Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့မ ရဲစခန်းအနီးကင်းပုန်းချထားသော စစ်ကောင်စီတပ်ကို KNDF ယနေ့ည သွားရောက်တိုက်ခိုက်

ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကို မသိရသေးဘဲ KNDF ရဲဘော်များထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

(KNDF တပ်ရင်း - ၁၀မှ ရဲဘော်များဖြစ်သည်။)
(KNDF တပ်ရင်း - ၁၀မှ ရဲဘော်များဖြစ်သည်။)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့မ ရဲစခန်းအနီး ကင်းပုန်းချထားသော စစ်ကောင်စီတပ်ကို ယနေ့ ည ၇ နာရီခန့်က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၁၀​ က ထုတ်ပြန်သည်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကို မသိရသေးဘဲ KNDF ရဲဘော်များထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် KNDF တပ်ရင်း – ၆ တို့ ၄၅မိနစ်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဥ်တွင်လည်း စစ်ကောင်စီတပ်၏ ထိခိုက်မှုကို အတည်မပြုနိုင်သေးပေ။ ယခုလ ၄ ရက်ကစ၍ စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ်၌ ဒေါပိုးစီမှ စစ်ကြောင်းနှစ်ကြောင်းနှင့် ဟိုဖိတ်စိုက်ကွင်းဖက်မှ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်းသုံးကြောင်းဖြင့် ဝင်ရောက်လာခဲ့သည်ဟု KNDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကြောင်းများနှင့် ဇွန် ၄ ရက်နေ့လည် ၁၂ နာရီခန့်တွင် KNDF တပ်ရင်း – ၉ ရဲဘော်များနှင့် ထိတွေ့ပစ်ခတ်မှု မိနစ်အနည်းငယ်ဖြစ်ပွားခဲ့သည်။

ထို့နောက် ယမန်နေ့ (ဇွန် ၅ ရက်) နံနက် ၈နာရီခွဲခန့်တွင် စစ်ကောင်စီဘက်မှ တစ်ဖက်သတ် ရမ်းသမ်းပစ်ခတ်နေကြောင်းသိရပြီးနောက် နံနက် ၁၁နာရီခန့်တွင် (စကစ) များပုန်းခိုနေသည့်နေရာသို့ ပြောက်ကျားတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း KNDF တပ်ရင်း – ၉က ပြောသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အရာအရှိအပါအဝင် ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာအမျာအပြားရရှိကြောင်းတွေ့ရှိသည်ဟု KNDFက ဆိုသည်။

လက်ရှိ ကရင်နီပြည်နယ်၌ ဒီးမော့ဆိုအပါအဝင် လွိုင်ကော်၊ဖရူဆို၊ဘောလခဲနှင့် ရှမ်းပြည်နယ်နှင့်အစပ် ဖယ်ခုံ တို့တွင် စစ်ကောင်စီတပ်က အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုးနေ၍ ကရင်နီတပ်ပေါင်းစုများနှင့် နေ့စဥ်တိုက်ပွဲ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ပြည်နယ်တပ်မတော်ပေါ်လာဖို့နဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်တွေမှာ မဟာမိတ်အင်အားစု‌တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က တိုက်တွန်းပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။