Connect with us

Hi, what are you looking for?

သတင်း

မုံရွာလူငယ်များအစည်းအရုံးသပိတ်စစ်ကြောင်းကို စစ်​ကောင်စီက ကားဖြင့်တိုက်ပြီး ပစ်ခတ်ဖြိုခွင်း

သေနတ်ဖြင့် ၅ချက်ခန့်ပစ်ခတ်ခဲ့သော်လည်း ထိမှန်သူမရှိကြောင်း၊ ကလစ်ဆိုင်ကယ် တစ်စီးကိုမူ အကြမ်းဖက်စစ်ကောင်မှ သိမ်းဆည်းသွားကြောင်း Monywa Roads Information က ဖော်ပြသည်။

(မုံရွာလူငယ်များအစည်းအရုံးမှ ဆန္ဒထုတ်ဖော်ခဲ့စဥ်၊ ဓာတ်ပုံ - MRI)
(မုံရွာလူငယ်များအစည်းအရုံးမှ ဆန္ဒထုတ်ဖော်ခဲ့စဥ်၊ ဓာတ်ပုံ - MRI)

စစ်ကိုင်းတိုင်း၊ မုံရွာလူငယ်များအစည်းအရုံးသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်​ကောင်စီတပ်က အိမ်စီးကားဖြင့် တိုက်ပြီး ​သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သော်လည်း ဆန္ဒပြလူငယ်များ လွတ်မြောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇွန်လ ၆ရက်) မုံရွာမြို့ ကျောက္ကာလမ်းမပေါ်၌ မုံရွာလူငယ်များအစည်းအရုံးသပိတ်စစ်ကြောင်းသည် ချီတက် လမ်းလျှောက်ဆန္ဒပြနေစဥ် အကြမ်းဖက်စစ်ကောင်စီမှ အိမ်စီးကားဖြင့် တိုက်၍ ဖြိုခွင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

သေနတ်ဖြင့် ၅ချက်ခန့်ပစ်ခတ်ခဲ့သော်လည်း ထိမှန်သူမရှိကြောင်း၊ ကလစ်ဆိုင်ကယ် တစ်စီးကိုမူ အကြမ်းဖက်စစ်ကောင်မှ သိမ်းဆည်းသွားကြောင်း Monywa Roads Information က ဖော်ပြသည်။

မုံရွာမြို့သည် အကြမ်းဖက်စစ်တပ်အား ခုခံတော်လှန်မှုအားကောင်းသည့် မြို့တစ်မြို့ဖြစ်ပြီး ကျေးလက်တွင်သာမကဘဲ မြို့ပေါ်ပြောက်ကျားတိုက်ခိုက်မှုများ မကြာ ခဏ ဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ပုံအ​ဟောင်းကို အသုံးပြုထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။