Connect with us

Hi, what are you looking for?

LuduNwayOo

News

ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်မှု စစ်​ကောင်စီတပ် အရာရှိအပါအဝင် ၁၀ဦး​သေဟုထုတိပြန်

ညောင်ပင်ကြီးရဲစခန်းကို လက်နက်ကြီး ၉ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည် ၅၄၂ တောင့်တို့ကို အသုံးပြုတိုက်ခိုက်ခဲ့ပြီး ခန့်မှန်းကုန်ကျငွေ သိန်း ၄ဝ ခန့်ကုန်ကျခဲ့ကြောင်း ဦးဆောင်တိုက်ခိုက်ခဲ့သည့် မုံရွာခရိုင် တပ်ရင်း ၂ က အသိပေးသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း Salingyi GZ Local PDFက သတင်းထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီလ ၂ ရက်) နံနက် ၃း၃၀ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ညီနောင်တော်လှန်ရေးအင်အားစု မုံရွာခရိုင် တပ်ရင်း ၂ နှင့်အတူ Salingyi GZ Local PDF မှပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အကြမ်းဖက်စစ်တပ်သည် ၎င်းတို့ စွန့်ပစ်ထားသော ညောင်ပင်ကြီးရဲစခန်းကို ပြန်လည်တပ်စွဲကာ စခန်းတွင်းအလံဖြူထောင်၍ ခရီးသွားပြည်သူများကို နှောင့်ယှက်နေသောကြောင့် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲတွင် PDFတစ်ဦးအသက်ပေးခဲ့ရပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း Salingyi GZ Local PDFက အသိပေးသည်။

ညောင်ပင်ကြီးရဲစခန်းကို လက်နက်ကြီး ၉ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည် ၅၄၂ တောင့်တို့ကို အသုံးပြုတိုက်ခိုက်ခဲ့ပြီး ခန့်မှန်းကုန်ကျငွေ သိန်း ၄ဝ ခန့်ကုန်ကျခဲ့ကြောင်း ဦးဆောင်တိုက်ခိုက်ခဲ့သည့် မုံရွာခရိုင် တပ်ရင်း ၂ က အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဘက်မှပြန်လည်ပစ်ခတ်မှုကြောင့် ပြည်သူအချို့ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

“စစ်တပ်က ပြန်လာမယ်ဆိုပြီးကြိမ်းသွားသေးတယ်။”ဟု ညောင်ပင်ကြီးရွာဒေသခံတစ်ဦးက ​ပြောသည်။

ဆားလင်းကြီးတစ်ဖက်ကမ်း မုံရွာမြို့ပေါ်တွင်လည်း ယနေ့ဇန်နဝါရီလ၂ ရက် နံနက် ၅ နာရီခန့်က မုံရွာမြို့ ဗိုလ်တေဇလမ်းမှ ထွက်ခွာလာသော စစ်ကောင်စီစစ်ကား၄စီးအား Monywa Satanအဖွဲ့မှ ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ စစ်ကား၁စီး မိုင်းထိမှန်၍ စစ်​ကောင်စီတပ်သားများထိ့ခိုကိသေဆုံးမှုများနိုင်သည်ဟု Monywa Satanအဖွဲ့က ထုတ်ပြန်ကြေညာသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။