Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက သန်းခေါင်စာရင်းခြိမ်းခြောက်ကောက်ယူနေဟု ရန်ကုန်မြို့ပြည်သူများပြော

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် ရန်ကုန်မြို့အတွင်း သန်းခေါင်စာရင်း‌ ကောက်ယူရာတွင် ခြိမ်းခြောက်ကောက်ယူမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူများက ပြောသည်။

ရန်ကုန်မြို့ ကော့မှူးမြို့တွင် စစ်ကောင်စီအဖွဲ့က သန်းခေါင်စာရင်းကောက်ယူနေစဥ်။ ဓာတ်ပုံ - စကစ

“သန်းခေါင်စာရင်းကောက်တာနဲ့မတူဘူး မတရားစစ်မေးနေသလို ခံစားရတယ်။ပါဝါမျက်မှန်တပ်လား၊ သင်ယူနိုင်စွမ်းရှိလား၊ အမြင့်တက်နိုင်လား။ အကုန်မေးတာပါ။ အုပ်ကြီးတွေတင် မဟုတ်ဘူး။ ရဲတွေလည်း ပါလာတော့လူတွေကအကုန်ကြောက်ပြီး မေးသမျှဖြေလိုက်ရတယ်”

—ပြည်သူတစ်ဦး

သုည/People’s Spring

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့သည် ရန်ကုန်မြို့အတွင်း သန်းခေါင်စာရင်း‌ ကောက်ယူရာတွင် ခြိမ်းခြောက်ကောက်ယူမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူများက ပြောသည်။

“မေးတာတွေက စုံနေတာပဲ။ သန်းခေါင်စာရင်းကောက်တာနဲ့မတူဘူး မတရားစစ်မေးနေသလို ခံစားရတယ်။ ပါဝါမျက်မှန် တပ်လား၊ သင်ယူနိုင်စွမ်းရှိလား၊ အမြင့်တက်နိုင်လား။ အကုန်မေးတာပါ။ အုပ်ကြီးတွေတင် မဟုတ်ဘူး။ ရဲတွေလည်း ပါလာတော့ လူတွေက အကုန်ကြောက်ပြီး မေးသမျှဖြေလိုက်ရတယ်။ အစ်ကိုတို့ အိမ်မှာက ယောက်ကျားလေးများတော့ စစ်မှုထမ်းတို့ ပြည်သူ့စစ်ထဲတို့ကို ထည့်ခံရမှာ စိုးရိမ်နေရတယ်”ဟု ရန်ကုန်မြို့၊ ထောက်ကြန့်မြို့နယ်နေ အမျိုးသားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

နေအိမ်ရှိ လူဦးရေ၊ ပိုင်ဆိုင်မှု၊ ပြည်ပထွက်ခွာမှုအပြင် ​ယောကျာ်း​လေးများ၏ကျန်းမာရေးအခြေအနေများကိုပါအ​သေးစိပ် အတင်းအကြပ် မေးမြန်းခဲ့ကြောင်း ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်ရှိ စစ်ကောင်စီ၏ စာရင်းကောက်ခံရသူ ပြည်သူတစ်ဦးက ဆိုသည်။

“အိမ်ရှိ နေတဲ့သူတွေ အပြင် ပိုင်ဆိုင်တာတွေ၊ နိုင်ငံခြားထွက်တာတွေကို အတင်းမေးပါတယ်။ လယ်ဆို ဘယ်လောက်ပိုင်လဲ ဘာလုပ်ကိုင်လဲဆိုတာပါ ပါတယ်။ တစ်အိမ်လုံးမှာ ဖုန်းဘယ်နှစ်လုံးသုံးလဲ မေးတယ်။ နိုင်ငံခြားသွားရင် အသက်ဘယ်လောက်လဲ၊ ဘယ်နိုင်ငံလဲ၊ ဘာအလုပ်လဲ၊ လစာဘယ်လောက်ရလဲ၊ အခွန်ဆောင်လား အစ အကုန်မေးတာပါ။ ငယ်တဲ့ယောက်ကျားလေးတွေဆို မျက်စိ၊ နား၊ ကျန်းမာရေးကောင်းလားကအစ အကုန်မေးသွားတယ်”ဟု ၎င်းကပြောသည်။

စစ်ကောင်စီကာသန်းခေါင်စာရင်း ဗန်းပြ၍ ပြည်သူများ၏ ကိုယ်ရေးအချက်အလက်ကို ​အသေးစိတ်မေးမြန်းနေသည့်အတွက် စစ်မှုထမ်းစာရင်းနှင့် ပြည်သူ့စစ်အတွင်း အဓမ္မထည့်သွင်းခံရမည်ကို စိုးရိမ်မိကြောင်း မေးမြန်းခံရသည့် ပြည်သူတစ်ဦးက ပြောသည်။

စစ်အစိုးရလက်ထက် ပြီးခဲ့သည့် ၂၀၁၄ သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်ထောင်စုပုံစံ မေးခွန်း ၄၁ ခုသာ ပါဝင်သော်လည်း ယခုတွင် မေးခွန်း ၆၈ ခုအထိ မေးမြန်းဖြေဆိုရသည့်အတွက် ပြည်သူများအနေဖြင့် လုံခြုံရေးအတွက် စိုးရိမ်စရာအခြေအနေဖြစ်ကြောင်း တော်လှန်ရေးအင်အားစုအချို့က ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဘေး၊ ရေဘေး ကြုံရချိန်တွင် အာဏာတည်မြဲရန်အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူရန် ကြိုးပမ်းနေသည့် စစ်ကောင်စီကို ဆန့်ကျင်ရန် ရန်ကုန်အခြေစိုက် လူထုသပိတ်အဖွဲ့များကလည်း စက်တင်ဘာ ၂၆ ရက်တွင် တိုက်တွန်းခဲ့သည်။

ပြည်သူများအနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဥ်များ ပျက်ပြားရန် ဆောင်ရွက်ခြင်း၊ ယင်းစာရင်းကောက်ယူရာတွင် ပါဝင်သူများကို ဖိအားပေးခြင်း၊ ဖယ်ကျဥ်ခြင်း၊ လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ သန်းခေါင်စာရင်းကောက်ယူမှုကို မပူးပေါင်းခြင်း၊ မဖြေဆိုခြင်း၊ မလွှဲရှောင်သာ၍ ဖြေဆိုရပါက အချက်အလက်များ လွဲမှားဖြေဆိုခြင်း၊ ပြည်သူလူထုအချင်းချင်းနှင့် တော်လှန်ရေးရဲဘော်များကို လိုအပ်သလို အကာအကွယ်ပေးခြင်းစသည်တို့ကို လုပ်ဆောင်နိုင်ကြောင်းလည်း တိုက်တွန်းထားသည်။

စက်တင်ဘာ ၂၆ရက်က စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် အကူအညီပေးနေသည့် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက် ရာအိမ်မှူးမင်းမင်းထွန်းသေနတ်ဖြင့် ပစ်သတ်ခံလိုက်ရသည်။

စက်တင်ဘာ ၃၀ရက်ကလည်း ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး နှစ်ရုံးတွင် သန်းခေါင်စာရင်း‌ ကောက်ယူရန် အစည်း

အဝေးပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားပြီး အဆိုပါ အစည်းအဝေးပြုလုပ်နေသူ ကိုးဦးဒဏ်ရာရရှိကာ တစ်ဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။