Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအားပူး​ပေါင်းတိုက်ခိုက်ရန် YDF(ထီးလင်း)နှင့် PDF(မကွေး) မဟာမိတ်ဖွဲ့

“အကြမ်းဖက်စစ်ကောင်စီအမြစ်ပြတ်သည်အထိ မဟာမိတ်တပ်ဖွဲ့ များနှင့်အတူ လက်တွဲတော်လှန်သွားမည်”ဟုYDFက ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်ရေးနှင့်စစ်အာဏာရှင် တော်လှန်ရေးကို အရှိန်ဟုန်မြင့်ရေးအတွက်
ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF(ထီးလင်း)နှင့် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် PDF(မကွေး)တို့ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်ကြသည်။

YDF(ထီးလင်း)နှင့် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် PDF(မကွေး)တို့ မဟာမိတ်အဖြစ် ပူးပေါင်းလိုက်သည့်သတင်းကို ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDFက ယမန်နေ့(ဇန်နဝါရီ ၁ရက်)က ထုတ်ပြန်ခြင်းဖြစ်သည်။

“အကြမ်းဖက်စစ်ကောင်စီအမြစ်ပြတ်သည်အထိ မဟာမိတ်တပ်ဖွဲ့ များနှင့်အတူ လက်တွဲတော်လှန်သွားမည်”ဟုYDFက ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းနှင့် နယ်စပ်ဖြစ်သော ယောဒေသသည် စစ်ကောင်စီတပ်များအား တိုက်ခိုက်ရေးတွင် နာမည်ကြီးပြီး စစ်တပ် အထိနာနေသည့်ဒေသဖြစ်သည်။ ယခုအခါ ပြည်မဘက်နှင့် ပိုနီးသည့် မကွေးဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် မဟာမိတ်ဖွဲ့လိုက်ပြီဖြစ်၍ စစ်ကောင်စီတပ်များအား အမြတ်ဖြတ်တိုက်ခိုက်ရေးအတွက် ပိုအားကောင်းလာပြီဟု ပြည်သူ့ကာကွယ်ရေးတပ်များက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်က အင်း​တော်မှာပြည်သူ ၁ဦးကိုသတ်ပြီး ၁ ဦးကိုဖမ်း​​ခေါ်သွား