Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးဟု KNDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်များ သည် ဒီး‌‌မော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့မှ စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖက်မှ ၁ဝဦး ထက်မနည်း သေဆုံးကာ စစ်ကားနှစ်စီး ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ယနေ့(အောက်တိုဘာ၂၆) ညနေပိုင်းက ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

ယနေ့ညနေ ၄နာရီတွင် ဒီးမော့ဆိုမြို့နယ် ထွီလွီးဘီလာကျေးရွာနှင့် ငွေတောင်ရွာသစ်ကျေးရွာအကြား၌ ၂နာရီခွဲ နီးပါး တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ သည် ဒီး‌‌မော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့မှ စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖက်မှ ၁ဝဦး ထက်မနည်း သေဆုံးကာ စစ်ကားနှစ်စီး ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ကရင်နီတပ်မတော် (KA)နှင့် KNDF တပ်တို့မှ ထိခိုက်မှုမရှိကြောင်းဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်များက ဒီး‌မော့ဆိုသဲတောင်နှင့်ခြေရာတော်ဘုရား အနီးတဝိုက်တွင် တပ်စွဲလျက်ရှိပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် လူနေရပ်ကွက်များသို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ယနေ့ညနေပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားရာ ဒီး‌မော့ဆိုမြို့ကောင်းကင် ၌ အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်သုံးလေယာဥ် ပျံဝဲခဲ့ကြောင်း KNDFက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့၌ စစ်ဆင်‌ရေး များပြုလုပ်လျက်ရှိပြီး ယခုရက်ပိုင်း မိုးဗြဲနှင့် ဒီးမော့ဆိုတို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက် ရှိသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။