Connect with us

Hi, what are you looking for?

News

အာဆီယံထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီကို နိုင်ငံခေါင်းဆောင်တွေ ဘယ်လိုမှတ်ချက်ပြုလဲ

ကိုဗစ်ကြောင့် အစည်းအဝေးကို အွန်လိုင်းကကျင်းပတာဖြစ်ပြီး စစ်ခေါင်းဆောင်ကိုမဖိတ်ဘဲ နိုင်ငံခြားရေးကအရာရှိတစ်ဦးကိုဖိတ်ပေမယ့်နောက်ဆုံးအချိန်ထိ စစ်ကောင်စီဘက်က တက်ရောက်မယ့်သူကို့ပေးပို့လာတာမရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီခေါင်းဆောင်ကို ချန်လှပ်ပြီး ဒီနေ့စတင်ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ နိုင်ငံခေါင်းဆောင်အသီးသီးက စစ်ကောင်စီနဲ့ပတ်သက်ပြီး မှတ်ချက်အသီးသီး​ပေးကြပါတယ်။

ကိုဗစ်ကြောင့် အစည်းအဝေးကို အွန်လိုင်းကကျင်းပတာဖြစ်ပြီး စစ်ခေါင်းဆောင်ကိုမဖိတ်ဘဲ နိုင်ငံခြားရေးကအရာရှိတစ်ဦးကိုဖိတ်ပေမယ့်နောက်ဆုံးအချိန်ထိ စစ်ကောင်စီဘက်က တက်ရောက်မယ့်သူကို့ပေးပို့လာတာမရှိဘူးလို့ သိရပါတယ်။

အဲဒီအစည်းအဝေးကို တက်ရောက်လာတဲ့ မလေးရှားဝန်ကြီးချုပ်က မြန်မာ့အရေးကို ဖြေရှင်းဖို့ သဘောတူညီထားတဲ့ အာဆီယံ ဘုံသဘောတူညီချက်တွေကိုဖော်ဆောင်ဖို့ပျက်ကွက်တဲ့အတွက် စစ်ကောင်စီကို တက်ခွင့်မပေးတဲ့ ဆုံးဖြတ်ချက်ကို လုံးဝထောက်ခံတယ်လို့ ဆိုထားပါတယ်။

စင်ကာပူဝန်ကြီးချုပ်ကလည်း အာဆီယံရဲ့ ဂုဏ်သိက္ခာအတွက် စိန်ခေါ်မှုများပြားတဲ့ကာလမှာ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ချနိုင်ခဲ့တာကို ထောက်ခံတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့ စင်ကာပူဝန်ကြီးချုပ်က တိုက်တွန်းပါတယ်။

ထိုင်းဝန်ကြီးချုပ်ကလည်း စစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေဟာ အာဆီယံအဖွဲ့ကြီးရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း ကို စမ်းသပ်နေတာလို့ ပြောပါတယ်။ ဒီအရေးမှာ အဖွဲ့ကြီးရဲ့ နိုင်ငံတကာ ဂုဏ်သိက္ခာကိုလည်းကြည့်ရမယ်လို့ ထိပ်သီးအစည်းအဝေးမှာပြောပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးကို ၃ ရက်ကြာကျင်းပမှာဖြစ်ပြီးကျန်ရက်တွေမှာ အမေရိကန်သမ္မတ တက်ရောက်ဖို့ရှိနေပါတယ်။

စစ်ကောင်စီဟာ သူတို့ရဲ့ခေါင်းဆောင်ကို တက်ခွင့်မပေးတာကြောင့် အခြားအဆင့် ကိုယ်စားလှယ် တစ်ဦး တက်ခွင့်ပြုတာကိုလည်း ငြင်းဆန်ထားတာပါ။

ဒါအပြင် ထိပ်သီးအစည်းအဝေးကို တက်ခွင့်မပြုတဲ့ အာဆီယံ ရဲ့ ဆုံးဖြတ်ချက်ဟာ အဖွဲ့ကြီးရဲ့ ပဋိဉာဉ်ကိုချိုးဖောက်ရာရောက်တဲ့အပြင် အဖွဲ့ကြီး ရဲ့စည်းလုံးမှုအပေါ် သက်ရောက်လာနိုင်တယ်လို့ သတိပြန်ပေးထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook