Connect with us

Hi, what are you looking for?

LuduNwayOo

News

လွိုင်ကော်မြို့ စုပေါင်းခရိုင်ရုံးအတွင်း ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ ငါးဦးသေဟု KDF ထုတ်ပြန်

တိုက်ပွဲဖြစ်စဥ်မှာ ဇန်နဝါရီ ၁ရက် ည ၁၁နာရီခန့်တွင် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်၌ ဖြစ်ပွားကာ KDF ၊ JPDF နှင့် GZ-21 မြို့ပြပျောက်ကြား ညီနောင်သုံးဖွဲ့တို့ ပူးတွဲ စစ်ဆင်ရေးဖော်ဆောင်ခြင်းဖြစ်သည်။

(KDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

လွိုင်ကော်မြို့ စုပေါင်းခရိုင်ရုံးအတွင်း ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကိုဝင်တိုက်ရာ စစ်သား သုံးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီဒီမိုကရက်တစ်တပ်ဦး(KDF) က ယနေ့ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ ဇန်နဝါရီ ၁ရက် ည ၁၁နာရီခန့်တွင် လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်၌ ဖြစ်ပွားကာ KDF ၊ JPDF နှင့် GZ-21 မြို့ပြပျောက်ကြား ညီနောင်သုံးဖွဲ့တို့ ပူးတွဲ စစ်ဆင်ရေးဖော်ဆောင်ခြင်းဖြစ်သည်။

တိုက်ပွဲကြာချိန်မှာ ၁၅မိနစ်ခန့်ရှိခဲ့ပြီး မြို့ပြပျောက်ကျားညီနောင်သုံးဖွဲ့မှတစ်စုံတစ်ရာထိခိုက်ခဲ့ခြင်းမရှိခဲ့ဘဲ အောင်မြင်စွာတိုက်ခိုက်ပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း KDFက ဆိုသည်။

ထို့အပြင် မြို့တွင်းပျောက်ကြားတိုက်ပွဲများကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထား သည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၃၀ ရက်ကလည်း ကယားပြည်နယ် ၊ဒီးမောဆိုမြို့နယ်ရှိ ခလရ (၄၂၇ ) တပ်ကို KDF မှဝင်တိုက်ရာ စစ်ကောင်စီတပ်သားရှစ်ဦး သေဆုံးခဲ့သည်။

ထို့အပြင် ဒီဇင်ဘာ ၂၉ ရက်ကလည်း လွိုင်ကော်အကျဥ်းဦးစီးဌာန အနီးရှိ ခရိုင်ရဲ ရုံးကို ကရင်နီဒီမိုကရက် တစ်တပ်ဦး KDF က တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ သေဆုံးသူနှစ်ဦး ရှိကြောင်းလည်း KDFက ဆိုသည်။

မြို့ပြ ပြောက်ကြားအဖွဲ့ဖြစ်သည့် KDF သည် လွိုင်ကော် နှင့် ဒီးမော့ဆိုမြို့နယ်ကို အခြေပြုကာမြို့တွင်း တိုက်ပွဲများ ဆက်တိုက်လုပ်ဆောင်နေပြီး Non CDM များကို ဖမ်းဆီးအရေးယူခြင်းနှင့် စစ်ကောင်စီ ထောက်တိုင် များကို ဖျက်ဆီးနိုင်နေသည်။

(KDF တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။