သတင်း မိုးဗြဲ-လွိုင်ကော်လမ်းနှင့် ဖယ်ခုံမြို့ တွင်တိုက်ပွဲများဖြစ် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲအရှိန်ကြောင့်ရှမ်းပြည်နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှာ ခြေလျင်၊ယာဥ်တန်း အပါအဝင် ရဟတ်ယာဥ်များ ဖြင့် နေ့စဥ်နီးပါး အင်အားဖြည့်တင်းနေသည်။ LuduNwayOoဇူလိုင် 24, 2023
သတင်း လက်ခတ်တောင်တိုက်ပွဲ ဆုတ်မိန့်မရဘဲ တပ်ဆုတ်ခဲ့သည့် တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးကို စစ်ကောင်စီအရေးယူဟု KNU ထုတ်ပြန် အဆိုပါ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းအား ဇူလိုင် ၂၀ရက်နံနက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂၅နာရီခန့်အကြာတွင် စခန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု တိုက်ပွဲ၌ ပါဝင်သည့် ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 24, 2023
သတင်း ကျောက်တံခါးမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်အရာရှိအပါအဝင် သေဆုံးထိခိုက်များဟု PDF စစ်ရုံးချုပ်ထုတ်ပြန် တိုက်ပွဲဖြစ်ပွားမှုမှာ ၁နာရီခန့်သာ ကြာမြင့်ခဲ့သော်လည်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့် အပါအဝင် ၃၃ဦး သေဆုံးကာ တပ်ရင်းမှူးအပါအဝင် ၄၈ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 24, 2023
သတင်း ခမ်းပတ်မြို့ရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်၊ နာရီပေါင်းများစွာတိုက်ပွဲဖြစ်ပြီးစစ်တပ်ကလေကြောင်းမှစစ်ကူပို့ ခမ်းပတ်မြို့ရဲစခန်းနှင့် စစ်ကောင်စီစခန်းသည် ကပ်လျက်တည်ရှိပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။ LuduNwayOoဇူလိုင် 24, 2023
သတင်း ဖားကန့်၊ ပန်းတင်ဂိတ်တိုက်ပွဲ စစ်ကောင်စီတပ်အထိနာ ပန်းတင်ဂိတ်အား တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး အများအပြားဒတ်ရာရရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများလည်းသိမ်းဆည်းနိုင်ခဲ့ပြီး ဂိတ်စခန်းကို ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ LuduNwayOoဇူလိုင် 23, 2023
သတင်း ဖားဆောင်းမြို့တွင် တိုက်ပွဲပြန်ဖြစ်ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟု PDF ပြော ယမန်နေ့(ဇူလိုင် ၂၁ရက်)တွင် ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဖက်ကမ်းရှိ ကျောက်ပန်းညိုကျေးရွာနှင့် ဝမ်အောင်း(ရှမ်း)ကျေးရွာများသို့ စစ်ကောင်စီမှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်လာခဲ့ခြင်းဟု ဆိုသည်။ LuduNwayOoဇူလိုင် 22, 2023
သတင်း လဂျားယာန်တွင် စစ်ကောင်စီတပ်ကို လက်နက်ကြီးဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ဟု KIA ပြော KIO/KIA ဌာနချုပ်နှင့်နီးသည့် နမ်ဆန်ယာန်ဒေသသို့ စစ်ကောင်စီတပ်က ဇူလိုင်လဆန်းတွင်စစ်အင်အားများဖြည့်တင်း ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းဖြစ်သည်။ LuduNwayOoဇူလိုင် 21, 2023
သတင်း ရေဖြူမြို့နယ် အလယ်စခန်းတိုက်ပွဲ စစ်ကောင်စီတပ် ထိခိုက်မှုများဟု YGF အသိပေး ဇူလိုင် ၁၈ ရက်က ရေဖြူနယ် အလယ်စခန်းအနီး အင်အား ၂၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပူပေါင်းစစ်ကြောင်းဖြစ်သည့် KNLA တပ်ရင်း(၂၇)တပ်ခွဲ(၂)နှင့် YGF - ရေးပြောက်ကျားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဇူလိုင် 21, 2023
သတင်း လက်ခတ်တောင် စခန်းကုန်းတိုက်ပွဲ ၂၅နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန် စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးနှစ်ဦးအပါအဝင် သေဆုံးထိခိုက်မှု များပြားခဲ့ပြီး အရာရှိများသေဆုံးပြီးနောက်တွင် စခန်းစွန့်ခွာ ထွက်ပြေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင်း အဆိုပါ သတင်းရင်းမြစ်က ရှင်းပြသည်။ LuduNwayOoဇူလိုင် 21, 2023
သတင်း ပေါက်မြို့နယ်ရှိ တပ်ကုန်းရွာတိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ စခန်းသိမ်းရန် ရည်ရွယ်ကာ သွားရောက်တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်က လေကြောင်းပစ်ကူခဲ့၍ ဆုတ်ခွာခဲ့ကြောင်း CGF၏ တာဝန်ရှိသူက ဆိုသည်။ LuduNwayOoဇူလိုင် 21, 2023