News ကလေးမြို့နယ်အတွင်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်နှင့် ပျူစောထီး အနည်းဆုံး ၃ ဦးသေ ၊ ၁၀ ဦး ဒဏ်ရာရ အောက်တိုဘာ ၁၉ ရက်နှင့် ၂၁ ရက်နေ့ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများ အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကာ PDF (Kalay) တပ်ဖွဲ့ဝင်သုံး ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရကာတစ်ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ပြည်သူသို့ အသေးစိတ် ရှင်းပြထားသည်။ LuduNwayOoအောက်တိုဘာ 26, 2021
News မန္တလေးက မြရည်နန္ဒအိမ်ယာ တိုက်ခန်းတွေကို အခန်းနံပါတ်တပ်ထားကြဖို့စစ်ကောင်စီခြိမ်းခြောက် အဲဒီအိမ်ရာက တိုက်ခန်းတွေကို မနေ့က တစ်ခန်းဝင်တစ်ခန်းထွက် မွေနှောက်ပြီးတဲ့နောက် တစ်ရက်အကြာ ဒီနေ့မှာစစ်ကောင်စီက ဆော်သြတာလည်းဖြစ်ပါတယ်။ LuduNwayOoအောက်တိုဘာ 26, 2021
News မိတ္ထီလာမြို့နယ်တွင်Zero Armyက စစ်ကောင်စီတပ်ကိုတိုက်ခိုက်၍ ကိုးဦးထက်မနည်းသေဆုံးဟု ထုတ်ပြန် မိတ္ထီလာမြို့ပေါ် အမှတ် (၂) ရဲစခန်းအရှေ့ ရပ်ထားသည့် ကင်းလှည့် စစ်ကားပေါ် ပေါက်ကွဲမှုတွင်ရဲတစ်ဦး အခင်းဖြစ်ပွားရာ နေရာတွင်ပင်သေဆုံးကာ ရဲသုံးယောက်နှင့် စစ်သား ၁ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ LuduNwayOoအောက်တိုဘာ 26, 2021
News တနိုင်းတွင် စစ်ကောင်စီတပ်ကို KIA ထပ်မံတိုက်ခိုက် စက်တင်ဘာမှစ၍ တနိုင်း လီဒိုလမ်းတစ်လျှောက် အာဏာသိမ်းတပ်ဖွဲ့မှ ဆက်တိုက် စစ်ရေးလှုပ်ရှားလာ၍ မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဆိုသည်။ LuduNwayOoအောက်တိုဘာ 26, 2021
News စစ်ကောင်စီက ပဲခူးနှင့်တောင်ငူမြို့တို့တွင် CCTVတပ်ရန် စီစဥ် “ဒီစနစ်မှာ ဘာတွေပါမလဲ အသေးစိပ်တော့ မသိသေးဘူး၊ လူတွေရဲ့မျက်နှာကို ဖတ်ပြီး ခြေရာခံနိုင်တဲ့ စနစ်တွေ၊ တမြို့လုံးကို လွှမ်းခြုံနိုင်တဲ့ စောင့်ကြည့်ရေးစနစ်တွေဖြစ်လာနိုင်တယ်”ဟု ၎င်းက သုံးသပ်သည်။ LuduNwayOoအောက်တိုဘာ 26, 2021
News ကရင်ပြည်နယ်နေ့ပွဲတော် တစ်မြို့နယ်တစ်ဒုံးထွက်ဖို့ စစ်ကောင်စီညွှန်ကြားထား ကရင်ပြည်နယ်နေ့ပွဲတော်မှာ ဒုံးအဖွဲ့တွေ သွားရောက်ကပြဖို့ရှိနေပြီး အဲ့ဒီဒုံးအဖွဲ့တွေမှာ ကဖို့ လူငယ်ဒုံးသမားတွေကို ဒုံးဆရာနဲ့ ရွာအုပ်ချုပ်ရေးမှူးတွေက အစည်းအဝေးခေါ်ယူပြီး လိုက်လံစည်းရုံးနေတယ်လို့ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။ LuduNwayOoအောက်တိုဘာ 25, 2021
News မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းကို PDFများ ပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးဟု PDF ထုတ်ပြန် အဆိုပါတိုက်ပွဲသည် ၂နာရီကျော်ကြာမြင့်ခဲ့ပြီးစစ်ကောင်စီတပ်သား ငါးဦးသေဆုံးကာ PDFတပ်ဖွဲ့ဝင်တစ်ဦးကျည်ထိမှန်ခဲ့သည်။သို့သော် လက်ရှိတွင် ဆေးကုသမှုခံယူပြီးနောက် အသက်အန္တရာယ် စိုးရိမ်မှုမရှိတော့ကြောင်း CDSOMက အသိပေးသည်။ LuduNwayOoအောက်တိုဘာ 25, 2021
News KNU တပ်မဟာ(၁)နှင့် တစ်ရက်အတွင်းတိုက်ပွဲ ငါးနေရာဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁၄ဦးသေ KNU ဘီးလင်းမြို့နယ် ဝင်းတာပန်ကျေးရွာတွင် စခန်း ချထားသော စစ်ကောင်စီနှင့် ကရင်နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းစခန်းမှ တပ်ချိန်းပြီးပြန်လာသော တပ်ဖွဲ့ကို KNU တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်ဖြစ်ကြောင်း ဖော်ပြထားသည်။ LuduNwayOoအောက်တိုဘာ 25, 2021
News ကော့ကရိတ်ဘက်မှာ စစ်ကောင်စီတပ်ဖမ်းဆီးသွားတဲ့ မသန်စွမ်းရွာသားတစ်ဦးရဲ့အလောင်းတွေ့ အောက်တိုဘာ ၁၉ ရက်က ရွာသစ်ကျေးရွာမှာ ဝင်ရောက်လာတဲ့ စစ်တပ်က ရွာသားတစ်ဦးဖြစ်တဲ့ အသက် ၄၀ ကျော် ဦးမြင့်အောင်ကို ဖမ်းဆီးလိုက်ပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ LuduNwayOoအောက်တိုဘာ 25, 2021
News မင်းအောင်လှိုင်တက်ခွင့်မရတဲ့ အာဆီယံထိပ်သီး ညီလာခံမှာ စစ်ကောင်စီလက်အောက်ခံအမြဲတမ်းအတွင်းဝန်ကို ဖိတ်ကြားထားတယ်လို့ဆို အောက်တိုဘာ ၂၆ ကနေ ၂၈ အထိ သုံးရက်ကြာပြုလုပ်မယ့် အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်အစည်း အဝေးတွေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်နဲ့ ရုရှားက ခေါင်းဆောင်တွေလည်း တက်ရောက်ကြမယ်လို့ ဆိုပါတယ်။ LuduNwayOoအောက်တိုဘာ 25, 2021