News ရွှေပြည်သာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ၊ အုပ်ချုပ်ရေးမှူးအပါအဝင် လေးဦးသေ တိုက်ခိုက်ခံရမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တင်စိန်၊ ရာအိမ်မှူးနိုင်ထွေး၊ အုပ်ချုပ်ရေးမှူးသား၊ ဆယ်အိမ်မှူး အောင်သက်ပိုင် စသည့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် လေးဦးသေဆုံးကာ စစ်ကောင်စီတပ်သားနှစ် ဒဏ်ရာပြင်းထန်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ LuduNwayOoဇန်နဝါရီ 3, 2022
News ဧရာဝတီမြစ်အတွင်းစစ်ကောင်စီသင်္ဘောနှစ်စင်းကိုဒေသခံPDFများတိုက်ခိုက် သင်္ဘောနှစ်စီးအနက် တစ်စီသည့် အပျက်အစီးများပြားပြီး ယနေ့ညတွင် ထီးချိုင့် မြတောင်ဆိပ်ကမ်း၌ ဆိုက် ကပ်ထားကြောင်း၊ စစ်ကူအဖွဲ့ကိုစောင့်နေပုံရပြီး ဗန်းမော်အထိ ဆက်လက် ထွက်ခွာနိုင်သည်ဟု ထီးချိုင့် PDF က သတင်းထုတ်ပြန်သည်။ LuduNwayOoဇန်နဝါရီ 3, 2022
News ပဲခူးတိုင်း မြို့နယ်လေးခုတွင် စစ်ကောင်စီတပ်နှင့်လက်ပါးစေများတိုက်ခိုက်ခံရ၊ တစ်ဦးသေ ငါးဦးထက်မနည်းဒဏ်ရာရ တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့သည့် မြို့နယ်များတွင် ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်နှင့် စစ်ကွင်းမြို့များဖြစ်ပြီး စစ်ကောင်စီ သတင်းပေးတစ်ဦးသေဆုံးကာ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟုဒေသခံများကပြောသည်။ LuduNwayOoဇန်နဝါရီ 2, 2022
News ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်မှု စစ်ကောင်စီတပ် အရာရှိအပါအဝင် ၁၀ဦးသေဟုထုတိပြန် ညောင်ပင်ကြီးရဲစခန်းကို လက်နက်ကြီး ၉ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည် ၅၄၂ တောင့်တို့ကို အသုံးပြုတိုက်ခိုက်ခဲ့ပြီး ခန့်မှန်းကုန်ကျငွေ သိန်း ၄ဝ ခန့်ကုန်ကျခဲ့ကြောင်း ဦးဆောင်တိုက်ခိုက်ခဲ့သည့် မုံရွာခရိုင် တပ်ရင်း ၂ က အသိပေးသည်။ LuduNwayOoဇန်နဝါရီ 2, 2022
News စစ်ကောင်စီအားပူးပေါင်းတိုက်ခိုက်ရန် YDF(ထီးလင်း)နှင့် PDF(မကွေး) မဟာမိတ်ဖွဲ့ "အကြမ်းဖက်စစ်ကောင်စီအမြစ်ပြတ်သည်အထိ မဟာမိတ်တပ်ဖွဲ့ များနှင့်အတူ လက်တွဲတော်လှန်သွားမည်"ဟုYDFက ထုတ်ပြန်ထားသည်။ LuduNwayOoဇန်နဝါရီ 2, 2022
News ရေဦးမြို့နယ်ရှိ ကျေးရွာများသို့ လာရောက်သည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ခုနစ်ဦးသေဆုံးဟုဆို အထက်ပါတိုက်ခိုက်မှုကို ရေဦး PDF နှင့် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ - ရေဦး(ကပဖ)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဇန်နဝါရီ 2, 2022
News လွိုင်ကော်မြို့ စုပေါင်းခရိုင်ရုံးအတွင်း ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ငါးဦးသေဟု KDF ထုတ်ပြန် တိုက်ပွဲဖြစ်စဥ်မှာ ဇန်နဝါရီ ၁ရက် ည ၁၁နာရီခန့်တွင် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်၌ ဖြစ်ပွားကာ KDF ၊ JPDF နှင့် GZ-21 မြို့ပြပျောက်ကြား ညီနောင်သုံးဖွဲ့တို့ ပူးတွဲ စစ်ဆင်ရေးဖော်ဆောင်ခြင်းဖြစ်သည်။ LuduNwayOoဇန်နဝါရီ 2, 2022
News မုံရွာတွင် စစ်ကောင်စီတပ်ကိုပစ်မှတ်ထား တိုက်ခိုက်မှုနှစ်ကြိမ်တွင် စစ်ကောင်စီတပ် လေးဦးထက်မနည်းသေဆုံး မုံရွာမြို့ပေါ်တွင် ယမန်နေ့တစ်နေ့လုံးမှညပိုင်းအထိ အကြမ်းဖက်စစ်ကောင်စီတပ်များအား မြို့ပြ ပြောက်ကျားအဖွဲ့များက ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်နေကြသည်။ LuduNwayOoဇန်နဝါရီ 2, 2022
News စကုမြို့ရဲစခန်းမှူးနေအိမ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ၊ ပွင့်ဖြူအခွန်ရုံးနှင့် ရပ်ကျေးရာအိမ်မှူးနေအိမ်လည်း ပေါက်ကွဲမှုဖြစ် “စခန်းမှူးကတော့ သိတဲ့အတိုင်းပဲလေ။ နယ်မြေအပေါ် မထင်ရင် မထင်သလိုဖမ်း တပ်ချင်တဲ့ ပုဒ်မတွေ တပ်တဲ့အပေါ် ဒေသခံပြောက်ကျားတပ်ဖွဲ့တွေက သတိပေးတဲ့အဆင့်ပဲရှိပါသေးတယ်။ ဟိုလို လူထိခိုက် အောင်လုပ်တာမျိုးမရှိပါဘူး”ဟု ဒေသခံ တစ်ဦးက ပြောသည်။ LuduNwayOoဇန်နဝါရီ 1, 2022
News KNU တပ်မဟာ(၁)၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများ၊ သုံးရက်အတွင်း စစ်ကောင်စီ တပ်သား ၉ဦးကျော်သေဆုံး၊ ၂၀ခန့်ဒဏ်ရာရ KNU သထုံခရိုင်က ဒီဇင်ဘာ ၂၉ရက်နှင့် ၃၀ရက် တိုက်ပွဲအခြေအနေများကို ယနေ့ထုတ်ပြန်ရာ သထုံမြို့နယ် မောကလိုးကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။ LuduNwayOoဇန်နဝါရီ 1, 2022