Connect with us

Hi, what are you looking for?

LuduNwayOo

News

တွံတေးမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးအသတ်ခံရ

“စစ်ကောင်စီအလိုကျလုပ်နေတဲ့ ဒလန်နဲ့ စကစခန့်အုပ်ချုပ်ရေးမှူးတွေအကုန်လုံး ၎င်းတို့လုပ်ရပ်တွေကို ရပ်တန်းကချက်ခြင်းရပ်ဖို့နဲ့ ဆက်လက်လုပ်ဆောင်နေသမျှ ထိရောက်စွာ အရေးယူသွားမယ်လို့ အသိပေးချင်ပါတယ်”ဟု တွ့တေးမြို့နယ် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း မြို့ပြပြောက် ကျားတပ်ဖွဲ့(တွံတေး)က ယနေ့(ဇန်နဝါရီ ၁၉)ထုတ်ပြန်သည်။

တွံတေးမြို့နယ် ကျိုက်သလဲကျေးရွာအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဒလန်မြင့်သိန်းဆိုသူအား ယနေ့ညနေ ၄ နာရီ ၁၅ ခန့်တွင် ပစ်ခတ်ရှင်းလင်း အရေးယူလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဒလန်မြင့်သိန်းသည် ပြည်သူများ ဆန္ဒထုတ်ဖော်နေစဥ်ကာလကတည်းက ပြည်သူများအား ခြိမ်းခြောက်ခြင်းပြုလုပ်နေသူဖြစ်ပြီး စစ်ကောင်စီအား သတင်းပေးခြင်း၊ ထောက်ပံ့ခြင်းများ ပြုနေသူဖြစ်သည့်အပြင် ကျေးရွာနေပြည်သူများအား လျှပ်စစ်မီတာခ ပေးဆောင်ရန် ဖိ အားပေး၍ လျှပ်စစ်မီတာခငွေများအား ကိုယ်ကျိုးရှာ သုံးစွဲနေသူဖြစ်ကြောင်း ခိုင်လုံသောသက်သေနှင့်တကွ ရရှိပြီးဖြစ်၍ အရေးယူဆောင်ရွက်ရခြင်းဖြစ်သည်”ဟု တွံတေးမြို့နယ် မြို့ပြပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

“စစ်ကောင်စီအလိုကျလုပ်နေတဲ့ ဒလန်နဲ့ စကစခန့်အုပ်ချုပ်ရေးမှူးတွေအကုန်လုံး ၎င်းတို့လုပ်ရပ်တွေကို ရပ်တန်းကချက်ခြင်းရပ်ဖို့နဲ့ ဆက်လက်လုပ်ဆောင်နေသမျှ ထိရောက်စွာ အရေးယူသွားမယ်လို့ အသိပေးချင်ပါတယ်”ဟု တွ့တေးမြို့နယ် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်လက်၍လည်း စစ်ကောင်စီ၏ထောက်တိုင်များ၊ သတင်းပေးဒလန်များအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ပြပြောက်ကျားတပ်က သတိပေးထားသည်။

ပစ်ခတ်ရှင်းလင်းခြင်းခံရသည့် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းသည် ကျိုက်သလဲကျေးရွာ၌ စစ် ကောင်စီကခန့်အပ်သည့် တတိယမြောက်အုပ် ချုပ်ရေးမှူးဖြစ်ပြီး ကြံ့ဖွံ့ပါတီ၏ ရပ်ကျေးဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။