Connect with us

Hi, what are you looking for?

News

ရွှေပြည်သာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ၊ အုပ်ချုပ်ရေးမှူးအပါအဝင် လေးဦးသေ

တိုက်ခိုက်ခံရမှုကြောင့် ရပ်ကွက်အုပ်ချုပ်​ရေးမှူး တင်စိန်၊ ရာအိမ်မှူးနိုင်ထွေး၊ အုပ်ချုပ်​ရေးမှူးသား၊ ဆယ်အိမ်မှူး အောင်သက်ပိုင် စသည့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် လေးဦးသေဆုံးကာ စစ်ကောင်စီတပ်သားနှစ် ဒဏ်ရာပြင်းထန်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

People's Spring
People's Spring

ရွှေပြည်သာမြို့ (၁၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မရမ်းကုန်းနှင့် အင်းစိန် လူငယ်ပူးပေါင်းတပ်(MIYDF)က ယနေ့(ဇန်နဝါ်ရီ ၃)ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို ယမန်နေ့ည ၈နာရီခန့်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး (၁၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ဗုံးဖြင့်တိုက်ခိုက်ခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်းများ လုပ် ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်ခံရမှုကြောင့် ရပ်ကွက်အုပ်ချုပ်​ရေးမှူး တင်စိန်၊ ရာအိမ်မှူးနိုင်ထွေး၊ အုပ်ချုပ်​ရေးမှူးသား၊ ဆယ်အိမ်မှူး အောင်သက်ပိုင် စသည့်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် လေးဦးသေဆုံးကာ စစ်ကောင်စီတပ်သားနှစ် ဒဏ်ရာပြင်းထန်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အထက်ပါတိုက်ခိုက်မှုအတွင်း အုပ်ချုပ်ရေးမှူးရုံးဘက်မှ ပြန်လည်ခုခံသဖြင့် MIYDF ၏ ရွှေပြည်သာတပ်ခွဲမှ ရဲဘော်တစ်ဦး လက်မောင်ကျည်ထိမှန်(ရှပ်ထိ)ဒဏ်ရာရရှိခဲ့ပြီး အခြားရဲဘော်နှစ်ဦး ညဦးပိုင်းတွင် ပျောက်ဆုံးခဲ့သော်လည်း ယနေ့နံနက်တွင် အဆက်အသွယ်ပြန်ရပြီဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုဖြစ်စဥ်တွင် လမ်းသွားလမ်းလာအချို့ ထိခိုက်မှုရှိခဲ့ကြောင်းလည်း MIYDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင်ဆုတောင်းကုန်းအနီးမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ကောင်စီက Y8 လေယာဉ်နဲ့ လက်နက်ခဲယမ်းနဲ့ လူအင်အား ထပ်ပို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။