Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအားပူး​ပေါင်းတိုက်ခိုက်ရန် YDF(ထီးလင်း)နှင့် PDF(မကွေး) မဟာမိတ်ဖွဲ့

“အကြမ်းဖက်စစ်ကောင်စီအမြစ်ပြတ်သည်အထိ မဟာမိတ်တပ်ဖွဲ့ များနှင့်အတူ လက်တွဲတော်လှန်သွားမည်”ဟုYDFက ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်ရေးနှင့်စစ်အာဏာရှင် တော်လှန်ရေးကို အရှိန်ဟုန်မြင့်ရေးအတွက်
ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF(ထီးလင်း)နှင့် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် PDF(မကွေး)တို့ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ကြသည်။

YDF(ထီးလင်း)နှင့် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် PDF(မကွေး)တို့ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်သည့်သတင်းကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDFက ယမန်နေ့(ဇန်နဝါရီ ၁ရက်)က ထုတ်ပြန်ခြင်းဖြစ်သည်။

“အကြမ်းဖက်စစ်ကောင်စီအမြစ်ပြတ်သည်အထိ မဟာမိတ်တပ်ဖွဲ့ များနှင့်အတူ လက်တွဲတော်လှန်သွားမည်”ဟုYDFက ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းနှင့် နယ်စပ်ဖြစ်သော ယောဒေသသည် စစ်ကောင်စီတပ်များအား တိုက်ခိုက်ရေးတွင် နာမည်ကြီးပြီး စစ်တပ် အထိနာနေသည့်ဒေသဖြစ်သည်။ ယခုအခါ ပြည်မဘက်နှင့် ပိုနီးသည့် မကွေးဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် မဟာမိတ်ဖွဲ့လိုက်ပြီဖြစ်၍ စစ်ကောင်စီတပ်များအား အမြတ်ဖြတ်တိုက်ခိုက်ရေးအတွက် ပိုအားကောင်းလာပြီဟု ပြည်သူ့ကာကွယ်ရေးတပ်များက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook