News လွိုင်ကော်တွင် ယနေ့ တိုက်ပွဲဆက်ဖြစ်၊ ယမန်နေ့ည တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးမှုများဟု KDF ထုတ်ပြန် တိုက်ပွဲပြင်းထန်ပြီး ၁နာရီကျော်ကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အထိနာ၍ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KDFက ထုတ်ပြန်သည်။ LuduNwayOoဇန်နဝါရီ 19, 2022
News ကသာမြို့နယ် မှတ်တိုင်ရွာကို စစ်ကောင်စီဗုံးကြဲ ကလေးငယ်နှစ်ဦးအပါအဝင် ၂ ဦးဒဏ်ရာရ၊ ဘုရားစေတီအချို့ထိခိုက် ပျက်စီး စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စေတီတော်ကြီးနှင့်အရံစေတီ၁ဆူအားထိမှန်ပြီး ဘုရားအရံတံတိုင်းနှင့်အာရုံခံအမိုးသွပ်များပေါက်ပြဲခဲ့ကြောင်း Katha Revolution -IRက သတင်းထုတ်ပြန်သည်။ LuduNwayOoဇန်နဝါရီ 19, 2022
News ယင်းမာပင်နယ် ဘန့်ဘွေးရွာအနီး စစ်ကောင်စီတပ်နှင့် ဒေသခံ PDFများ နှစ်ရက်ဆက်တိုက်ပွဲဖြစ် "ရန်သူထိခိုက်မှုကို အသေးစိတ်အတည်မပြုနိုင်ပေ။ မိမိတို့ဘက်မှ တော်လှန်ရေးအတွက် ကင်း ထောက်ခြင်း၊ ပစ်မှတ်ရှာဖွေအတည်ပြုခြင်းနှင့် ဗုံးကြဲခြင်း (STAR & Bombing) တာဝန်ထမ်းဆောင်လျက်ရှိသော ဒရုန်းတစ်စင်း ဆုံးရှုံးခဲ့ပါသည်"ဟု ထုတ်ပြန်ချက်က ဆိုသည်။ LuduNwayOoဇန်နဝါရီ 19, 2022
News ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုအပါအဝင် ၅ ဦးကို အဂတိ ပုဒ်မနဲ့ စစ်ကောင်စီ နှစ်ရှည်ထောင်ဒဏ်ချ အဂတိမှုနဲ့ ထောင်ချရာမှာတော့ ဝန်ကြီးချုပ်ဦးညီပု၊ ဝန်ကြီး ဦးအောင်ကျော်ဇံနဲ့၊ ဝန်ကြီး ဦးကျော်အေးသိန်းတို့ကို ထောင်ဒဏ် ၉ နှစ်စီချလိုက်တာပါ။ LuduNwayOoဇန်နဝါရီ 19, 2022
News စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းများအပေါ် စိုးရိမ်ကြောင်း အမေရိကန်ထပ်ပြော အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy R. Sherman သည် တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Choi Jong Kun နှင့်ဆွေးနွေးစဉ် မြန်မာ့အရေးကို ထည့်သွင်းပြောကြားခြင်း ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ LuduNwayOoဇန်နဝါရီ 19, 2022
News မန္တလေးက ကျုရှင်တွေနဲ့ စာသင်ဝိုင်းတွေကို စစ်ကောင်စီလိုက်လံဖမ်းဆီးနေ ဖွင့်လှစ်ထားတဲ့ အခြေခံပညာ ကျောင်းတွေမှာ တက်ရောက်တာမရှိဘဲ ရပ်ကွက်တွေမှာ ဖွင့်တဲ့ ပုဂ္ဂလိကကျုရှင် ၊စာသင်ဝိုင်းတွေကိုသာတက်ရောက်နေကြတဲ့အတွက် ဦးဆောင်သူတွေကိုလိုက်လံဖမ်းဆီးတာလို့ ဆိုကြပါတယ်။ LuduNwayOoဇန်နဝါရီ 19, 2022
News လွိုင်ကော်စုပေါင်းရုံးရှိ စစ်ကောင်စီတပ်ကို PDF ညီနောင်သုံးဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီဘက်မှ ခြောက်ဦးခန့်သေဟုဆို တိုက်ပွဲဖြစ်ပွားချိန် ၁၅ မိနစ်ခန့်ကြာမြင့်ပြီး အကြမ်းဖက်စစ်တပ်မှ ခြောက်ဦးခန့်သေဆုံးကာ ထိခိုက်မှုများစွာရှိခဲ့ပြီး ၎င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမျှမရှိခဲ့ဘဲ ပြန် လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ LuduNwayOoဇန်နဝါရီ 19, 2022
News ထိုးစစ်ဆင်ရန် ချဉ်းကပ်လာသည့် စစ်ကောင်စီတပ်ကို ဦးစွာတိုက်ခိုက်ခဲ့ဟု MNDAA ထုတ်ပြန် စစ်ကောင်စီတပ်အနေဖြင့် ဇန်နဝါရီ ၁၆ရက် နှင့်၁၇ရက် တို့တွင် မုံးကိုးခရိုင်ရှိ MNDAA တပ်စခန်းများကို လက်နက်ကြီး ၊စက်သေနတ်၊ စနိုက်ပါတို့ဖြင့် ဆက်လက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု MNDAAက ဆိုသည်။ LuduNwayOoဇန်နဝါရီ 19, 2022
News အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာမှ ပျူနှင့်စစ်ကောင်စီတပ်က ရွာသူ၊ ရွာသားများကိုဖမ်းဆီးနှိပ်စက်နေ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာသည် ပျူစောထီးအဖွဲ့ဝင်အားကောင်းသော ရွာကြီးတစ်ရွာဖြစ်ပြီး စစ်ကောင်စီတပ်များနှင့်ပူးပေါင်းကာ ရွာသူရွာသားများ၏ ဒေသထွက်ကုန်များအား တစ်ဝက်သိမ်းယူနေသည်ဟု မဟာမိတ်တပ်ပေါင်းစုက အသိပေးထားသည်။ LuduNwayOoဇန်နဝါရီ 19, 2022
News ဇိုတုန်နယ်တွင် ရက်ပိုင်းအတွင်း တိုက်ပွဲ ၁၁ကြိမ်ဖြစ်ရာစစ်ကောင်စီတပ်သား ၁၈ဥိးသေဟု CDFထုတ်ပြန် တိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ်မှ သေဆုံးသူ ၁၈ ဦးရှိကာ အများအပြားဒဏ်ရာရရှိသူများလည်း ရှိပြီး CDF-ZOTUNG မှ ကျဆုံးသူတစ်ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးရှိသည်။ LuduNwayOoဇန်နဝါရီ 19, 2022