Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်ကို စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်က ပြည်သူသုံးဦးကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်

နှစ်ဦးကိုလည်လှီးသတ်ခဲ့ပြီး ကညုံကျွန်းရွာအသက်၇၀အရွယ်အမျိုးအားအဓမ္မပြုကျင့်ခဲ့​

ကညုံကျွန်းမှ နေအိမ်အချို့ကိုစစ်တပ်က မီးရှို့ဖျက်ဆီးခြင်း၊ နေအိမ်များကိုရိုက်ဖွင့်ခြင်း၊ PDF များကို ရိုင်းစိုင်းပြီး စိန်​ခေါ်​သောစာများ​ရေးသာခဲ့သည်။ ထိုရွာမှ ပြည်သူ ၁ ဦးအသတ်ခံရပြီး အသက် ၇၀ အရွယ်အမျိုးသမီးကိုစစ်တပ်က အဓမ္မအကြိမ်ကြိမ်ကျူးလွန်ခဲ့သည်။ ဓာတ်ပုံ - ပေးပို့

ဇွန်-၂၈၊၂၀၂၅။ကျော်ဇော/People’s Spring

ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်သို့ စစ် ကြောင်းထိုးသည့်စစ်တပ်ကဒေသခံပြည်သူသုံးဦးကို သတ်ဖြတ်အလောင်းစွန့်ပစ်ခဲ့ရာ နှစ်ဦးကိုလည်လှီးသတ်ဖြတ်သွားကြောင်းမြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက လူထုနွေဦးသို့ ပြောသည်။

လောင်းလုံးမြို့ပေါ်မှ ၅ မိုင်ခန့်အကွာတွင်ရှိသည့် ကညုံကျွန်းရွာသို့ စစ်ကောင်စီတပ်မှ အင်အား ၂၀၀ ကျော်ဖြင့် ဇွန်လ ၈ ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၂၃ ရက်တွင်မှ ပြန်ထွက်သွားရာ သတ်ဖြတ်ခံထားရသည့် ဒေသခံသုံးဦး၏ရုပ်အလောင်းများကို တစ်နေရာစီ၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဟု ရဲဘော်ရှဲဒိုးက ပြောသည်။

“ပထမတစ်လောင်းတွေ့တာကပြင်းထိန်ရွာကဆီအုန်းခြံထဲမှာ။ ဒုတိယအလောင်းက သဗျာရွာအနောက်ဘက်က်တောထဲမှာ။ တတိယအ လောင်းက ကညုံကျွန်းရွာ လယ်ကွင်းထဲမှာဗျ။ လယ်ကွင်းထဲတွေ့တာတော့ ဘယ်လိုသတ်ခဲ့မှန်းတောင်မသိတော့ဘူးဗျ။ရက်ကြာပြီဆိုတော့ရုပ်ပျက်နေပြီ”ဟု ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ရက်ရက်စက်စက်သတ် ဖြတ်ခထားရသူများအနက် လည်လှီးသတ်ဖြတ်ခံရသူနှစ်ဦးမှာ ကညုံကျွန်းရွာမှတစ်ဦး၊ သဗျာရွာမှ တစ်ဦးဖြစ်ပြီး နှစ်ဦးလုံးစိတ်ကျန်းမာရေးမကောင်းသူများဖြစ်ကာ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားများဖြစ်ကြောင်း လောင်းလုံး ပကဖ ထံမှ သိရသည်။

ထိုအပြင်ပုပ်ပွရုပ်ပျက်နေသည့် ရုပ်အလောင်းမှာလည်း ကညုံကျွန်းရွားသားဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ပကဖ ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

“အိမ်တွေလည်း မီးရှို့ခံရတာရှိတယ်။ တစ်ရွာလုံးအိမ်တွေအကုန်ရိုက်ဖွင့်ပြီးတန်ဖိုးရှိပစ္စည်းတွေ၊ ဆိုင်ကယ်တွေ၊ အကုန်ယူသွားတယ်။ ကျန်ခဲ့တာတွေက အကုန်လုံးသုံးမရအောင်ဖျက်ဆီးခဲ့တယ်။ ပြည်သူ ၁၀၀ နီးပါဖမ်းသွားတယ်။ အခုတော့ ၉၅ ယောက် ပြန်လွတ်လာကြပြီ”ဟု ပြန် ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ကညုံကျွန်းရွာအခြေအနေကို လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သားများ ကညုံကျွန်းရွာ၌ ဝင်ရောက်တပ်စွဲထားစဥ် ပြည်သူပိုင်နေအိမ် ၁၀ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် နေအိမ်များကို ဖောက်ထွင်းကာ တန်ဖိုးကြီးပစ္စည်းများလည်း ခိုးယူသွားကြောင်း လောင်းလုံးမြို့နယ်ရှိ ဒေသခံပြည်သူများကလည်း ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ထားဝယ်မြို့အခြေစိုက် ခလရ ၂၅ မှ အများဆုံးပါဝင်ပြီးသရက်ချောင်းအခြေစိုက် ခမရ ၄၀၄ နှင့် ခမရ ၄၀၅ အပါအဝင် စစ်မှုထမ်းတပ်သားသစ်များ၊ ပျူစောထီးများပူးပေါင်းထားကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့များထံ စုံစမ်းသိရသည်။ ယင်းစစ်ကြောင်းသည် ကညုံကျွန်းရွာမှ ပြည်သူသုံးဦးကို သတ်ဖြတ်ခဲ့သည့်အပြင် အသက် ၇၀ ကျော် အမျိုးသမီးကြီးတစ်ဦးအား အကြိမ်ကြိမ်အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့သေးသည်။

လတ်တလောတွင်အထက်ပါစစ်ကောင်စီတပ်စစ်ကြောင်းများ ခလရ ၂၅ ဘက်သို့ တပ်ပြန်ဆုတ်သွားပြီဖြစ်သော်လည်း ထားဝယ်မြစ်အတွင်း ကျောက်ချထားသည့် စစ်သ​ဘော်များမှကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုနေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။