Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် သပိတ်ရဲဘော်များဖမ်းဆီးခံရပြီးနောက် နေအိမ်သုံးလုံးကို စစ်ကောင်စီဝင်ရောက်စီးနင်း

ရန်ကုန်မြို့၌ သပိတ်ရဲဘော်လေးဦး ဖမ်းဆီးခံရပြီးနောက်ရက်တွင် အဆိုပါသပိတ်ရဲဘော်များနေထိုင်သည့် နေအိမ်များကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း တကသကျောင်းသားဟောင်းများအင်အားစုမှ ကိုနန်းလင်းက ပြောသည်။

စက်တင်ဘာ ၁၉ရက်က ရန်ကုန်မြို့၌ လူငယ်သပိတ်ကော်မတီ​(YSC) ၊ ရွှေပြည်သာ သပိတ်ကော်မတီ ( SPTSC)နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု(AJAY)တို့က ကုန်စျေးနှုန်း ကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလို မရှိကြောင်း ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - Ye Nyi Htet

သတိုး/People’s Spring

ရန်ကုန်မြို့၌ သပိတ်ရဲဘော်လေးဦး ဖမ်းဆီးခံရပြီးနောက်ရက်တွင် အဆိုပါသပိတ်ရဲဘော်များနေထိုင်သည့် နေအိမ်များကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း တကသကျောင်းသားဟောင်းများအင်အားစုမှ ကိုနန်းလင်းက ပြောသည်။

“ကိုဖိုးသားနဲ့ ကိုမဲကြီးအပါအဝင် အမျိုးသမီးနှစ်ဦး စက်တင်ဘာ ၁၉ ရက်ညမှာ မတရားဖမ်းဆီးခံရပါတယ်။ ဖမ်းဆီးခံရပြီးပြီးခြင်း‌ပဲ အဲဒီညမှာ ကိုဖိုးသားနေထိုင်တဲ့ တောင်ဥက္ကလာက နေအိမ်ကို ဝင်စီးပါတယ်။ နောက်ညမှာ နောက်ထပ် နှစ်အိမ်ကို အင်အားအများအပြားနဲ့ ဝင်တယ်။ ဝင်စီးတဲ့အခါမှာ တံခါး‌တွေ ဖျက်‌ဆီး ၊ ပစ္စည်းတွေကို မွှေနှောက်ပြီးမှ စာအုပ်စာတမ်းတွေ အဝတ်အစားတွေ ခြေသုတ်ခုံပါမကျန် သိမ်းသွားတယ်လို့ ကျွန်တော်တို့ ကြားသိရပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းအပါအဝင် ကျန်သပိတ်ရဲဘော်များသည် ဖမ်းဆီးခံရသူများနှင့် အဆက်အသွယ်ပြတ်ပြီး‌‌ နောက် အချိန်မီ ရှောင်နိုင်ခဲ့‌‌သောကြောင့် ထပ်မံဖမ်းဆီးခံရသူမရှိဘဲ ရဲဘော်အားလုံး လုံခြုံသည့်‌ နေရာသို့ ရောက်ရှိပြီဖြစ်‌ကြောင်း ကိုနန်းလင်းက ပြောသည်။

“လူထုသပိတ်တွေဆိုတာက အပ်တိုတစ်ချောင်းတောင်မကိုင်ပဲ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ စစ်ကောင်စီက ပါးစပ်ကနေသာ နိုင်ငံရေးနည်းတို့ ဖက်ဒရယ်ဒီမိုကရေစီတို့ကို မန်းမှုတ်နေပေမယ့် တကယ့်လက်တွေ့မှာတော့ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးတွေ လူ့အခွင့်အရေးတွေက အကုန်ချိုးဖောက်ခံနေရတာပါပဲ။ အခုလို အိမ်တွေကို ဖျက်ဆီးတာ လူငယ်တွေကို မတရားဖမ်းဆီးပြီး နှိပ်စက် စစ်ကြောနေတာတွေ ပြီးရင် ပုဒ်မပေါင်းစုံတပ်ပြီးတော့ထောင်ချတာတွေက နေ့စဉ်နဲ့အမျှကို ကျွန်တော်တို့ တိုင်းပြည်မှာ ဖြစ်နေတာဖြစ်ပါတယ်။ အခု‌ဆိုပို‌တောင်ဆိုးဆိုးဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာနေတယ်လို့ ပြောလို့ရပါတယ်”ဟု ကိုနန်းလင်းက ပြောသည်။

စက်တင်ဘာ ၁၉ရက်တွင် ရန်ကုန်‌သပိတ်အင်အားစုများစုပေါင်း၍ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် စစ်မှုထမ်း ဥပဒေဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ပြီးနောက် သပိတ်ရဲဘော်လေးဦးကို စစ်ကောင်စီက မတရားဖမ်းဆီးကာ စစ်ကြောရေးတွင် ပြင်းထန်စွာနှိပ်စက်စစ်ကြောနေကြောင်း တကသကျောင်းသားဟောင်းများအင်အားစုက စက်တင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့သပိတ်ရဲဘော်တွေ တော်လှန်ရေး‌ ရဲဘော်တွေကလည်း ပုံစံအမျိုးမျိုး နည်းလမ်းအမျိုးမျိုးနဲ့ လူထုနဲ့အတူ လူထုသပိတ်တိုက်ပွဲတွေကို အင်နဲ့အားနဲ့ ဖော်ဆောင်နိုင်ဖို့အတွက် ဆက်ပြီးကြိုးစားနေမှာပဲ။ ဒီနေ့ စစ်ကောင်စီအရေးနိမ့်ပြိုကျပျက်ဆီးနေတာဟာ ပြည်သူတစ်ယောက်ချင်းစီရဲ့ ဆန့်ကျင်တော်လှန်မှုတွေကြောင့်ဖြစ်တယ်။ လူထုအားနဲ့စခဲ့တဲ့ နွေဦးဟာ လူထုအားနဲ့ အဆုံးသတ်မယ်လို့ ယုံကြည်ထားပါတယ်”ဟု ကိုနန်းလင်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။