Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်မှာ လေးရက်အတွင်း ပြည်သူ ၁၁ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့အနီးကို ပတ်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအုပ်စုက လေးရက်အတွင်း စုစုပေါင်း ဒေသခံ‌ ၁၁ဦးကို သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျူစောထီးများကို သင်္ကန်းဝတ် ဝါသဝက ဦးဆောင်ကာ စစ်သင်တန်းပေးနေစဥ်။ ဓာတ်ပုံ - CJ

ဇွန်-၃၀၊ ၂၀၂၅။ ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့အနီးကို ပတ်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးအုပ်စုက လေးရက်အတွင်း စုစုပေါင်း ဒေသခံ‌ ၁၁ဦးကို သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ၂၃ ရက်ကစလို့ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့အနီး သပြေသာ၊ ဖိုကုန်း၊ ကျောင်းကုန်းရွာတွေကို အင်အား ၁၀၀ကျော်နဲ့ စစ်အုပ်စုက စစ်ကြောင်းထိုးခဲ့တာလို့ သိရပါတယ်။

ပျူစောထီးများကို သင်္ကန်းဝတ် ဝါသဝက ဦးဆောင်ကာ စစ်သင်တန်းပေးနေစဥ်။ ဓာတ်ပုံ – CJ

လေးရက်အတွင်း အသက် ၃၀ ကနေ ၅၀ အရွယ်တွေဖြစ်တဲ့ သပြေသာရွာက အမျိုးသား ၅ဦး၊ ကျောင်းကုန်းရွာက အမျိုးသား ၃ဦး၊ဖိုလ်ကုန်းရွာက ၁ဦးနဲ့ နောက်ထပ်အမည်အသိ အမျိုးသားတဦးတို့ သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသတွင်းအခြေအနေတွေ ဖော်ပြနေတဲ့ Infinity Groupက ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

“သင်တန်းဆင်းတွေကို စစ်ကြောင်းထိုးခိုင်းနေတာ။ ဇီးကုန်းမြို့နားမှာ တိုက်ပွဲလည်းဖြစ်တယ်”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့ပတ်လည်မှာလည်း သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ဝါသဝစစ်ကြာင်းက စစ်ကြောင်းထိုးတာတွေ ရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီကလည်း ဇွန်လ ၂၃ ရက်က ကန့်ဘလူမြို့နယ်မှာ ပျူစောထီးတွေ သင်တန်းဆင်းတဲ့ အကြောင်းဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။