Connect with us

Hi, what are you looking for?

News

စကုမြို့ရဲစခန်းမှူးနေအိမ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ၊ ပွင့်ဖြူအခွန်ရုံးနှင့် ရပ်ကျေးရာအိမ်မှူးနေအိမ်လည်း ပေါက်ကွဲမှုဖြစ်

“စခန်းမှူးကတော့ သိတဲ့အတိုင်းပဲလေ။ နယ်မြေအပေါ် မထင်ရင် မထင်သလိုဖမ်း တပ်ချင်တဲ့ ပုဒ်မတွေ တပ်တဲ့အပေါ် ဒေသခံပြောက်ကျားတပ်ဖွဲ့တွေက သတိပေးတဲ့အဆင့်ပဲရှိပါသေးတယ်။ ဟိုလို လူထိခိုက် အောင်လုပ်တာမျိုးမရှိပါဘူး”ဟု ဒေသခံ တစ်ဦးက ပြောသည်။

People's Spring
People's Spring

မကွေးတိုင်း မင်းဘူးမြို့နယ် စကုမြို့ရဲစခန်းမှူး နေအိမ်ကို ဒေသခံပြောက်ကျားတပ်ဖွဲ့က သတိပေးသည့်အနေဖြင့် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယနေ့(ဇန်နဝါရီ ၁ရက်)ညပိုင်းတွင် စကုရဲစခန်းရှိ စခန်းမှူးနေအိမ်ခြံဝန်းအတွင်း လက်ပစ်ဗုံးနှစ်လုံးဖြင့် ပစ်သွား ခြင်းဖြစ်သည်ဟု ဆိုသည်။

“စခန်းမှူးကတော့ သိတဲ့အတိုင်းပဲလေ။ နယ်မြေအပေါ် မထင်ရင် မထင်သလိုဖမ်း တပ်ချင်တဲ့ ပုဒ်မတွေ တပ်တဲ့အပေါ် ဒေသခံပြောက်ကျားတပ်ဖွဲ့တွေက သတိပေးတဲ့အဆင့်ပဲရှိပါသေးတယ်။ ဟိုလို လူထိခိုက် အောင်လုပ်တာမျိုးမရှိပါဘူး”ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယနေ့နံနက် အစောပိုင်းတွင် ပွင့်ဖြူမြို့နယ်ရှိ အခွန်ရုံး၌လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အဆောက်အအုံနှင့် တံခါးအချို့ပျက်စီးခဲ့ကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် ပွင့်ဖြူမြို့နယ် ရွေဘိုကျေးရွာရှိ ရာအိမ်မှူးနေအိမ်၌လည်း ဗုံးဖြင့်တိုက်ခိုက်ခံရကြောင်း အဆိုပါ ဒေသခံက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင်လည်း လူထိခိုက်မှုမရှိကြောင်း၊ လူထုအပေါ် ဖိနှိပ်ပြီး အခွန်ကောက်နေသည့် အခွန်ရုံးနှင့် စစ်ကောင်စီလက်ပါးစေရာအိမ်မှုးတို့ကို သတိပေးသည့် အဆင့်သာဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊နတ်မောက်နဲ့ မြို့သစ်လမ်းပိုင်းမှာ နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။