Connect with us

Hi, what are you looking for?

News

ဖယ်ခုံမြို့နယ်တွင် စစ်​ကောင်စီတပ်နှင့် PDFတို့ တိုက်ပွဲဖြစ်

တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ခန့်ကြာမြင့်ခဲ့ပြီး ၎င်းတို့ရဲဘော် တစ်ဦးခြေသလုံးရှပ်ထိ(မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိ ခိုက်သေဆုံးမှုကို သိရှိနိုင်ခြင်းမရှိခဲ့ဟု ဖယ်ခုံPDF က ဆိုသည်။

ရှမ်း-ကယားပြည်နယ်အစပ် ဖယ်ခုံမြို့နယ်တွင် အ​​ကြမ်းဖက်စစ်ကောင်စီနှင့် ဖယ်ခုံပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသည်။

အောက်တိုဘာ ၂၆ ရက် ညနေပိုင်းကစ၍ ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု ကသဲကျေးရွာ အနီးတောင်ကုန်းပေါ် တပ်စွဲထားသောစကစတပ်နှင့်ဖယ်ခုံPDF နှင့်ပူးပေါင်းအဖွဲ့တို့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ခန့်ကြာမြင့်ခဲ့ပြီး ၎င်းတို့ရဲဘော် တစ်ဦးခြေသလုံးရှပ်ထိ(မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိ ခိုက်သေဆုံးမှုကို သိရှိနိုင်ခြင်းမရှိခဲ့ဟု ဖယ်ခုံPDF က ဆိုသည်။

ထို့အပြင် အ​ကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖယ်ခုံမြို့တွင်းအကြောင်းမဲ့ပစ်ခတ်နေခြင်းကြောင့် ပြည်သူ သုံးဦးကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“ဟိုတစ်နေ့က ခမရ ၃၃၆ ကို ဝင်တိုက်ခံလိုက်ရလို့ ထိုးစစ်ဆင်မယ့် ပုံတော့ရှိတယ်။ပြီးတော့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင် စကခ(စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်)-၇ ဆီရောက်နေပြီလို့ သတင်းအတိအကျကြားထားရတယ်”ဟု ဖယ်ခုံ PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယ​နေ့(အောက်တိုဘာ ၂၇ ရက်)နံနက်ပိုင်းအခြေအနေ အရ ဖယ်ခုံ-ရွှေပြည်အေးလမ်းလမ်းကြောတောင်ကုန်းပေါ် ၌ စစ်ကောင်စီက အင်အားအများပြားချထားပြီး ဖယ်ခုံမြို့ပေါ်တွင် အကြောင်းမဲ့ပစ်ခတ်နေခြင်းနှင့် စစ်ဆေးရှာဖွေခြင်းများ ပြုလုပ်လျှက်ရှိသည်။

ယနေ့ နံနက်အစောပိုင်းကလည်း ဖယ်ခုံ PDF နှင့် တိုက်ပွဲ ဖြစ်ပွားရာ ကုန်းဆုံကျေးရွာအုပ်စု ကသဲကျေးရွာ ဘက်သို့ လက်နက်ကြီးများအသုံးပြု ပစ်ခတ်နေကြောင်း ဖယ်ခုံ PDF က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook