Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာလူငယ်များအစည်းအရုံးသပိတ်စစ်ကြောင်းကို စစ်​ကောင်စီက ကားဖြင့်တိုက်ပြီး ပစ်ခတ်ဖြိုခွင်း

သေနတ်ဖြင့် ၅ချက်ခန့်ပစ်ခတ်ခဲ့သော်လည်း ထိမှန်သူမရှိကြောင်း၊ ကလစ်ဆိုင်ကယ် တစ်စီးကိုမူ အကြမ်းဖက်စစ်ကောင်မှ သိမ်းဆည်းသွားကြောင်း Monywa Roads Information က ဖော်ပြသည်။

(မုံရွာလူငယ်များအစည်းအရုံးမှ ဆန္ဒထုတ်ဖော်ခဲ့စဥ်၊ ဓာတ်ပုံ - MRI)
(မုံရွာလူငယ်များအစည်းအရုံးမှ ဆန္ဒထုတ်ဖော်ခဲ့စဥ်၊ ဓာတ်ပုံ - MRI)

စစ်ကိုင်းတိုင်း၊ မုံရွာလူငယ်များအစည်းအရုံးသပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်​ကောင်စီတပ်က အိမ်စီးကားဖြင့် တိုက်ပြီး ​သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သော်လည်း ဆန္ဒပြလူငယ်များ လွတ်မြောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဇွန်လ ၆ရက်) မုံရွာမြို့ ကျောက္ကာလမ်းမပေါ်၌ မုံရွာလူငယ်များအစည်းအရုံးသပိတ်စစ်ကြောင်းသည် ချီတက် လမ်းလျှောက်ဆန္ဒပြနေစဥ် အကြမ်းဖက်စစ်ကောင်စီမှ အိမ်စီးကားဖြင့် တိုက်၍ ဖြိုခွင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

သေနတ်ဖြင့် ၅ချက်ခန့်ပစ်ခတ်ခဲ့သော်လည်း ထိမှန်သူမရှိကြောင်း၊ ကလစ်ဆိုင်ကယ် တစ်စီးကိုမူ အကြမ်းဖက်စစ်ကောင်မှ သိမ်းဆည်းသွားကြောင်း Monywa Roads Information က ဖော်ပြသည်။

မုံရွာမြို့သည် အကြမ်းဖက်စစ်တပ်အား ခုခံတော်လှန်မှုအားကောင်းသည့် မြို့တစ်မြို့ဖြစ်ပြီး ကျေးလက်တွင်သာမကဘဲ မြို့ပေါ်ပြောက်ကျားတိုက်ခိုက်မှုများ မကြာ ခဏ ဖြစ်ပွားနေသည်။

Public Service Announcement

Public Service Announcement

ပုံအ​ဟောင်းကို အသုံးပြုထားပါသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။