Connect with us

Hi, what are you looking for?

News

ဧရာဝတီမြစ်အတွင်းစစ်​ကောင်စီသ​င်္ဘောနှစ်စင်းကိုဒေသခံPDFများတိုက်ခိုက်

သင်္ဘောနှစ်စီးအနက် တစ်စီသည့် အပျက်အစီးများပြားပြီး ယနေ့ညတွင် ထီးချိုင့် မြတောင်ဆိပ်ကမ်း၌ ဆိုက် ကပ်ထားကြောင်း၊ စစ်ကူအဖွဲ့ကိုစောင့်နေပုံရပြီး ဗန်းမော်အထိ ဆက်လက် ထွက်ခွာနိုင်သည်ဟု ထီးချိုင့် PDF က သတင်းထုတ်ပြန်သည်။

(စစ်​ကောင်စီ သ​င်္ဘောနှစ်စင်း)

ဧရာဝတီမြစ်ကြောင်းအတိုင်း သပိတ်ကျဥ်းမြို့နယ်ဘက်မှ တက်လာသောအာဏာသိမ်းစစ်ကောင်စီသ​ဘော်နှစ်စင်းကို ထီးချိုင့်မြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ယနေ့(ဇန်နဝါရီ၂ရက်) နေ့လည်ဘက်တွင် သပိတ်ကျဥ်းမြို့နယ်ဘက်မှ တက်လာသည့် စစ်ကောင်စီသဘော်နှစ်စင်းကိုထီးချိုင့်တပ်ပေါင်းစုများမှ သုံးနေရာခွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ထီးချိုင့် PDFက သတင်းထုတ်ပြန်သည်။

(စစ်​ကောင်စီ သ​င်္ဘောနှစ်စင်း)

သဘော်နှစ်စီးပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ခန့်က လက်နက်ခဲယမ်းများနှင့် ရိက္ခာများယူဆောင်လာသည်ကို တွေ့ရပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် အကျအဆုံးများနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်က အထိအခိုက်မရှိခဲ့သော်လည်း စစ်ကောင်စီက သဘော်ပေါ်မှ ရမ်းသမ်းပစ်ခတ်ခဲ့၍ ဒေသခံတောင်သူနှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ယင်းသဘော်အား အချိန်ကိုက် တိုက်ခိုက်နိုင်ခဲ့ခြင်းမှာထီးချိုင့်နှင့် ဒေသချင်းဆက်စပ်နေသော သပိတ်ကျင်းမြို့မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထီးချိုင့် PDFထံသို့ စစ်ကောင်စီလမ်းကြောင်း အချိန်ကိုက် ပေးပို့နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီ သ​င်္ဘောနှစ်စင်း)

သင်္ဘောနှစ်စီးအနက် တစ်စီသည့် အပျက်အစီးများပြားပြီး ယနေ့ညတွင် ထီးချိုင့် မြတောင်ဆိပ်ကမ်း၌ ဆိုက် ကပ်ထားကြောင်း၊ စစ်ကူအဖွဲ့ကိုစောင့်နေပုံရပြီး ဗန်းမော်အထိ ဆက်လက် ထွက်ခွာနိုင်သည်ဟု ထီးချိုင့် PDF က သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook