Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေ

စစ်ကောင်စီတပ်က ကိုးတောင်ဘို့ရွာအနီးဝန်းကျင်ရှိ ကိုင်းမကျေးရွာကို ဇွန်လ ၅ရက်က မီးရှို့ဖျက်ဆီးပြီးနောက် ပေါက်ကုန်းနှင့် နှောကုန်းအပါအဝင် ကျေးရွာလေးရွာကို ယနေ့(ဇွန် ၆ရက်) နံနက်ကစတင်ကာ ထပ်မံမီးရှို့နေသည်ဟု ဒေသခံများက ပြောသည်။

(စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ် နှောကုန်းရွာကို မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - Kotaungbo Revolution KTB-R)
(စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ် နှောကုန်းရွာကို မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - Kotaungbo Revolution KTB-R)

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ကျေးရွာနှင့်အနီးဝန်းကျင်တွင် ရက်ပိုင်းအတွင်း ဒေသခံပြည်သူသုံးဦးကိုသတ်ပြီး ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးထားသည့် စစ်ကောင်စီတပ်က ယနေ့တွင်လည်း ကျေးရွာလေးရွာကို စစ်ကြောင်းထိုးဖျက်ဆီးနေသည်ဟု ဒေသခံများက ပြောသည်။

“ဒီနေ့လည်း အခြေအနေဆိုးတယ်ဗျာ။ PDF စာရင်းပေါက်တယ်ဆိုပြီး ရွာစဥ်လိုက် မီးလိုက်ရှို့နေတယ်”ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

စစ်ကောင်စီတပ်က ကိုးတောင်ဘို့ရွာအနီးဝန်းကျင်ရှိ ကိုင်းမကျေးရွာကို ဇွန်လ ၅ရက်က မီးရှို့ဖျက်ဆီးပြီးနောက် ပေါက်ကုန်းနှင့် နှောကုန်းအပါအဝင် ကျေးရွာလေးရွာကို ယနေ့(ဇွန် ၆ရက်) နံနက်ကစတင်ကာ ထပ်မံမီးရှို့နေသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

“အဓိက လက်နက်အားနည်းလို့ အခုလို ဖြစ်နေတာ။ ကျွန်တော်တို့ လက်နက်ရှိလို့ ဒဲ့၊ဒဲ့ချင်းတိုက်ရင်သူတို့ ခံမတိုက်ရဲဘူး။ လေယာဥ်နဲ့အပစ်ခံရလည်း လေယာဥ်ပစ်လက်နက်ကျွန်တော်တို့ မတောင်းဘူး။ ရိုးရိုးသေနတ်လေးတွေ ရရင်ကိုပြန်တိုက်နိုင်တယ်”ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်အတွင်း ကိုးတောင်ဘို့နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ဇွန်လ ၂ရက်ကတည်းက စစ်ကြောင်းထိုးမွှေနှောက်နေခြင်းဖြစ်သည်။ ယင်းနေ့တွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သောကြောင့် ကိုင်းမရွာမှ သားအဖသုံးဦးသေဆုံးခဲ့သည်။ဇွန်လ ၃ရက် နေ့လယ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တပ်ဖွဲ့ဝင် ၁၀၀ခန့်ကို ရဟတ်ယာဥ်ဖြင့် ထပ်မံပို့ဆောင်ခဲ့သည်။စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကွက်သစ်ကျေးရွာ အောင်သဒ္ဓိကျောင်းဝင်းအတွင်း တပ်စွဲထားပြီး အနီးဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးတိုက်ခိုက်နေသည်ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

” ခွေးသူခိုးမီးရှို့တပ်မတော်ကြီး “ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့က သုံးနှုန်းကာ သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်နက်အသာစီးဖြင့် အကြမ်းဖက်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်ကို တုန့်ပြန်တိုက်ခိုက်ရန်အတွက် လူထု၏ ကူညီထောက်ပံ့မှုကို ရယူလိုသည်ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

“ကျွန်တော်တို့က NUG ရဲ့ မူအတိုင်း လက်နက်ကိုင်တော်လှန်ရေးလမ်းစဥ်ကို ယုံကြည်လို့ စခဲ့ပြီးပြီ။ ကျွန်တော်တို့ နောက်ကို လုံးဝပြန်မဆုတ်ဘူး။ ပြည်သူတွေအတွက် ကျွန်တော်တို့ အသက်တွေကို ပေးပြီးသား။ ကျွန်တော်တို့ သေလည်း ဒီအောင်ပွဲရလဒ်ကို ကျွန်တော်တို့ မျိုးဆက်မှာ ခံစားရစေမယ်။ လက်ရှိအကျပ်အတည်းအတွက် ကျွန်တော်တို့တွေ ပြည်သူတွေရဲ့ အထောက်အပံ့ကို ရချင်ပါတယ်”ဟု ၎င်းက ပြောသည်။

ကိုးတောင်ဘို့ရွာနှင့် အနီးဝန်းကျင်ရွာများ၏ လတ်တလော အခက်အခဲနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ၏ လက်နက်လိုအပ်ချက်ကို ပံ့ပိုးကူညီလိုပါက ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ https://www.facebook.com/Kotaungbo-Revolution-KTB-R-112456441322644/ သို့ ဆက်သွယ်နိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။