Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောမြို့နယ် မီးလောင်ချောင်းရွာ စစ်ကောင်စီဂိတ် ကို PDF ပူးပေါင်းတပ် တိုက်ခိုက်

ဇူလိုင် ၂၆ရက် နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင်တပ်ရင်း (၁)နှင့်တောကြီးမြွေဟောက်တပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

(မြိတ်ခရိုင်တပ်ရင်း (၁)မှ ရဲဘေယ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)
(မြိတ်ခရိုင်တပ်ရင်း (၁)မှ ရဲဘေယ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - MOD/NUG)

▪️တိုက်ပွဲပိုမိုပြင်းထန်လာနိုင်၍ ပြည်သူများ စစ်ရေးသတင်းနားစွန့်နေထိုင်ကြရန် ပုလော PDF အသိပေး

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီ ဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က သွားရောက်ပစ်ခတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန PDF စစ်ရုံးချုပ်က ယနေ့ သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၆ရက် နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင်တပ်ရင်း (၁)နှင့်တောကြီးမြွေဟောက်တပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

တိုက်ပွဲမှာ နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်ကို စုံစမ်းဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။

မြိတ်ခရိုင် တပ်ရင်း(၁) ပုလော PDFကလည်း တိုက်ပွဲသတင်းထုတ်ပြန်ထားရာ စစ်ကောင်စီတပ်၏ ထိခိုက်မှု အခြေအနေကို ခိုင်လုံမှုရှိစေရန် စုံစမ်းစစ်စစ်နေဆဲဖြစ်ပြီး ပူးပေါင်းအဖွဲ့များဘက်က ထိခိုက်မှုမရှိဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဇူလိုင် ၂၇ရက်တွင်လည်း စစ်ကောင်စီ၏ ခလရ(၂၈၅)တပ်က ပုလောမြို့နယ် ကျောင်းနိမ့်ရွာသို့ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီးဖြင့် ၂ချက် ပစ်ခတ်ခဲ့ရာ လူနေအိမ်များအနီး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ပုလော PDFက ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီသည် လက်နက်မဲ့ အရပ်သားနှင့် ရန်သူမခွဲခြားတော့ဘဲ မိမိတတို့ကို ဆန့်ကျင်သူမှန်သမျှ ရန်သူသဖွယ် သဘောထားနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီကို ချေမှုန်းရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့‌ ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ပုလောမြို့နယ်အတွင်းတိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ ပြည်သူများ စစ်ရေးသတင်း အမြဲ နားစွန့်ထားရန်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် တော်လှန်ရေး မဟာမိတ် အဖွဲ့များမှ သတင်းထုတ်ပြန်ချက်များကို ဂရုတစိုက်စောင့်ကြည့်၍ လေးစားလိုက်နာပေးရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။