Connect with us

Hi, what are you looking for?

သတင်း

ကျောက်ရစ်စခန်းမှထွက်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းသည် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို မကြာ ခဏရင်ဆိုင်ရလျှက်ရှိရာ ဇူလိုင် ၁၉ ရက် ကလည်း ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force)နှင့် တော်လှန် ရေးပူးပေါင်းတပ်များက ရှော့တိုက်ဒုန်းနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ကျောက်ရစ်စခန်းမှထွက်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
ကျောက်ရစ်စခန်းမှထွက်လာသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ ခြေကျင်ထွက်လာသောစစ်ကောင်စီတပ် စစ်ကြောင်းကို လမ်းမှစောင့်ကြို၍ အလှစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဇူလိုင် ၃၀)နေ့လယ် ၂နာရီခွဲခန့်က ချင်း တွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ် သင်္ဘောများကို လုံခြုံရေးပေးရန် ကျောက်ရစ်ရဲစ ခန်းမှ ထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းအား အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“နေ့လယ် ၂ နာရီခွဲလောက်က တိုက်တာဗျ။ ဒီကောင်တွေဘက်က အနည်းဆုံးအင်အား ၅၀ လောက်ရှိမယ်။ ထိခိုက်သေဆုံးရှိနိုင်ပေမယ့် အတိအကျ မသိရသေးဘူး”ဟု ပုဂံပြည် ဘီလူးတပ်မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

Public Service Announcement
Public Service Announcement

ယင်းတိုက်ခိုက်မှုကို Bagan Ogre Force ၊ Myingyan Black Tiger၊ Popa Production & Guerilla Force၊ Thwaythauk Revolution force၊ YANGYIAUNG PDF၊ ဒေါင်းမင်းကြီး(မြောင်)PDF နှင့် အညာမြေ အထူးကွန်မန်ဒိုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းသည် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းကို မကြာ ခဏရင်ဆိုင်ရလျှက်ရှိရာ ဇူလိုင် ၁၉ ရက် ကလည်း ပုဂံပြည်ဘီလူးတပ်(Bagan Ogre Force)နှင့် တော်လှန် ရေးပူးပေါင်းတပ်များက ရှော့တိုက်ဒုန်းနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook