Connect with us

Hi, what are you looking for?

LuduNwayOo

News

ထိပ်သီးအစည်းအဝေးမတက်တာ အာဆီယံ ကို သပိတ်မှောက်တာမဟုတ်ကြောင်းစစ်ကောင်စီပြန်ရှင်း

အစည်းအဝေးကိုမတက်တာဟာ အာဆီယံပဋိဉာဉ် မူတွေအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ရသင့်တဲ့အခွင့်အရေးကို တောင်းဆိုတာဖြစ်တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

ထိပ်သီးအစည်းအဝေးကို မတက်ရောက်တာဟာ အာဆီယံကို သပိတ်မှောက်တာမဟုတ်ကြောင်း စစ်ကောင်စီ ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒါအပြင် စစ်ကောင်စီခေါင်းဆောင်ကိုတက်ခွင့်မပေးလို့ မကျေနပ်တာလည်းမဟုတ်ဘူးလို့ ဆိုပါတယ်။

အစည်းအဝေးကိုမတက်တာဟာ အာဆီယံပဋိဉာဉ် မူတွေအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ ရသင့်တဲ့အခွင့်အရေးကို တောင်းဆိုတာဖြစ်တယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

ဒီနေ့မှာ စတင်ကျင်းပတဲ့အာဆီယံ ထိပ်သီးအစည်းအဝေးကို စစ်ကောင်စီ ခေါင်းဆောင်ကိုတက်ခွင့်မပြုပေမယ့် စစ်ကောင်စီနိုင်ငံခြားရေး ဌာနက ရာထူးအကြီးပိုင်းတစ်ဦးကိုတက်ခွင့်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် စစ်ကောင်စီဟာ အဲဒီသူကို အစည်းအဝေးစေလွှတ်တာမတွေ့ရပါဘူး။

စစ်ကောင်စီနဲ့အာဆီယံ ကြားတင်းမာမှုတွေဖြစ်နေချိန်မှာ NUG က အာဆီယံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ အာဆီယံဆိုင်ရာ သံအမတ်ကြီး တစ်ဦးကိုခန့်အပ်တာဝန်ပေးလိုက်ပါတယ်။

စစ်ကောင်စီကတော့ သူ့တို့ကိုယ်တိုင်သဘောတူထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်တဲ့အတွက် ထိပ်သီးအစည်းအဝေးကိုတက်ရောက်ခွင့်မရခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။