Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းများအပေါ် စိုးရိမ်ကြောင်း အမေရိကန်ထပ်ပြော

အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy R. Sherman သည် တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Choi Jong Kun နှင့်ဆွေးနွေးစဉ် မြန်မာ့အရေးကို ထည့်သွင်းပြောကြားခြင်း ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

▪️ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်တိုးခြင်းအပါအဝင် စစ်ကောင်စီတရားစီရင်ရေးကို ဝေဖန်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ခြင်းနှင့် စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းများအပေါ် စိုးရိမ်ကြောင်း အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။

အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy R. Sherman သည် တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Choi Jong Kun နှင့်ဆွေးနွေးစဉ် မြန်မာ့အရေးကို ထည့်သွင်းပြောကြားခြင်း ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

“မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ လူမဆန်တဲ့အကြမ်းဖက်မှုတွေ၊ မတရားဖမ်းဆီးမှုတွေ၊ တရားစီရင်မှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ခြင်းတွေအပေါ် လွန်စွာစိုးရိမ် တယ်လို့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အထက်ပါ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် ၂၁ ရာစု ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို အတူတကွလုပ်ဆောင်ခြင်းဖြင့် အမေရိကန်-တောင်ကိုရီးယား မဟာမိတ်၏ အရေးပါမှုကို ထပ်လောင်းအတည်ပြုခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။