Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်တိုက်ပွဲအတွင်း သေဆုံးစစ်သားအလောင်းများ စစ်ကောင်စီလာမသယ်၍ PDFက မြေမြုပ်သင်္ဂြိုလ်ပေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကြောင်းတစ်ခုလုံးတိုက်ခိုက်ခံရပြီး သေဆုံးခဲ့သော စစ်သားအလောင်း ၄၀နီးပါးအား စစ်ကောင်စီတပ်က လာမသယ်၍ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

သေဆုံး စစ်ကောင်စီတပ်သား အလောင်းများအား မြှုပ်နှံနေစဥ်။ ဓာတ်ပုံ - SYP

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကြောင်းတစ်ခုလုံးတိုက်ခိုက်ခံရပြီး သေဆုံးခဲ့သော စစ်သားအလောင်း ၄၀နီးပါးအား စစ်ကောင်စီတပ်က လာမသယ်၍ မြေမြုပ်သင်္ဂြိုလ်ပေးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

စက်တင်ဘာ ၃၀ရက်က ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းမှ ဘုတလင်သို့ပြန်လာသော ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင် ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နမခ တိုင်းလက်အောက်ခံ ပူးပေါင်းအင်အား (၈၅) ဦးပါ စစ်ကြောင်းအား စီပါရွာ‌ အနောက်တောင်ဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခြင်းဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ယနေ့ သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်မှ ၃၃ဦး သေဆုံး(အလောင်းရ)ပြီး လက်နက်ချအညံ့ခံသဖြင့် ဗိုလ်ကြီးနှစ်ဦးပါ စစ်သုံ့ပန်း ၄၃ဦးဖမ်းမိခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ဆိုသည်။

သို့သော် မြေပြင်တွင် သေဆုံးစစ်သားအလောင်း ၃၆ လောင်းအထိ တွေ့ရှိရပြီး စစ်ကောင်စီက ၂ ရက်ကြာသည်အထိ ရုပ်အလောင်းများလာရောက်သယ်ဆောင်းခြင်းမရှိ၍ ယမန်နေ့ (စက်တင်ဘာ ၂ရက်)​က မြေကျင်းတူးကာ မြှုပ်နှံသင်္ဂြိုလ်ပေးခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောသည်။

“လေယာဉ်သံတဝှီဝှီနဲ့ ၆ပေကျင်း တစ်ကျင်းစီတူးဖို့ အချိန်မရှိဘူး”ဟု စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း ဗိုလ်ကြီးနှစ်ဦးအပါအဝင် စစ်သုံ့ပန်း ၄၃ဦး ဖမ်းမိကာ လက်နက်မျိုးစုံ ၅၆ လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန (MOD)က သတင်းထုတ်ပြန်ထားသည်။

အထိနာခဲ့သော စစ်ကောင်စီတပ်သည် ယမန်နေ့(စက်တင်ဘာ၂ရက်) နေ့လယ် ၂ နာရီခွဲခန့်က ဘုတလင်မြို့နယ် မောင်းထောင်းကျေးရွာရှိ စာသင်ကျောင်းကို ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံး၁၀ လုံးကြဲတိုက်ခိုက်ရာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဖမ်းမိထားသူများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားပြီး စစ်ဆေးနေဆဲဟု ဘုတလင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။