Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ သင်္ဘောအုပ်စုကို သပိတ်ကျင်းတွင် KIA/PDF ပူးပေါင်းတိုက်ခိုက်

Thabeikkyin Revolution၏ ယမန်နေ့ည ထုတ်ပြန်ချက်တွင် ဧရာ၀တီမြစ်ကမ်းဘေးရှိ ပြည်သူများ အထူးသတိထားရှောင်ရှားရန်တိုက်တွန်းထားပြီး တိုက်တွန်းရခြင်း အကြောင်းအရင်း အသေးစိတ်ကို ဖော်ပြမထားပေ။

(အထက်သို့ဆန်တက်လာ​သော စစ်သင်္ဘောများအား ဧရာဝတီမြစ်အတွင်းတွေ့ရစဥ်။ ဓာတ်ပုံ - Wet Let Informational Network)
(အထက်သို့ဆန်တက်လာ​သော စစ်သင်္ဘောများအား ဧရာဝတီမြစ်အတွင်းတွေ့ရစဥ်။ ဓာတ်ပုံ - Wet Let Informational Network)

▪️စဥ့်ကူးမြို့နယ်တွင်လည်း တိုက်ခိုက်ခံရဟုဆို

မန္တလေးဂေါဝိန်ဆိပ်မှ ဧရာ၀တီမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် စစ်ကောင်စီ၏ သင်္ဘောအုပ်စုကို ယမန်နေ့တွင် သပိတ်ကျင်းမြို့နယ်၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ကြောင်း PDFနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

“ဒီနေ့ သပိတ်ကျင်းမှာ ရပ်နားထားတဲ့ခွေးသင်္ဘောများ တော်တော်ထိခိုက်ပျက်စီးသွားကြပြီ။ငါတို့ ပြန်သွားပစ်လိုက်တာ။ လွယ်လွယ်နဲ့အထက်ကို ဆန်တက်ဖို့ မဖြစ်နိုင်တော့ဘူး”ဟု စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ညပိုင်း၌ ပြောသည်။

တိုက်ခိုက်မှုကို ဇူလိုင် ၂၈ရက် နံနက် ၁၀နာရီ နှင့် ၁၁နာရီကြား ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုပြောသည်။

အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး သပိတ်ကျင်းဒေသ ကာကွယ်ရေးတပ်များက တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမတွေ့ရ၍ စုံစမ်းနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

Thabeikkyin Revolution၏ ယမန်နေ့ည ထုတ်ပြန်ချက်တွင် ဧရာ၀တီမြစ်ကမ်းဘေးရှိ ပြည်သူများ အထူးသတိထားရှောင်ရှားရန်တိုက်တွန်းထားပြီး တိုက်တွန်းရခြင်း အကြောင်းအရင်း အသေးစိတ်ကို ဖော်ပြမထားပေ။

သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း မန္တလေးမြို့မှ ထွက်လာသည့် စစ်သင်္ဘေားများက ပြည်သူများရှိရာနေရာများသို့ လက်နက်ကြီးများဖြင့် ရမ်းပစ်နေ၍ စစ်ကောင်စီတပ်များ ရုတ်တရက်ဝင်လာပါက ရှောင်တိမ်းနိုင်ရေး ပြင်ဆင်ထားရန် ဇူလိုင် ၂၆ရက်တွင် မေတ္တာရပ်ခံထားသည်။

အဆိုပါ စစ်သင်္ဘောအုပ်စုမှာ ယမန်နေ့က စဥ့်ကူးမြို့နယ်တွင်လည်း တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ဇူလိုင် ၂၇ ရက် နေ့လယ်၁ နာရီခန့်က ဆည်သည်ရွာ၌ ညအိပ်ရပ်နားပြီး ဆက်ထွက်လာသော စစ်သင်္ဘော ၉စီးသည် ကျောက်မြောင်းအထက် စဥ့်ကူးနယ် ပုဏ္ဏားကျေးရွာအနီးတွင် အသင့်စောင့်ဆိုင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

တော်လှန်ရေးရဲဘော်များ ပစ်ခတ်ခဲ့သောလက်နက်ကြီးကျည်မှာ လုံခြုံရေးလိုက်လာသော စစ်သင်္ဘောတွင်း ထိမှန်သွားသည်ဟု ဆိုသည်။

“လက်ရှိက သပိတ်ကျင်းမှာပဲ သင်္ဘောပြင်နေတာရယ်၊ ထိခိုက်ဒဏ်ရာရကို ဆေးကုနေတယ်လို့သိရတယ်။”ဟု စဥ့်ကူးနယ်အခြေစိုက် ကင်းထောက်ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်သင်္ဘောများသည် ဇူလိုင် ၂၆ ရက် နံနက်ပိုင်းက မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်းမှထွက်ခွာလာခြင်းဖြစ်ပြီး ထောက်ပို့ယာဥ် သုံးစီးအပါအဝင် စစ်သင်္ဘော ၉စီးပါရှိသည်။

စစ်သင်္ဘောများသည် မြစ်ကြောင်းတလျှောက်ရှိ ကျေးရွာများအား လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ မတ္တရာမြို့နယ် စိန်ပန်းကုန်းရွာအနီးရှိ အသက်(၄၀)အရွယ် အမျိုးသမီး တစ်ဦးနှင့် (၄)နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။