Connect with us

Hi, what are you looking for?

News

တွံတေးမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးအသတ်ခံရ

“စစ်ကောင်စီအလိုကျလုပ်နေတဲ့ ဒလန်နဲ့ စကစခန့်အုပ်ချုပ်ရေးမှူးတွေအကုန်လုံး ၎င်းတို့လုပ်ရပ်တွေကို ရပ်တန်းကချက်ခြင်းရပ်ဖို့နဲ့ ဆက်လက်လုပ်ဆောင်နေသမျှ ထိရောက်စွာ အရေးယူသွားမယ်လို့ အသိပေးချင်ပါတယ်”ဟု တွ့တေးမြို့နယ် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

People's Spring
People's Spring

ရန်ကုန်တိုင်း တွံတေးမြို့နယ်တွင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း မြို့ပြပြောက် ကျားတပ်ဖွဲ့(တွံတေး)က ယနေ့(ဇန်နဝါရီ ၁၉)ထုတ်ပြန်သည်။

တွံတေးမြို့နယ် ကျိုက်သလဲကျေးရွာအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဒလန်မြင့်သိန်းဆိုသူအား ယနေ့ညနေ ၄ နာရီ ၁၅ ခန့်တွင် ပစ်ခတ်ရှင်းလင်း အရေးယူလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဒလန်မြင့်သိန်းသည် ပြည်သူများ ဆန္ဒထုတ်ဖော်နေစဥ်ကာလကတည်းက ပြည်သူများအား ခြိမ်းခြောက်ခြင်းပြုလုပ်နေသူဖြစ်ပြီး စစ်ကောင်စီအား သတင်းပေးခြင်း၊ ထောက်ပံ့ခြင်းများ ပြုနေသူဖြစ်သည့်အပြင် ကျေးရွာနေပြည်သူများအား လျှပ်စစ်မီတာခ ပေးဆောင်ရန် ဖိ အားပေး၍ လျှပ်စစ်မီတာခငွေများအား ကိုယ်ကျိုးရှာ သုံးစွဲနေသူဖြစ်ကြောင်း ခိုင်လုံသောသက်သေနှင့်တကွ ရရှိပြီးဖြစ်၍ အရေးယူဆောင်ရွက်ရခြင်းဖြစ်သည်”ဟု တွံတေးမြို့နယ် မြို့ပြပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

“စစ်ကောင်စီအလိုကျလုပ်နေတဲ့ ဒလန်နဲ့ စကစခန့်အုပ်ချုပ်ရေးမှူးတွေအကုန်လုံး ၎င်းတို့လုပ်ရပ်တွေကို ရပ်တန်းကချက်ခြင်းရပ်ဖို့နဲ့ ဆက်လက်လုပ်ဆောင်နေသမျှ ထိရောက်စွာ အရေးယူသွားမယ်လို့ အသိပေးချင်ပါတယ်”ဟု တွ့တေးမြို့နယ် မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်လက်၍လည်း စစ်ကောင်စီ၏ထောက်တိုင်များ၊ သတင်းပေးဒလန်များအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ပြပြောက်ကျားတပ်က သတိပေးထားသည်။

ပစ်ခတ်ရှင်းလင်းခြင်းခံရသည့် အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းသည် ကျိုက်သလဲကျေးရွာ၌ စစ် ကောင်စီကခန့်အပ်သည့် တတိယမြောက်အုပ် ချုပ်ရေးမှူးဖြစ်ပြီး ကြံ့ဖွံ့ပါတီ၏ ရပ်ကျေးဥက္ကဋ္ဌတစ်ဦးလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook