စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း Salingyi GZ Local PDFက သတင်းထုတ်ပြန်သည်။
ယနေ့ (ဇန်နဝါရီလ ၂ ရက်) နံနက် ၃း၃၀ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ညီနောင်တော်လှန်ရေးအင်အားစု မုံရွာခရိုင် တပ်ရင်း ၂ နှင့်အတူ Salingyi GZ Local PDF မှပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အကြမ်းဖက်စစ်တပ်သည် ၎င်းတို့ စွန့်ပစ်ထားသော ညောင်ပင်ကြီးရဲစခန်းကို ပြန်လည်တပ်စွဲကာ စခန်းတွင်းအလံဖြူထောင်၍ ခရီးသွားပြည်သူများကို နှောင့်ယှက်နေသောကြောင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲတွင် PDFတစ်ဦးအသက်ပေးခဲ့ရပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း Salingyi GZ Local PDFက အသိပေးသည်။
ညောင်ပင်ကြီးရဲစခန်းကို လက်နက်ကြီး ၉ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည် ၅၄၂ တောင့်တို့ကို အသုံးပြုတိုက်ခိုက်ခဲ့ပြီး ခန့်မှန်းကုန်ကျငွေ သိန်း ၄ဝ ခန့်ကုန်ကျခဲ့ကြောင်း ဦးဆောင်တိုက်ခိုက်ခဲ့သည့် မုံရွာခရိုင် တပ်ရင်း ၂ က အသိပေးသည်။

Public Service Announcement
စစ်ကောင်စီဘက်မှပြန်လည်ပစ်ခတ်မှုကြောင့် ပြည်သူအချို့ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။
“စစ်တပ်က ပြန်လာမယ်ဆိုပြီးကြိမ်းသွားသေးတယ်။”ဟု ညောင်ပင်ကြီးရွာဒေသခံတစ်ဦးက ပြောသည်။
ဆားလင်းကြီးတစ်ဖက်ကမ်း မုံရွာမြို့ပေါ်တွင်လည်း ယနေ့ဇန်နဝါရီလ၂ ရက် နံနက် ၅ နာရီခန့်က မုံရွာမြို့ ဗိုလ်တေဇလမ်းမှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကား၄စီးအား Monywa Satanအဖွဲ့မှ ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ စစ်ကား၁စီး မိုင်းထိမှန်၍ စစ်ကောင်စီတပ်သားများထိ့ခိုကိသေဆုံးမှုများနိုင်သည်ဟု Monywa Satanအဖွဲ့က ထုတ်ပြန်ကြေညာသည်။


















































