Connect with us

Hi, what are you looking for?

News

က​နေဒီ​တောင်​ပေါ် ​လေထီးဖြင့်ခုန်ချ​သော စစ်​ကောင်စီတပ်သား ၁၂ ဦးထဲမှတစ်ဦး​ လေထီးမပွင့်ဘဲ ​ချောက်ထဲကျ

“ချောက်ထဲ ကျသွားတာ မြင်တဲ့သူ မြင်တယ်။ တိုက်ပွဲအနေအထားကတော့ ငြိမ်နေတဲ့ ပုံစံမှာရှိတယ်”ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောသည်။ ပြုတ်ကျ​သော​ကြောင့် အဆိုပါစစ်​ကောင်စီတပ်သား ​သေဆုံးခြင်းရှိ ၊မရှိကိုမူ မသိ့ရ​သေး​ပေ။

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ကနေဒီတောင်ပေါ် ကင်းစခန်းသို့ လေထီးဖြင့် အင်အားဖြည့်သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှတစ်ဦးသည် လေထီးမပွင့်ဘဲ​ချောက်ထဲ ပြုတ်ကျသွား​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်သားများက ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၉ ရက်) နေ့လယ် ၁နာရီခန့်ကစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးသည်ရဟတ်ယာဥ်ပေါ်မှ ​လေထီးဖြင့်ခုန်ဆင်းလာသည်ကို တွေ့ရပြီး တစ်ဦးမှာ လေထီးမပွင့်ဘဲ ခြေကားယား လက်ကားယားဖြင့်​ချောက်ထဲပြုတ်ကျသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ချောက်ထဲ ကျသွားတာ မြင်တဲ့သူ မြင်တယ်။ တိုက်ပွဲအနေအထားကတော့ ငြိမ်နေတဲ့ ပုံစံမှာရှိတယ်”ဟု ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကပြောသည်။ ပြုတ်ကျ​သော​ကြောင့် အဆိုပါစစ်​ကောင်စီတပ်သား ​သေဆုံးခြင်းရှိ ၊မရှိကိုမူ မသိ့ရ​သေး​ပေ။

ကနေဒီတောင်စခန်းကို ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ပိတ်ဆို့ထားသည်မှာ နှစ်လခန့်ကြာနေပြီဖြစ်သည်။ထို့​ကြောင့်စစ်ကောင်စီက ယင်းစခန်းသို့ လူနှင့်ရိက္ခာကို လေကြောင်းမှ ပို့ဆောင်စဥ် အထက်ပါ ​ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook