Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်တွင် ဘုန်းကြီးကျောင်း မီးရှို့ခံရမှုအ​ပေါ်ငြှိမ်းသတ်ရန်ကြိုးပမ်းသည့် ဒေသခံများကို စစ်ကောင်စီက ကြိုးတုပ်ကာ နေပူတွင်နာရီပေါင်းများစွာထားပြီး ရိုက်နှက်နှိပ်စက်

ဘုန်းကြီးကျောင်း မီးလောင်သည်ကို ဒေသခံများက မီးငြှိမ်းသတ်မှုအ​ပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်ခြင်းဖြစ်သည်။

ကန့်ဘလူနယ်တွင် ဘုန်းကြီးကျောင်း မီးရှို့
ကန့်ဘလူနယ်တွင် ဘုန်းကြီးကျောင်း မီးရှို့

ကန့်ဘလူမြို့နယ် ကိုင်းမ​ကျေးရွာတွင် မီးရှို့ခံရသော ဘုန်းကြီးကျောင်းကို မီးငြှိမ်းသတ်ရန် ကြိုးပမ်းသည့် ဒေသခံများကို စစ်ကောင်စီက ကြိုးတုပ်ကာ နေပူတွင် နာရီပေါင်းများစွာထားပြီး ရိုက်နှက်နှိပ်စက်သွားကြောင်း ​ဒေသပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာအနီး ကိုင်းမရွာကို စစ်ကောင်စီက ယမန်နေ့( ဇွန် ၅ရက်)နံနက်တွင် မီးရှို့ခဲ့ရာ ဘုန်းကြီးကျောင်းကိုပါ မီးလောင်ခဲ့ခြင်း ဖြစ်သည်။

ဘုန်းကြီးကျောင်း မီးလောင်သည်ကို ဒေသခံများက မီးငြှိမ်းသတ်မှုအ​ပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်ခြင်းဖြစ်သည်။

Public Service Announcement

“အိမ်ဆယ်အိမ် မီးထဲပါသွားတယ်။ ရွာဘုန်းကြီးကျောင်းကို မီးဆွဲတော့ အရပ်သားတွေကပြေးပြီး မီးငြိမ်းတာကို သေနတ်တွေနဲ့ချိန်ပြီး ဖမ်းထားတာ။ နေပူထဲ ကြိုးတုပ်ပြီး တစ်နေကုန်လှန်းထားတာ”ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက သူရရှိသည့်မြေပြင်အခြေအနေကို People’s. Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ မီးရှို့ဖျက်ဆီးခဲ့၍ ကိုင်းမရွာခံ ရှစ်ဦး၏ နေအိမ်ရှစ်လုံး ပြာချသွားပြီး ​​​ဒေသခံနှစ်ဦး၏ အိမ်မှာ မီးစွဲလောင်ခဲ့သည်ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် ကိုင်းမနှင့် ကိုးတောင်ဘို့​ကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများတွင် ဇွန်လ၂ရက်ကတည်းက စစ်ကြောင်းထိုးမွှေနှောက်နေခြင်းဖြစ်သည်။

ဇွန် ၃ရက် နေ့လယ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့် လေကြောင်းမှ တိုက်ခိုက်ပြီးနောက်တပ်ဖွဲ့ဝင် ၁၀၀ခန့်ကို ရဟတ်ယာဥ်ဖြင့် ပို့ဆောင်ခဲ့သည်။စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ခန့်သည် ကွက်သစ်ကျေးရွာ အောင်သဒ္ဓိကျောင်းဝင်းအတွင်း တပ်စွဲထားပြီး အနီးဝန်းကျင်ကျေးရွာများကို အကြမ်းဖက်တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။