Connect with us

Hi, what are you looking for?

News

လွိုင်ကော်တွင် ယနေ့ တိုက်ပွဲဆက်ဖြစ်၊ ယမန်နေ့ည တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးမှုများဟု KDF ထုတ်ပြန်

တိုက်ပွဲပြင်းထန်ပြီး ၁နာရီကျော်ကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အထိနာ၍ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KDFက ထုတ်ပြန်သည်။

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် ယနေ့မွန်းလွဲပိုင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း လွိုင်ကော်မြို့ခံက ပြောသည်။

“မနေ့ကညက မြို့ပတ်ပတ်လည်မှာ တိုက်ပွဲဖြစ်တယ်။ ၅၄ တပ်နားရယ် နောက်ဒီဘက်က ဒကစရယ်၊ ပြီးတော့ ဒေါဥခူဘက်ကတော့ ပိုဆိုးတာပေါ့။ ည ၁နာရီခွဲကျော်ကျော်လောက်အထိ တိုက်ပွဲမရပ်ဘူး။ အဲဒါကြောင့် ကျင်း (ဗုံးခိုကျင်း)ထဲမှာ သွားပုံးနေရတယ်။ ဒီနေ့ ညနေခင်းလည်း စစ်ကောင်စီက ဒေါဥခူဘက်ကို အင်အားတစ်ရာ လောက်နဲ့ စစ်ကြောင်းထိုးနေတယ်တဲ့ အဲဒီဘက်မှာလည်း တိုက်ပွဲဖြစ်နေတယ် ဒီကနေ အသံကြားနေရတာပေါ့” ဟု ၎င်းက ပြောသည်။

ယမန်နေ့ညပိုင်း တိုက်ပွဲသတင်းကို ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF)က ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ဦးခန့်သေဆုံးပြီး ဒဏ်ရာရသူများပြားကြောင်း ဖော်ပြသည်။

ယမန်နေ့ညသန်းခေါင်ကျော်(ယနေ့ ဇန်နဝါရီ ၁၉)နံနက် အစောပိုင်းတွင် လွိုင်ကော် ဒေါဥခူ ရပ်ကွက်ရိ ခရိုင်အထွေထွေအုပ်ချုပ်ရေးစုပေါင်းရုံးအား KDF၊ GZ-21(Loikaw)နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့(JPDF)တို့ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲပြင်းထန်ပြီး ၁နာရီကျော်ကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အထိနာ၍ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။