Connect with us

Hi, what are you looking for?

News

ကသာမြို့နယ် မှတ်တိုင်ရွာကို စစ်​ကောင်စီဗုံးကြဲ က​​လေးငယ်နှစ်ဦးအပါအဝင် ၂ ဦးဒဏ်ရာရ၊ ဘုရား​စေတီအချို့ထိခိုက် ပျက်စီး

စစ်​ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စေတီတော်ကြီးနှင့်အရံစေတီ၁ဆူအားထိမှန်ပြီး ဘုရားအရံတံတိုင်းနှင့်အာရုံခံအမိုးသွပ်များပေါက်ပြဲခဲ့ကြောင်း Katha Revolution -IRက သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ- Katha Revolution-IR

စစ်ကိုင်းတိုင်း ကသာမြို့နယ် မှတ်တိုင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်တစ်ဦး အပါအဝင်နှစ်ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဘုရားစေတီအချို့လည်းထိခိုက်ပျက်စီးခဲ့ကြောင်း ​ဒေသခံများက ပြောသည်။

ဓါတ်ပုံ- Katha Revolution-IR

အာဏာသိမ်းစစ်​ကောင်စီတပ်က ကသာမြို့နယ် မှတ်တိုင်ကျေးရွာရွာဦးရှိ လောကသရဖူ ဘုရားကုန်းတွင်တည်ထား ကိုးကွယ်သော စေတီတော်နှင့် အာရုံခံ တန်ဆောင်း အပါအဝင် အနီးနားရှိနေရာများကိုယမန်နေ့ (ဇန်နဝါရီ ၁၈ ရက် )မွန်းလွဲ ၂ နာရီ ၂၈ မိနစ်ခန့်ကဂျက်လေယာဥ်​ပေါ်မှ စစ်သေနတ်ဖြင့်ပစ်ပြီး ဗုံးနှစ်လုံးကြဲခဲ့သည်။

ဓါတ်ပုံ- Katha Revolution-IR

စစ်​ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် စေတီတော်ကြီးနှင့်အရံစေတီ၁ဆူအားထိမှန်ပြီး ဘုရားအရံတံတိုင်းနှင့်အာရုံခံအမိုးသွပ်များပေါက်ပြဲခဲ့ကြောင်း Katha Revolution -IRက သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ- Katha Revolution-IR

ထို့အပြင် ​လေ​ကြောင်းမှပစ်ခတ်တိုက်ခိုက်မှု​ကြောင့် ဇရစ်ခူးပြန်လာသူ ဦးတောင်(၅၀)နှစ်မှာနှဖူးထိမှန်ခဲ့သလို၊ ဘုရားရင်ပြင်တွင်ဆော့ကစားနေသော အသက် ၈ နှစ်အရွယ်မောင်ကျော်ဝေမိုးမှာ ကျောကုန်းတွင်ဗုံးစထိမှန်ခဲ့သည်။ဗုံးစ ထိမှန်ခဲ့သော ရွာသား ၂ ဦးအား Katha Medical Team မှဆေးကုသပေးနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယမန်​နေ့ ည ၈ နာရီအချိန်ခန့်တွင် ကသာမြို့နယ်၊ အင်းရွာ ကျေးရွာ၌ တပ်စွဲထားသော စစ်​ကောင်စီတပ်များ ကင်းလှည့်လာချိန်တွင် ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)များနှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။စစ်​ကောင်စီတပ်သားများဘက်မှထိခိုက်ဒဏ်ရာအများအပြားရှိခဲ့ပြီး မိမိတို့တပ်ဖွဲ့များ ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ- Katha Revolution-IR

ယနေ့ (ဇန်နဝါရီ ၁၉ ရက်) နံနက် ၄ နာရီခန့်တွင် အင်းရွာကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သည် အင်းရွာကျေးရွာနေ ပြည်သူတစ်ဦး၏ နေအိမ်ပရိဘောဂများအားဖျက်ဆီးခဲ့ပြီး အပြန်တွင် နေအိမ်ကိုပါမီးရှို့ဖျက်ဆီးသွားခဲ့​ကြောင်း KATHA Revolution – IR က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရှေးဟောင်းမြို့တော် ပုဂံမြို့တဖက်ကမ်းက မကွေးတိုင်း၊ပခုက္ကူခရိုင်က မြစ်ခြေမြို့ကို စစ်တပ်က ၂ပတ်နီးပါးကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး ပြည်သူ ၇ဦးခန့် ဒဏ်ရာရရာကာ နေအိမ်ပျက်စီးမှုတွေဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို စစ်တပ်ကလေကြောင်းကနေ ထပ်မံဗုံးကြဲနေတဲ့အပြင် ကသာမြို့မှာလည်း ဗုံးကြဲလို့ သီလရှင်တစ်ပါး ကွယ်လွန်ခဲ့ပါတယ်။

Facebook