Connect with us

Hi, what are you looking for?

News

ထိပ်သီးအစည်းအဝေးမတက်တာ အာဆီယံ ကို သပိတ်မှောက်တာမဟုတ်ကြောင်းစစ်ကောင်စီပြန်ရှင်း

အစည်းအဝေးကိုမတက်တာဟာ အာဆီယံပဋိဉာဉ် မူတွေအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ရသင့်တဲ့အခွင့်အရေးကို တောင်းဆိုတာဖြစ်တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

ထိပ်သီးအစည်းအဝေးကို မတက်ရောက်တာဟာ အာဆီယံကို သပိတ်မှောက်တာမဟုတ်ကြောင်း စစ်ကောင်စီ ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒါအပြင် စစ်ကောင်စီခေါင်းဆောင်ကိုတက်ခွင့်မပေးလို့ မကျေနပ်တာလည်းမဟုတ်ဘူးလို့ ဆိုပါတယ်။

အစည်းအဝေးကိုမတက်တာဟာ အာဆီယံပဋိဉာဉ် မူတွေအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ရသင့်တဲ့အခွင့်အရေးကို တောင်းဆိုတာဖြစ်တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

ဒီနေ့မှာ စတင်ကျင်းပတဲ့အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီ ခေါင်းဆောင်ကိုတက်ခွင့်မပြုပေမယ့် စစ်ကောင်စီနိုင်ငံခြားရေး ဌာနက ရာထူးအကြီးပိုင်းတစ်ဦးကိုတက်ခွင့်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် စစ်ကောင်စီဟာ အဲဒီသူကို အစည်းအဝေးစေလွှတ်တာမတွေ့ရပါဘူး။

စစ်ကောင်စီနဲ့အာဆီယံ ကြားတင်းမာမှုတွေဖြစ်နေချိန်မှာ NUG က အာဆီယံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အာဆီယံဆိုင်ရာ သံအမတ်ကြီး တစ်ဦးကိုခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

စစ်ကောင်စီကတော့ သူ့တို့ကိုယ်တိုင်သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်တဲ့အတွက် ထိပ်သီးအစည်းအဝေးကိုတက်ရောက်ခွင့်မရခဲ့တာပါ။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook