Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာတပ်စွဲထားသော စစ်အုပ်စုကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေ

ဗိုလ်ကျားရိုင်း – ပ.က.ဖ ရွှေဘို (အဖွဲ့)သည် ဧပြီ ၁၃ ရက်ကလည်း ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို သွားရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်အုပ်စုမှ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(ဧပြီ ၁၃ ရက်က ဇီးဖြူကုန်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျုစောထီးများအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့စဥ်။)
(ဧပြီ ၁၃ ရက်က ဇီးဖြူကုန်းကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျုစောထီးများအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့စဥ်။)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနှစ်ဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း – ပ.က.ဖ ရွှေဘို (အဖွဲ့)က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇွန်လ ၆ရက်)က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မဟာမိတ်တပ်ပေါင်းစုများ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးကြောင်း ဗိုလ်ကျားရိုင်း – ပ.က.ဖ ရွှေဘို(အဖွဲ့)က ပြောသည်။

အဆိုပါဖြစ်စဥ်အား မဟာမိတ်တပ်ပေါင်းစုများဖြစ်ကြသော ဗိုလ်ကျားရိုင်း – ပ.က.ဖ ရွှေဘို၊ မတ‌စ်ထောင်(တစ်ကောင်ဖွား) ဒီပဲယင်း၊ C&T SHWEBO ၊ SNAKE EYES PDF ၊ Alpha 7 ၊ PEOPLE DEFENSE FORCE SHWEBO ၊ ဒေါင်းမာန်အဖွဲ့ နှင့် တပ်ပေါင်းစု -၂တို့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဗိုလ်ကျားရိုင်း – ပ.က.ဖ ရွှေဘို (အဖွဲ့)သည် ဧပြီ ၁၃ ရက်ကလည်း ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို သွားရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်အုပ်စုမှ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

Facebook