Connect with us

Hi, what are you looking for?

LuduNwayOo

News

က​နေဒီ​တောင်​ပေါ် ​လေထီးဖြင့်ခုန်ချ​သော စစ်​ကောင်စီတပ်သား ၁၂ ဦးထဲမှတစ်ဦး​ လေထီးမပွင့်ဘဲ ​ချောက်ထဲကျ

“ချောက်ထဲ ကျသွားတာ မြင်တဲ့သူ မြင်တယ်။ တိုက်ပွဲအနေအထားကတော့ ငြိမ်နေတဲ့ ပုံစံမှာရှိတယ်”ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောသည်။ ပြုတ်ကျ​သော​ကြောင့် အဆိုပါစစ်​ကောင်စီတပ်သား ​သေဆုံးခြင်းရှိ ၊မရှိကိုမူ မသိ့ရ​သေး​ပေ။

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ကနေဒီတောင်ပေါ် ကင်းစခန်းသို့ လေထီးဖြင့် အင်အားဖြည့်သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှတစ်ဦးသည် လေထီးမပွင့်ဘဲ​ချောက်ထဲ ပြုတ်ကျသွား​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်သားများက ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၉ ရက်) နေ့လယ် ၁နာရီခန့်ကစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးသည်ရဟတ်ယာဥ်ပေါ်မှ ​လေထီးဖြင့်ခုန်ဆင်းလာသည်ကို တွေ့ရပြီး တစ်ဦးမှာ လေထီးမပွင့်ဘဲ ခြေကားယား လက်ကားယားဖြင့်​ချောက်ထဲပြုတ်ကျသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ချောက်ထဲ ကျသွားတာ မြင်တဲ့သူ မြင်တယ်။ တိုက်ပွဲအနေအထားကတော့ ငြိမ်နေတဲ့ ပုံစံမှာရှိတယ်”ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောသည်။ ပြုတ်ကျ​သော​ကြောင့် အဆိုပါစစ်​ကောင်စီတပ်သား ​သေဆုံးခြင်းရှိ ၊မရှိကိုမူ မသိ့ရ​သေး​ပေ။

ကနေဒီတောင်စခန်းကို ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ပိတ်ဆို့ထားသည်မှာ နှစ်လခန့်ကြာနေပြီဖြစ်သည်။ထို့​ကြောင့်စစ်ကောင်စီက ယင်းစခန်းသို့ လူနှင့်ရိက္ခာကို လေကြောင်းမှ ပို့ဆောင်စဥ် အထက်ပါ ​ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။