သတင်း CDF ရဲဘော်များတိုက်ခိုက်မှုကြောင့် မင်းတပ် ရဲခရိုင်မှူး ဒဏ်ရာပြင်းထန် ယနေ့ (ဇူလိုင် ၃၁ရက်) နံနက်တွင်လည်း တိုက်ပွဲဖြစ်ပွားရာ အရှေ့ပြင်ရပ်ကွက် သစ်တောရုံးဘက်သို့ အင်အားအလုံးအရင်းဖြင့် ဆင်းလာနေကြောင်း၊ စစ်ကောင်စီတပ်များက လူနေအိမ်များကို အကြောင်းမဲ့ ရမ်းပစ်ခတ်၍ အမျိုးသမီးတစ်ဦး ခြေထောက်ထိမှန်သည်ဟု သိရကြောင်း သတင်းရင်းမြစ်က ဆိုသည်။ LuduNwayOoဇူလိုင် 31, 2023
သတင်း မြောင်နယ်တွင် ကျေးရွာမီးရှို့ဖျက်ဆီးလာသည့်စစ်တပ်အား ဒေသကာကွယ်ရေးအဖွဲ့များတိုက်ခိုက် စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။ ည ၇ နာရီခန့်တွင် ကျီကုန်းကျေးရွာကို ထပ်မံမီးရှို့နေစဥ် ရှော့တိုက်ဒုန်း သုံးလုံးဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ LuduNwayOoဇူလိုင် 31, 2023
သတင်း လှိုင်သာယာ (၂၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ ပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီက ဘုရင့်နောင်တံတား၊အောင်ဇေယျတံတား ၊ပန်းလှိုင်တံတား၊ရွှေပြည်သာတံတား နှင့် ဒဂုံဧရာ အဝေးပြေးဝင်း ထိပ်တို့တွင် ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး လိုင်းကားများကိုပါ ခရီးသည်များကို ဆင်းခိုင်း၍ စစ်ဆေးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 30, 2023
သတင်း မင်းတပ်တွင် ကင်းလှည့်လာသည့် စစ်ကောင်စီယာဥ်တစ်စီးကို CDF တိုက်ခိုက် မင်းတပ်ဒေသခံ သတင်းရင်းမြစ်တစ်ဦးက တိုက်ပွဲအခြေအနေကို လူမှုကွန်ရက်မှတဆင့် အသိပေးဖော်ပြခဲ့ရာ ကင်းလှည့်လာသည့် ယာဉ်တိုက်ခိုက်ခံရ၍ စစ်သား၊ရဲများ သေဆုံးမှုရှိသည့်အပြင် ဒဏ်ရာပြင်းထန်သည့် ရဲ လေးဦး မင်းတပ်ဆေးရုံ၌ ကုသမှုခံယူနေသည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 30, 2023
သတင်း ကျောက်ရစ်စခန်းမှထွက်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းသည် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို မကြာ ခဏရင်ဆိုင်ရလျှက်ရှိရာ ဇူလိုင် ၁၉ ရက် ကလည်း ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force)နှင့် တော်လှန် ရေးပူးပေါင်းတပ်များက ရှော့တိုက်ဒုန်းနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ LuduNwayOoဇူလိုင် 30, 2023
သတင်း ဝက်လက်နယ်ရှိ ရှိမ်းမကားရဲစခန်းအား ကာကွယ်ရေးအဖွဲ့များ သွားရောက်တိုက်ခိုက် ယနေ့(ဇူလိုင် ၂၉ ရက်)က ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ရှိမ်းမကားရဲစခန်းအား ဒရုန်း သုံးစီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရှိမ်းမကားတိုက်နယ်တာဝန်ခံက ပြောသည်။ LuduNwayOoဇူလိုင် 29, 2023
သတင်း ကျင်ဒွေးသို့ဦးတည်နေသည့် စစ်ကောင်စီတပ်အားတိုက်ခိုက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ ကန်ပက်လက် CDF ထုတ်ပြန် ကျင်ဒွေးမြို့ စစ်ကောင်စီတပ်စခန်းသို့ ဦးတည်သည့် စစ်ကြောင်းနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ခဲ့ရာ ကားမိုင်းနှင့် နင်းမိုင်းများစွာ ပေါက်ကွဲခဲ့သည်ဟု ကန်ပက်လက် CDFက ဖော်ပြသည်။ LuduNwayOoဇူလိုင် 29, 2023
သတင်း စစ်ကောင်စီ သင်္ဘောအုပ်စုကို သပိတ်ကျင်းတွင် KIA/PDF ပူးပေါင်းတိုက်ခိုက် Thabeikkyin Revolution၏ ယမန်နေ့ည ထုတ်ပြန်ချက်တွင် ဧရာ၀တီမြစ်ကမ်းဘေးရှိ ပြည်သူများ အထူးသတိထားရှောင်ရှားရန်တိုက်တွန်းထားပြီး တိုက်တွန်းရခြင်း အကြောင်းအရင်း အသေးစိတ်ကို ဖော်ပြမထားပေ။ LuduNwayOoဇူလိုင် 29, 2023
သတင်း ပုလောမြို့နယ် မီးလောင်ချောင်းရွာ စစ်ကောင်စီဂိတ် ကို PDF ပူးပေါင်းတပ် တိုက်ခိုက် ဇူလိုင် ၂၆ရက် နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင်တပ်ရင်း (၁)နှင့်တောကြီးမြွေဟောက်တပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။ LuduNwayOoဇူလိုင် 28, 2023
သတင်း ဆားလင်းကြီးနယ် ကျားတက်ရဲစခန်းအား အဆင့်မြင့်ဒရုန်းများသုံး နှစ်ရက်ဆက်တိုက်ခိုက် စစ်ဆင်ရေးနှစ်ခုလုံးကို Salingyi Special Task Force - SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3) PDAF၊ TTA(ရွှေဘို)၊ Royal Eagle (ပုလဲ)တို့ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoဇူလိုင် 28, 2023