Connect with us

Hi, what are you looking for?

News

ဖလမ်းတိုက်ပွဲတွင် စစ်​ကောင်စီတပ် ၈ ဦးထပ်​သေ

တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဖလမ်း-ကလေး လမ်းတလျောက်ကို ခရီးသွားလာခြင်းမပြုရန် အများပြည်သူကို CNOက မေတ္တာရပ်ခံထားသည်။

(KNDF တပ်ဖွဲ့ ဝင်များစစ်​ရေး​လေ့ကျင့်​နေကြစဥ်)

ဖလမ်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့်ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ကြား ယမန့်နေ့က တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ၈ ဦးသေဆုံးခဲ့သည်ဟု ဖလမ်းအခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ်-CNOက ယ​နေ့သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဖလမ်းအခြေစိုက်CNDFတို့ကြားဖလမ်းမြို့နယ် လာသီးရွာနှင့် ကုလ်ဇာမ်ရွာတောင်ကြောတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်သည်။ ယမန်​နေ့တိုက်ပွဲအတွင်အကြမ်းဖက်စစ်ကောင်စီတပ်မှ ၈ ဦး​သေဆုံးခဲ့သော်လည်း CNDFမှ တစ်ဦးသာဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်ဟု ​ဖော်ပြထားသည်။

အထက်ပါတောင်ကြောတွင် အကြမ်းဖက်စစ်ကောင်စီတပ်များကို CNDF က ယမန့်နေ မနက် ၈နာရီခွဲခန့်တွင်စတင်ခုခံတိုက်ခိုက်ပြီး ထိုတိုက်ပွဲတွင်စစ်ကောင်စီတပ်သား ၄ ဦးနှင့် ညနေပိုင်း ၅နာရီခန့်တွင် CNDFက မိုင်းဆွဲတိုက်ခိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဦး ထပ်မံသေဆုံးခဲ့​ကြောင်းCNOကထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၁၉)မနက် ၉နာရီတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များက CNDF၏ တိုက်မိုင်းနင်းမီ၍ သေဆုံးဒဏ်ရာရရှိနိုင်သော်လည်း စာရင်းအတိအကျ မသိရဟု CNOကဆိုသည်။ ထိုမိုင်းနင်းမိပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များ ပြန်လည် ဆုတ်ခွာသွားသည်ဟု CNOက ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဖလမ်း-ကလေး လမ်းတလျောက်ကို ခရီးသွားလာခြင်းမပြုရန် အများပြည်သူကို CNOက မေတ္တာရပ်ခံထားသည်။

ဇန်နဝါရီလ ၁၆ ရက် ဖလမ်းမြို့နယ်၊ ပါရ်သဲ ကျေးရွာ အနီးတွင် တိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးခဲ့ပြီး ဇန်နဝါရီ ၁၇ ရက် လာသီးကျေးရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား ၈ဦးသေဆုံးခဲ့သည်ဟု CNOက သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည်ဖလမ်းမြို့ကိုစစ်ကြောင်းထိုးတိုက်ခိုက်နေမူကြောင့် ဇန်နဝါရီ ၆ ရက်မှ စတင်ပြီး ဖလမ်းမြို့နယ်အတွင်းတိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။