Connect with us

Hi, what are you looking for?

News

ပဲခူးတိုင်း မြို့နယ်လေးခုတွင် စစ်ကောင်စီတပ်နှင့်လက်ပါးစေများတိုက်ခိုက်ခံရ၊ တစ်ဦး​သေ ငါးဦးထက်မနည်းဒဏ်ရာရ

တိုက်ခိုက်မှုများ​ဖြစ်ပေါ်ခဲ့သည့် မြို့နယ်များတွင် ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်နှင့် စစ်ကွင်းမြို့များဖြစ်ပြီး စစ်ကောင်စီ သတင်းပေးတစ်ဦးသေဆုံးကာ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟုဒေသခံများက​ပြောသည်။

ပဲခူးတိုင်းအတွင်းရှိ မြို့နယ်လေးခုတွင် စစ်ကောင်စီတပ်များနှင့် ၎င်း၏လက်ပါးစေများ တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများက ပြော သည်။

Public Service Announcement

■ပဲခူး

ပဲခူးမြို့ မဇင်းရပ်ကွက် မီးရထားဘူတာအနီး ကင်းစောင့်နေသည့် စစ်ကောင်စီတပ်များ ယ မန်နေ့(ဇန်နဝါရီ ၁)ည ၈ နာရီခန့်က ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

တိုက်ခိုက်မှုအတွင်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များအနီးရောက်ရှိနေသည့်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ပြောဆိုမှုများရှိသော်လည်း အသေးစိပ်အခြေ အနေအား မသိရပေ။

Public Service Announcement

Public Service Announcement

■တောင်ငူ

အလားတူ ယမန်နေ့(ဇန်နဝါ်ရီ ၁)နံနက် ၁၁ နာရီခွဲခန့်က တောင်ငူမြို့ ၁၈ ရပ်ကွက် ငွေတောင်ဦးရပ်ရှိ စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ပတ်သတ်ခံရသူမှာ စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်သူ လှမြင့်ဆိုသူဖြစ်ပြီး သေနတ်ဖြင့် ပစ်ခံရမှုကြောင့် နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့သည်။

■ညောင်လေးပင်

ပဲခူးခရိုင်း ညောင်လေးပင်မြို့ မြို့မ(၅)ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့(ဇန်နဝါရီ ၁)ညပိုင်းက ဗုံးဖြင့်တိုက်ခိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ စစ်သားတစ်ဦး၊ ရဲသုံးဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းဒေသခံများက ဆိုသည်။

■စစ်ကွင်း

အလားတူ ပဲတိုင်းအနောက်ခြမ်း မင်းလှမြို့နယ် စစ်ကွင်းမြို့ရှိ လျှပ်စစ်မီတာရုံးအား ယမန်နေ့ (ဇန်နဝါရီ ၁)ညပိုင်းက အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MPDF)နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုကို MPDF မှ ဗိုလ်ကြာစိဦးဆောင်သော တပ်စုမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သတိပေးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook