Connect with us

Hi, what are you looking for?

သတင်း

သထုံထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းက တပ်ဖွဲ့ဝင်တွေက အရပ်သားတစ်ဦးကို ပစ်သတ်ပြီး တစ်ဦးကိုဖမ်းဆီးထား

ဒဏ်ရာရရှိသွားတဲ့ စောသန်းလေးကို နီးစပ်ရာပြည်သူတွေက သထုံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးဝါးကုသပေးခဲ့ပေမယ့် နောက်နေ့ ဇွန်လ (၃) ရက်နေ့ မနက်အစောပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သထုံ
သထုံ

သထုံမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ဝီယော်တပ်စခန်းက တပ်ဖွဲ့ဝင်တွေဟာ သွားလာနေတဲ့အရပ်သားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး တစ်ဦးကို ဖမ်းဆီးထားတယ်လို့ ကေအဲန်ယူ သထုံမြို့နယ် သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ရှိသူထံကနေ သိရပါတယ်။

ဇွန်လ (၂)ရက်က လေးကေကျေးရွာနေ အသက် (၃၅)နှစ်အရွယ်ရှိစောသန်းလေးကို စစ်ကောင်စီရဲ့ ခမရ(၉) လက်အောက်ခံတပ်ဖွဲ့ဝင်တွေက ဝီယော်ကျေးရွာ တံတားမှာ သေနတ်နဲ့ပစ်ခတ်လို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တာပါ။

Public Service Announcement

ဒဏ်ရာရရှိသွားတဲ့ စောသန်းလေးကို နီးစပ်ရာပြည်သူတွေက သထုံပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးဝါးကုသပေးခဲ့ပေမယ့် နောက်နေ့ ဇွန်လ (၃) ရက်နေ့ မနက်အစောပိုင်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇွန်လ(၂) ရက် မနက် ၈ နာရီခွဲခန့်မှာလည်း ကေအဲန်ယူ-သထုံမြို့နယ်၊ ပနကူးထီး ကျေးရွာသား စောကြည်ဟာ ဆိုင်ကယ်မောင်းနှင်လာစဉ် ဝီယော်ကျေးရွာအတွင်းမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီ ခမရ (၉) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူက ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ပြန်မလွှတ်ပေးပါက သထုံမြို့နယ်အတွင်းရှိ ထုံးဘိုကြီးနဲ့ ထုံးဘိုလေးကျေးရွာနှစ်ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျတ်ဆီးပစ်မယ်လို့ စစ်ကောင်စီ ခမရ (၉) တပ်ရင်းမှူးက ခြိမ်းခြောက်မှုတွေရှိခဲ့ပြီး လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေလို့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကေအဲန်ယူဆီကနေ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။