Connect with us

Hi, what are you looking for?

News

လွိုင်ကော်မြို့ စုပေါင်းခရိုင်ရုံးအတွင်း ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ငါးဦးသေဟု KDF ထုတ်ပြန်

တိုက်ပွဲဖြစ်စဥ်မှာ ဇန်နဝါရီ ၁ရက် ည ၁၁နာရီခန့်တွင် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်၌ ဖြစ်ပွားကာ KDF ၊ JPDF နှင့် GZ-21 မြို့ပြပျောက်ကြား ညီနောင်သုံးဖွဲ့တို့ ပူးတွဲ စစ်ဆင်ရေးဖော်ဆောင်ခြင်းဖြစ်သည်။

(KDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

လွိုင်ကော်မြို့ စုပေါင်းခရိုင်ရုံးအတွင်း ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကိုဝင်တိုက်ရာ စစ်သား သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF) က ယနေ့ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ ဇန်နဝါရီ ၁ရက် ည ၁၁နာရီခန့်တွင် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်၌ ဖြစ်ပွားကာ KDF ၊ JPDF နှင့် GZ-21 မြို့ပြပျောက်ကြား ညီနောင်သုံးဖွဲ့တို့ ပူးတွဲ စစ်ဆင်ရေးဖော်ဆောင်ခြင်းဖြစ်သည်။

တိုက်ပွဲကြာချိန်မှာ ၁၅မိနစ်ခန့်ရှိခဲ့ပြီး မြို့ပြပျောက်ကျားညီနောင်သုံးဖွဲ့မှတစ်စုံတစ်ရာထိခိုက်ခဲ့ခြင်းမရှိခဲ့ဘဲ အောင်မြင်စွာတိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း KDFက ဆိုသည်။

ထို့အပြင် မြို့တွင်းပျောက်ကြားတိုက်ပွဲများကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထား သည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၃၀ ရက်ကလည်း ကယားပြည်နယ် ၊ဒီးမောဆိုမြို့နယ်ရှိ ခလရ (၄၂၇ ) တပ်ကို KDF မှဝင်တိုက်ရာ စစ်ကောင်စီတပ်သားရှစ်ဦး သေဆုံးခဲ့သည်။

ထို့အပြင် ဒီဇင်ဘာ ၂၉ ရက်ကလည်း လွိုင်ကော်အကျဥ်းဦးစီးဌာန အနီးရှိ ခရိုင်ရဲ ရုံးကို ကရင်နီဒီမိုကရက် တစ်တပ်ဦး KDF က တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ သေဆုံးသူနှစ်ဦး ရှိကြောင်းလည်း KDFက ဆိုသည်။

မြို့ပြ ပြောက်ကြားအဖွဲ့ဖြစ်သည့် KDF သည် လွိုင်ကော် နှင့် ဒီးမော့ဆိုမြို့နယ်ကို အခြေပြုကာမြို့တွင်း တိုက်ပွဲများ ဆက်တိုက်လုပ်ဆောင်နေပြီး Non CDM များကို ဖမ်းဆီးအရေးယူခြင်းနှင့် စစ်ကောင်စီ ထောက်တိုင် များကို ဖျက်ဆီးနိုင်နေသည်။

(KDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။