Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က မေလအတွင်း ပြည်သူလူထုနေအိမ် ခုနစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခဲ့

စစ်ကောင်စီတပ်သည် မေလအတွင်း စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို တစ်ရွာပြီးတစ်ရွာ ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်လံမီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်ခဲ့၍ ပြည်သူလူထု အိုးအိမ်ပျက်စီးမှု အလွန်များပြားခဲ့ရခြင်းဖြစ်သည်။

(စစ်ကိုင်းတိုင်း ကနီမြို့နယ် ကင်းအုပ်စု ကင်းရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီး မီးရှို့နေသည့် မြင်ကွင်းဖြစ်သည်။ ဓာတ်ပုံ - ချင်းတွင်းချစ်သူ)
(စစ်ကိုင်းတိုင်း ကနီမြို့နယ် ကင်းအုပ်စု ကင်းရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီး မီးရှို့နေသည့် မြင်ကွင်းဖြစ်သည်။ ဓာတ်ပုံ - ချင်းတွင်းချစ်သူ)

စစ်ကိုင်းတိုင်းတွင် အိမ်ခြေ ၆,၃၀၀ ကျော်ဖြင့် အများဆုံးမီးရှို့ခံခဲ့ရ

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသည့် ပြည်သူလူထုနေအိမ် ၁၉,၀၀၀ နီးပါးရှိလာ

အကြမ်းဖက် စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်၍ မေလအတွင်း နေရာပေါင်း ၁၃၀ ကျော်မှ ပြည်သူလူထု နေအိမ် ၇,၅၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း Data for Myanmar က ထုတ်ပြန်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ မေလ ၃၁ ရက်အတွင်း စစ်ကောင်စီတပ် နှင့် လက်အောက်ခံအဖွဲ့အစည်းများ မီးရှို့၍ ပျက်စီးသွားသည့် လူနေအိမ် ခန့်မှန်းခြေ ၁၈,၈၈၆ လုံးရှိခဲ့ပြီး နေရာပေါင်း ၄၃၅ နေရာခန့်၌ ဖြစ့်ပွားခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းအထိ နေရာပေါင်း ၂၉၆ နေရာမှ လူနေအိမ် ၁၁,၄၀၀ကျော် မီးရှို့ခံရကြောင်း ဖော်ပြထား၍ မေလအတွင်း နေရာပေါင်း ၁၃၉ နေရာမှ ပြည်သူလူထု နေအိမ် ၇,၅၀၀ နီးပါးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ကို တွေ့ရသည်။

(စစ်ကိုင်းတိုင်း ကနီမြို့နယ် ကင်းအုပ်စု ကင်းရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီး မီးရှို့နေသည့် မြင်ကွင်းဖြစ်သည်။ ဓာတ်ပုံ - ချင်းတွင်းချစ်သူ)
(စစ်ကိုင်းတိုင်း ကနီမြို့နယ် ကင်းအုပ်စု ကင်းရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီး မီးရှို့နေသည့် မြင်ကွင်းဖြစ်သည်။ ဓာတ်ပုံ – ချင်းတွင်းချစ်သူ)

ထိုသို့ မီးရှို့ခံရသည့် နေအိမ် ၇,၅၀၀ နီးပါးအနက် အများစုမှာ စစ်ကိုင်းတိုင်းရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ်များဖြစ်ပြီး အိမ်ခြေ ၆,၃၀၀ ကျော် ရှိခဲ့သည်ကို တွေ့ရသည်။ ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းအထိ စစ်ကိုင်းတိုင်းရှိ အိမ်ခြေ ၇,၅၀၀ ကျော် မီးရှို့ခံထားရပြီး မေလကုန်ပိုင်းတွင် မီးရှို့ခံရသည့် နေအိမ် ၁၃,၈၀၀ ကျော်ရှိခဲ့သည်ကို Data for Myanmar က ဖော်ပြထားသည်။

ထို့ပြင် မကွေးတိုင်းမှ အိမ်ခြေ ၁,၀၀၀ နီးပါး၊ ချင်းပြည်နယ်မှ အိမ်ခြေ ၁၆၀ ကျော်တို့ကို စစ်ကောင်စီတပ်က မေလအတွင်း ထပ်မံမီးရှို့ခဲ့သည်။ ထို့ကြောင့် စစ်တပ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းရှိ ပြည်သူလူထု နေအိမ် ၃,၀၀၀ ကျော်၊ ချင်းပြည်နယ်မှ အိမ်ခြေ ၁,၃၀၀ ကျော် နှင့် ကရင်နီ၊ ရှမ်း၊ မန္တလေး အပါအဝင် ဒေသအသီးသီးရှိ ပြည်သူလူထု နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။

(စစ်ကိုင်းတိုင်း ကနီမြို့နယ် ကင်းအုပ်စု ကင်းရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီး မီးရှို့နေသည့် မြင်ကွင်းဖြစ်သည်။ ဓာတ်ပုံ - ချင်းတွင်းချစ်သူ)
(စစ်ကိုင်းတိုင်း ကနီမြို့နယ် ကင်းအုပ်စု ကင်းရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီး မီးရှို့နေသည့် မြင်ကွင်းဖြစ်သည်။ ဓာတ်ပုံ – ချင်းတွင်းချစ်သူ)

ယခု Data for Myanmar က ထုတ်ပြန်သည့် အချက်အလက်များသည် သတင်းမီဒီယာများ၌ ဖော်ပြသည့်တိုက်ပွဲသတင်း၊ နေအိမ်မီးရှို့ခံရသည့် သတင်းများ၊ ရက်အလိုက် ဖြစ်စဉ်များ၊ကို စိစစ်ထားသကဲ့သို့ ဒေသခံ လူ့အခွင့်အရေးအဖွဲ့များ၊ စစ်ဘေးရှောင် ကူညီရေး အဖွဲ့များက ထုတ်ပြန်သည့် စာရင်းများကို အခြေခံထားကြောင်း၊ မပြည့်စုံသည့် အချက်အလက်များကို ချန်ထားခဲ့ရ၍ မြေပြင်၌ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် အရေအတွက် ပိုများနိုင်ကြောင်း ထုတ်ပြန် သည်။

(စစ်ကိုင်းတိုင်း ကနီမြို့နယ် ကင်းအုပ်စု ကင်းရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီး မီးရှို့နေသည့် မြင်ကွင်းဖြစ်သည်။ ဓာတ်ပုံ - ချင်းတွင်းချစ်သူ)
(စစ်ကိုင်းတိုင်း ကနီမြို့နယ် ကင်းအုပ်စု ကင်းရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်ဖျက်ဆီး မီးရှို့နေသည့် မြင်ကွင်းဖြစ်သည်။ ဓာတ်ပုံ – ချင်းတွင်းချစ်သူ)

စစ်ကောင်စီတပ်သည် မေလအတွင်း စစ်ကိုင်းတိုင်းရှိ ကျေးရွာများကို တစ်ရွာပြီးတစ်ရွာ ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်လံမီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်ခဲ့၍ ပြည်သူလူထု အိုးအိမ်ပျက်စီးမှု အလွန်များပြားခဲ့ရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook