သတင်း လားရှိုးမြို့ ယမန်နေ့ည စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှု ပြည်သူ ၉ဦး ဒဏ်ရာရ ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ယမန်နေ့ (စက်တင်ဘာ ၃၀ရက်) ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒဏ်ရာပြင်းထန်သူ ၃ဦး အပါအဝင် ပြည်သူ ၉ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံက ပြောသည်။ ludunwayooအောက်တိုဘာ 1, 2024
သတင်း ရွှေကျင်၊ ကျောက်ကြီးနှင့် မုန်းမြို့နယ်ကိုစစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်၊အရပ်သား ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ရွှေကျင်၊ ကျောက်ကြီးနှင့် မုန်းမြို့နယ်အတွင်းရှိ ပြည်သူလူထု နေထိုင်ရာနေရာများသို့ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း KNU ဗဟိုက ယမန်နေ့တွင် ထုတ်ပြန်သည်။ ludunwayooအောက်တိုဘာ 1, 2024
သတင်း ကန့်ဘလူမြို့နယ် လေကြောင်းတိုက်ခိုက်မှု ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီက ကျေးရွာ၂ရွာအား လေကြောင်းတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် လူနေအိမ် ၄လုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ ludunwayooအောက်တိုဘာ 1, 2024
သတင်း စစ်ကောင်စီ ကောလင်းမြို့နယ်အတွင်းဗုံးကြဲ ဒေသခံပြည်သူ ၇ ဦးသေဆုံး စစ်ကောင်စီက ကောလင်းမြို့နယ်အတွင်းသို့ စက်တင်ဘာလ ၃၀ရက်နေ့က တိုက်လေယာဥ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ခုနစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရှိခဲ့သည်။ ludunwayooအောက်တိုဘာ 1, 2024
သတင်း လားရှိုးမြို့ကို စစ်ကောင်စီဗုံးထပ်ကြဲ လားရှိုးမြို့ကို စစ်ကောင်စီက ယနေ့(စက်တင်ဘာ လ၃၀ ရက်) ညနက်ပိုင်းတွင် ဂျက်ဖိုက်တာနှစ်စီးဖြင့်လေကြောင်းမှထပ်မံဗုံးကြဲသည်။ ludunwayooစက်တင်ဘာ 30, 2024
သတင်း စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆိုကာ ပြည်သူ့အသက်အိုးအိမ်လုံခြုံရေးဂရုမစိုက်ဘဲ နိုင်ငံအနှံ့ ဗုံးကြဲတိုက်ခိုက်နေဟု MNDAA ထုတ်ပြန် စစ်ကောင်စီအနေဖြင့် စက်တင်ဘာလဆန်းကစ၍ "တန်ပြန်ထိုးစစ်"ဟုခေါ်သည့် စစ်ဆင်ရေးစတင်ခဲ့ရာ ပြည်သူများ၏ အသက်နှင့် ဥစ္စာပစ္စည်းများလုံခြုံရေးကို လုံးဝဂရုမစိုက်ဘဲ နိုင်ငံအနှံ့၊ နေရာအနှံ့ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။ ludunwayooစက်တင်ဘာ 30, 2024
သတင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုပူးပေါင်းပါဝင်သူများကို ထိရောက်စွာအရေးယူမည်ဟု ချင်းညီနောင် ကြေညာ စစ်ကောင်စီမှ သန်းခေါင်စာရင်းကောက်ယူရန် ပြင်ဆင်မှုအပေါ် ချင်းဒေသကာကွယ်ရေးအဖွဲ့များဖြင့် စုဖွဲ့ထားသည့် ချင်းညီနောင်က သဘောထား ထုတ်ပြန်ကြေညာခဲ့ရာ သန်းခေါင် စာရင်း ကောက်ယူရာတွင် ပူးပေါင်းပါဝင်သူ မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူမည်ဟု သတိပေးလိုက်သည်။ ludunwayooစက်တင်ဘာ 30, 2024
သတင်း စစ်ကောင်စီ၏သန်းခေါင်စာရင်းနှင့် ရွေးကောက်ပွဲသပိတ်မှောက်ရန် သရက်ချောင်းတွင် လှုံ့ဆော်မှုပြုလုပ် တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူနေမှုနှင့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများဆန့်ကျင်ကြရန် လှုံ့ဆော်သည့် လှုပ်ရှားမှုတစ်ရပ်ကို ယနေ့ (စက်တင်ဘာ ၃၀)နံနက်က ပြုလုပ်ခဲ့သည်။ ludunwayooစက်တင်ဘာ 30, 2024
သတင်း သန်းခေါင်စာရင်းကောက်ယူရန် ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအား အိမ်ပြန်ရန် စစ်ကောင်စီ ဖိအားပေးနေ ရေဘေးသင့်ဒေသများတွင် သန်းခေါင်စာရင်းကောက်နိုင်ရေးအတွက် ကယ်ဆယ်ရေးစခန်းများရှိပြည်သူများအား အိမ်ပြန်ရန် စစ်ကောင်စီကဖိအားပေးနေကြောင်း သတင်းရရှိသည်။ ludunwayooစက်တင်ဘာ 30, 2024
သတင်း လားရှိုးမြို့ကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက်၍ ပြည်သူတစ်ဦးထိခိုက်၊ နေအိမ်များပျက်စီး ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စစ် ကောင်စီက ယမန်နေ့ညသန်းခေါင်ချိန်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ တစ်ဦး ထိခိုက်ခဲ့ကြောင်းဒေသခံက ပြောသည်။ ludunwayooစက်တင်ဘာ 30, 2024