ်တဲ့အသံတွေက လောလောဆယ် ဘာမှန်းမသိသေးဘူး”ဟု မိုးဗြဲမြို့နေ ပြည်သူတစ်ဦးက ပြောသည်။

မိုးဗြဲမြို့
မိုးဗြဲမြို့

ရှမ်း – ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့တွင်းကို စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်လာနေသည်ဟု ဒေသခံများက ပြောသည်။

ယနေ့(ဇွန် ၇ ရက်) နံနက် ၇နာရီခန့်မှစ၍ မိုးဗြဲမြို့တွင်းသို့ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သည် လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများပါရှိနေသည်ဟု ဆိုသည်။

“မြို့ထဲကို တိုးလာတာ။အခု ညောင်ဝိုင်းရပ်ကွက်နားကို ရောက်နေတယ်။ပစ်တဲ့အသံတွေက လောလောဆယ် ဘာမှန်းမသိသေးဘူး”ဟု မိုးဗြဲမြို့နေ ပြည်သူတစ်ဦးက ပြောသည်။

သို့သော် လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်မှုသည် စစ်ကောင်စီတပ်၏ တစ်ဖက် သတ်ပစ်ခတ်မှုဟုလည်း Mobye Rescue Team တာဝန်ရှိသူက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့်မလိုအပ်ပဲ နေအိမ်အပြင် မထွက်ရန်နှင့် လက်နက်ကြီးထိမှန်ဒဏ်ရာရရှိပါက Mobye Rescue Team ကိုဆက်သွယ်ရန်လည်း တိုက်တွန်းသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ဖယ်ခုံ၊ လွိုင်ကော် နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင်လည်း စစ် ကြောင်းများထိုးနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook