Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်တိုက်ပွဲ စစ်​ကောင်စီတပ် ၃၅ဦး​​ကျော်သေ၊၄၃ ဦးအရှင်ဖမ်မိ ၊လက်နက်မျိုးစုံ ၅၇ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိ

ဘုတလင်မြို့နယ် တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ၃၅ ဦး​​ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၄၃ ဦးဖမ်းမိကာလက်နက်မျိုးစုံ ၅၇ လက်နက် နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့​ကြောင်း မုံရွာခရိုင်အမှတ်(၂၀)တပ်ရင်း က​အောက်တိုဘာ ၁ ရက်ညတွင် ထုတ်ပြန်သည်။

ဖမ်းဆီးရရှိ​​သော စစ်သုံ့ပန်းများ နှင့် သိမ်းဆည်းရရှိ​​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ- CJ ၊ မုံရွာခရိုင်အမှတ်(၂၀) တပ်ရင်း-BOB

“အထိအခိုက် နည်းနည်းနဲ့ ချေမှုန်း နိုင်တာ စည်းလုံးမူ့,စုဖွဲ့မူ့,ညီညွတ်မူ့ ကြောင့်ပါပဲဗျ”

— တာဝန်ရှိသူ (မုံရွာခရိုင်အမှတ်၂၀တပ်ရင်း BOB)

ဒီပ/People’s Spring

ဘုတလင်မြို့နယ် တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ၃၅ ဦး​​ကျော်သေဆုံးပြီး စစ်သုံ့ပန်း ၄၃ ဦးဖမ်းမိကာလက်နက်မျိုးစုံ ၅၇ လက်နက် နှင့် ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့​ကြောင်း မုံရွာခရိုင်အမှတ်(၂၀)တပ်ရင်း က​အောက်တိုဘာ ၁ ရက်ညတွင် ထုတ်ပြန်သည်။

စက်တင်ဘာလ(၃၀)ရက်နေ့ ဘုတလင်မြို့နယ် ကူတော်ရွာရှိစစ်​ကောင်စီတပ် စခန်းကုန်းသို့ မြေပြင်စစ်ကူလာသော အင်အား(၈၀)ကျော် ပါစစ်ကူစစ်ကြောင်းသည် ဘုတလင်မြို့သို့ ပြန်လည်ဆုတ်ခွာရာ တော်လှန်ရေးတပ်ပေါင်းစုများက ဘုတလင်-ကူတော် လမ်းတဝက်တစ်နေရာတွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ နေ့လယ် ၁၂ နာရီ ၄၃မိနစ်မှ ညနေ ၅နာရီ ၄၀ မိနစ်အချိန်ထိ (၅) နာရီကြာခဲ့ပြီးစစ်​ကောင်စီတပ်မှအရှင်(၄၃)ဦး၊အသေ(၃၅)ဦးကျော်နှင့်အတူ ပစ္စတို (၁)၊လက်နက်ငယ် (၅၄)လက်၊၆၀မမ စိန်ပြောင်း(၂)လက်၊ဒရုန်း(၃)စီး၊ဂျန်မာစက်(၂)လုံးနှင့်အတူ ဆက်စပ် ခဲယမ်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပစ္စည်းအမြောက်အများသိမ်းဆည်းရရှိခဲ့​ကြောင်းမုံရွာခရိုင် အမှတ်(၂၀)တပ်ရင်း( Battalion of butalin- BOB) ကအသိ​ပေးသည်။

ထိုအပြင်တိုက်ပွဲတွင်လက်နက်ယူ၍ ထွက်ပြေးလွတ်မြောက် သွား​သောစစ်​ကောင်စီတပ်သား ၅ ဦး ခန့်ရှိနိုင်​ကြောင်းမုံရွာခရိုင် အမှတ်၂၀ တပ်ရင်း BOB မှတာဝန်ရှိသူက​ပြောသည်။

တိုက်ပွဲဖြစ်ပွားစဥ် စစ်​ကောင်စီတပ်မှဂျက်ဖိုက်တာဖြင့်လေကြောင်းပစ်ကူ အပြင်းအထန် တိုက်ခိုက် ခုခံခဲ့သော်လည်း ပူး​ပေါင်းတပ်များထိခိုက်မှုမရှိဟုဆိုသည်။

စစ်သုံ့ပန်းများတွင် သုံးပွင့် ဗိုလ်ကြီးနှင့် တစ်ပွင့် ဒုအရာခံ ဗိုလ်တစ်ဦးပါဝင်ကြောင်း PDF အချို့က​ပြောသည်။

“ဗိုလ်နှစ်ကောင်နဲ့အတူမိတာ ၄၅ ယောက်။ ရုပ်အလောင်းတွေကတော့ ပျံ့ကြဲနေတာ။ လက်နက်နဲ့ ထွက်ပြေးနေတာတွေလည်း ရှိနေတယ်။ ပြည်သူတွေကို သတိပေးထားတယ်”ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက People’s Spring သို့ ​အောက်တိုဘာ ၁ ရက်မနက်ပိုင်းတွင်ပြောသည်။

စစ်​ကြောင်းတစ်ခုလုံးပျက်သွား​သောစစ်​​ကောင်စီတပ်ကိုမုံရွာခရိုင် အမှတ်(၂၀)တပ်ရင်းနှင့်အတူ ULF ယင်းမာပင်တပ် ပေါင်းစုစစ်ကြောင်း၊ ဘုတလင်မြို့နယ် ပကဖ၊ SAF‌ (ကျောင်းသားတပ်)၊BMT(ဘုတလင်မိုဘိုင်းလ်တီးမ်)၊ FRF ၊မုံရွာခရိုင် ဗျူဟာ ‌‌‌‌‌၆၆(၁၉၊၂၁၊၂၆)၊ ‌‌PLA (ကွန်မြူနစ်တပ်)၊ BLDF၊ 96 Soldiers၊ ရွှေဘိုခရိုင် တပ်ရင်း(၉၊၁၂)၊ရေဦး၊ဒီပဲယင်း ပကဖ‌‌များ၊ ဘုတလင်မြို့နယ် ပလဖ၊KUGF(ခင်ဦး)၊ပြည်သူ့လူမိုက် လိုကယ်လ်အဖွဲ့၊မုံရွာခရိုင် တပ်ရင်း(၈)၊ Golden Brothers Local၊ အရာတော်နှင့်မိတ္ထီလာ ဒရုန်း အဖွဲ့များ၊ရွှေဘို ပကဖ ဒရုန်းအဖွဲ့၊UHF ဒရုန်းအဖွဲ့များ၊ SSTF ဒရုန်းအဖွဲ့၊ချင်းတွင်း ဘရားသား ဒရုန်းအဖွဲ့နှင့်အတူ တခြားမဟာမိတ်အဖွဲ့များ ကပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“အထိအခိုက် နည်းနည်းနဲ့ ချေမှုန်း နိုင်တာ စည်းလုံးမူ့,စုဖွဲ့မူ့,ညီညွတ်မူ့ ကြောင့်ပါပဲဗျ”ဟုမုံရွာခရိုင် အမှတ်၂၀ တပ်ရင်း BOB မှ တာဝန်ရှိသူ ကစစ်တပ်စစ်​ကြောင်းတခုလုံး​ကို ​တော်လှန်​ရေးတပ်များကအထိအခိုက်နည်းနည်းဖြင့်​ချေမှုန်းနိုင်ခဲ့သည့်အ​ကြောင်းရင်းကို​ပြောသည်။

ထိုစစ်ကူစစ်​ကြောင်းသည် ကူ​တော်ရွာရှိ စစ်တပ်စခန်းကို ​တော်လှန်​ရေးပူး​ပေါင်းတပ်များက စက်တင်ဘာ ၂၀ ရက်ကတိုက်ခိုက်စဥ် ဘုတလင်မြို့မှ စစ်ကူလာကြခြင်းဖြစ်သည်။ဘုတလင်မြို့နယ်၊ကူတော်ရွာရှိစစ်တပ်စခန်းကုန်းအား မုံရွာခရိုင် အမှတ်(၂၀)တပ်ရင်းနှင့်အတူ မဟာမိတ်‌ တော်လှန်‌ ရေး တပ်ပေါင်းစုများက စက်တင်ဘာ

၂၀ ရက်တွင်မနက် ၇နာရီ မှ နေ့လယ် ၂နာရီချိန်ထိ (၇) နာရီကြာ ထိုးဖောက်တိုက်လိုက်၍စခန်းသိမ်း တိုက်ပွဲဆင်နွှဲ့ခဲ့သည်။

စစ်​ကောင်စီတပ်ကဂျက်ဖိုက်တာဖြင့် လေကြောင်းပစ်ကူ ၁၂ ကြိမ်​ပေးပြီး အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး ဘုတလင်မြို့မှ အင်အား (၈၀)ကျော်ပါ မြေပြင်စစ်ကူလာခဲ့သောကြောင့် တော်လှန်ရေး တပ်ပေါင်းစုများက ဆုတ်ခွာ ပေးခဲ့ရသည်။ထိုတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(၂)ဦး ကျဆုံးခဲ့သည်။

ထိုစခန်းကုန်းမှာစစ်ကူစစ်​ကြောင်းသည် ဘုတလင်မြို့သို့ စက်တင်ဘာ ၃၀ အပြန်တွင် ​တော်လှန်​ရေးပူး​ပေါင်းတပ်မျာက စစ်​ကြောင်းတစ်ခုလုံးပျက်သွား​အောင်ပိတ်ဆို့တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

“ပြည်သူတွေကို ပြောချင်တာထက် တော်လှန်ရေး တပ်ဖွဲ့တွေ အနေနင့် စည်းလုံးမှုရဲ့ ရလဒ်ကို မြင်ပြီး ကျန်တာတွေ ဘေးချိတ်ထား ပန်းတိုင်ကို ရောက်ဖို့ အခု ချိန်က စည်းလုံးမူ့ ဟာ အရေးကြီးဆုံးပဲဆို ပြောချင်တယ်။ ပြည်သူတွေကိုတော့ ဆက်လက် တာဝန်ကျေပေးကြပါဦးလို့ အားနာနာ နင့် ပြောချင်ပါတယ်”ဟု အထက်ပါတာဝန်ရှိသူက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။