Connect with us

Hi, what are you looking for?

သတင်း

ပုလဲ – ဂန့်ဂေါလမ်းတွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ကားတစ်စီးပျက်စီး

တိုက်ခိုက်ရာတွင် ရှေ့ထွက်မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းနှစ်လုံးပေါက်ကွဲပြီး စစ်ကောင်စီယာဥ်တန်းမှ ကားတစ်စီးပျက်စီးသွားကာ ငါးဦးထက်မနည်းထိခိုက်ဒဏ်ရာရသွားပြီး အသေအပျောက်မသိရသေးကြောင်း ထုတ်ပြန်သည်။

YPDF
YPDF

ဂန့်ဂေါမြို့ဘက်သို့ ဦးတည်ထွက်လာသော စစ်ကောင်စီတပ်ယာဥ်တန်းကို ပုလဲ – ဂန့်ဂေါလမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇွန် ၆)ထုတ်ပြန်သည်။

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF (YRPA)) တပ်ရင်း (၁) ၊ တပ်ခွဲ (၂) မှ ရဲဘော်များနှင့် ကျေးရွာကာကွယ်ရေးပူးပေါင်းအဖွဲ့သည် ယမန်နေ့(ဇွန် ၅)ညနေပိုင်းက ဂန့်ဂေါမြို့သို့ ဦးတည်လာသော စစ်ကောင်စီယာဉ်တန်းကို ပုလဲ – ဂန့်ဂေါလမ်း မဲရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ရာတွင် ရှေ့ထွက်မိုင်းလေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ မိုင်းနှစ်လုံးပေါက်ကွဲပြီး စစ်ကောင်စီယာဥ်တန်းမှ ကားတစ်စီးပျက်စီးသွားကာ ငါးဦးထက်မနည်းထိခိုက်ဒဏ်ရာရသွားပြီး အသေအပျောက်မသိရသေးကြောင်း ထုတ်ပြန်သည်။

“သေဆုံးမှုအခြေအနေကိုတော့ မသိရသေးပါ။ ကားပေါ်ကနေ အော်ဟစ်ငြီးညူသံများ ကြားခဲ့ရသလို မိုင်းကွဲပြီး သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်မှုများလည်း ရှိခဲ့ပါသည်”ဟု YPDF(YRPA)က ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ၎င်းတို့ယာဥ်တန်းဖြတ်သန်းသွားလာသည့် ကားလမ်းတစ်လျှောက် နေအိမ်များအား မီးရှို့ဖျက်ဆီးသွားပြီး ဒေသခံပြည်သူငါးဦးကိုလည်း ဖမ်းဆီးသွားကြောင်း အသိပေးသည်။

ပထဝီအနေအထားအရ အချက်အချာကျ အရေးပါသော ယောဒေသကို စစ်ကောင်စီတပ်က မြေပြင်၊ ဝေဟင်ပေါင်းကာ အကြီးအကျယ် ထိုးစစ်ဆင်လျှက်ရှိသည်။

ယမန်နေ့ ညနေပိုင်းက ဂန့်ဂေါမြို့သို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ယာဥ်တန်းမှာ ယနေ့ နံနက်ပိုင်းတွင် လာရာလမ်းအတိုင်း နောက်ကြောင်း ပြန်လှည့်သွားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook