Connect with us

Hi, what are you looking for?

All posts tagged "စစ်ကောင်စီ"

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေက ဖမ်းဆီးသွားတဲ့သူ တွေကို စစ်​တပ်က ပြန်မလွှတ်တော့ဘဲပျူစောထီးသင်တန်းတက်ခိုင်းပြီးစစ်တိုက်ခိုင်းနေတယ်လို့ တော်လှန်ရေး တပ်တွေဆီကသိရပါတယ်။

သတင်း

မြန်မာ−ထိုင်းနယ်စပ်အနီး ထိကပလယ်တပ်စခန်းကနေ ထွက်ပြေးသွားတဲ့ တပ်ရင်းမှူးအပါအဝင် စစ်သား ၆၀ကို တော်လှန်ရေးတပ်ဖွဲ့တွေက လိုက်လံတိုက်ခိုက်ရာ ၁၄ ဦးသေဆုံးပြီး လေးဦးအရှင်ဖမ်းမိခဲ့တယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်းတွင် ဗီဇာသက်တမ်းလွန်၍ ဖမ်းဆီးခံရပြီးနောက် ထိုင်းရဲတပ်ဖွဲ့က စစ်ကောင်စီထံ လွှဲပေးလိုက်သည့် လူငယ်(၄)ဦးသည် စစ်သင်တန်းသို့ ပို့ဆောင်ခံလိုက်ရပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့မရဲစခန်းမှ အချုပ်သားလွတ်မြောက်မှုနှင့်ပတ်သက်၍ ရဲများကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးရာ ရဲနှစ်ဦးသေဆုံးပြီး သုံးဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း ဒေသခံနှင့် တပ်တွင်း သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင်စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့်ကျေးရွာများသို့ဝင်ရောက်ကာတစ်ရွာတစ်ရွာထွက်၍ရွာစဥ်လှည့်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်များ နှင့် ဒေသခံပြည်သူများက လူထုနွေဦးသို့ပြောသည်။

သတင်း

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF )နှင့် ​တော်လှန်​ရေးတပ်များထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်းမြို့နယ်များကို စစ်​ကောင်စီက ယခုရက်ပိုင်းအတွင်းလေကြောင်းဗုံးကြဲမှုများဆက်တိုက်ပြုလုပ်​နေပြီးဇွန်၂၂ ရက်နံနက်ပိုင်းတွင်လည်း PDFများသိမ်းပိုက်ထားသည့် အင်းတော်မြို့ကိုဗုံးကြဲခဲ့သည်။

သတင်း

ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်သားစုဆောင်းခံရသည့် တပ်သားကိုဝေယံထွန်းသည်ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်ခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က ယနေ့ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များဖမ်းဆီးရာ၌ ‘ဝ’တပ်ဖွဲ့(UWSA)၏ လိုင်စင်မဲ့ကားများကို မဖမ်းရဲဘဲ ဒေသခံအရပ်သားကားများကိုသာ ရွေးဖမ်းနေကြောင်း မြို့ခံများက ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင်တွင် စစ်ကောင်စီတပ်၏ လမ်းကင်းကို တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့ကြောင်း People Defence Force Thandaung တာဝန်ရှိသူက ပြောသည်။

သတင်း

မန္တလေးမြို့ပေါ်ကလမ်း​တွေမှာဇွန်လ၁၅ရက်နေ့စပြီးစစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေ ပိုချထားပြီး စစ်တပ်ကလုံခြုံ​ရေးကို ပိုတင်းကြပ်လာပါတယ်။

Facebook