Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုမြို့မ ရဲစခန်းအနီးကင်းပုန်းချထားသော စစ်ကောင်စီတပ်ကို KNDF ယနေ့ည သွားရောက်တိုက်ခိုက်

ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကို မသိရသေးဘဲ KNDF ရဲဘော်များထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

(KNDF တပ်ရင်း - ၁၀မှ ရဲဘော်များဖြစ်သည်။)
(KNDF တပ်ရင်း - ၁၀မှ ရဲဘော်များဖြစ်သည်။)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့မ ရဲစခန်းအနီး ကင်းပုန်းချထားသော စစ်ကောင်စီတပ်ကို ယနေ့ ည ၇ နာရီခန့်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၀​ က ထုတ်ပြန်သည်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကို မသိရသေးဘဲ KNDF ရဲဘော်များထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် KNDF တပ်ရင်း – ၆ တို့ ၄၅မိနစ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဥ်တွင်လည်း စစ်ကောင်စီတပ်၏ ထိခိုက်မှုကို အတည်မပြုနိုင်သေးပေ။ ယခုလ ၄ ရက်ကစ၍ စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်၌ ဒေါပိုးစီမှ စစ်ကြောင်းနှစ်ကြောင်းနှင့် ဟိုဖိတ်စိုက်ကွင်းဖက်မှ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်းသုံးကြောင်းဖြင့် ဝင်ရောက်လာခဲ့သည်ဟု KNDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းများနှင့် ဇွန် ၄ ရက်နေ့လည် ၁၂ နာရီခန့်တွင် KNDF တပ်ရင်း – ၉ ရဲဘော်များနှင့် ထိတွေ့ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ပွားခဲ့သည်။

ထို့နောက် ယမန်နေ့ (ဇွန် ၅ ရက်) နံနက် ၈နာရီခွဲခန့်တွင် စစ်ကောင်စီဘက်မှ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်နေကြောင်းသိရပြီးနောက် နံနက် ၁၁နာရီခန့်တွင် (စကစ) များပုန်းခိုနေသည့်နေရာသို့ ပြောက်ကျားတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း KNDF တပ်ရင်း – ၉က ပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာအရှိအပါအဝင် ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာအမျာအပြားရရှိကြောင်းတွေ့ရှိသည်ဟု KNDFက ဆိုသည်။

လက်ရှိ ကရင်နီပြည်နယ်၌ ဒီးမော့ဆိုအပါအဝင် လွိုင်ကော်၊ဖရူဆို၊ဘောလခဲနှင့် ရှမ်းပြည်နယ်နှင့်အစပ် ဖယ်ခုံ တို့တွင် စစ်ကောင်စီတပ်က အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုးနေ၍ ကရင်နီတပ်ပေါင်းစုများနှင့် နေ့စဥ်တိုက်ပွဲ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။